
အရှေ့တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံကြား ခရီးသွားလာတဲ့ အချိန် လျှော့ချရန်နဲ့ ကုန်သွယ်ရေး မြှင့်တင်ဖို့အတွက် ကမ္ဘောဒီးယားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ဟာ ရထားလမ်း ပြန်လည်ချိတ်ဆက်မှုကို ဧပြီ ၂၂ ရက်က တရားဝင်ဖွင့်လှစ်လိုက်ပါတယ်။ ထိုင်းနယ်စပ်စခန်းမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင် နဲ့ ထိုင်းဝန်ကြီးချုပ် ချိန်အိုချာတို့ရဲ့ ရှေ့မှောက်မှာ ရထားလမ်း ဖွင့်လှစ်မှု လက်မှတ်ရေးထိုးအခမ်းအနားကို ကျင်းပခဲ့တာပါ။ ဒီလို လက်မှတ်ရေးထိုးအပြီးမှာ ခေါင်းဆောင်နှစ်ဦးဟာ ထိုင်းနိုင်ငံက လှူဒါန်းထားတဲ့ ရထားတစ်စင်းနဲ့ ကမ္ဘောဒီးယား က ပီပက်မြို့ဆီ စီးနင်းထွက်ခွာသွားရတာ ဖြစ်ပါတယ်။









