ဇမ္မူသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အလျှင်လိုကျေးရွာနေ ပြည်သူများနှင့် သွားရောက်တွေ့ဆုံ

 

နေပြည်တော်၊စက်တင်ဘာ ၂၂

နေပြည်တော် ပြည်ထောင်စုနယ်မြေ ဇမ္မူသီရိမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေး ချယ်ခံမည့် ဦးဝဏ္ဏမောင်လွှင်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်၀င်း၀င်းသီတို့သည် အလျှင်လို ကျေးရွာနေပြည်သူများနှင့် ယနေ့နံနက်ပိုင်းက သွားရောက်တွေ့ဆုံခဲ့ပြီး အလျှင်လိုကျောင်းတိုက်သို့လည်း သွားရောက် လှူဒါန်းပူဇော် ခဲ့ပါသည်။


ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်-19 ဥပဒေနှင့်အညီ တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် မဲဆွယ်စည်းရုံးရေးစတင်

 

ညောင်လေးပင်၊ စက်တင်ဘာ ၂၂

ညောင်​လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့အတွင်းရှိ ကျေးရွာများသို့ ယနေ့မနက် ၈ နာရီချိန်မှစတင်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်​လောင်းများ၏ မဲဆွယ်စည်းရုံး​ရေး ခရီးစဉ်ကို ကိုဗစ်-19 ​ဥပ​ဒေနှင့်အညီ စတင်မဲဆွယ် စည်းရုံးခဲ့ကြသည်။ ပိန်းဇလုပ်မြို့အတွင်းရှိ ​ဒလဆိပ်၊ အင်းပရိ၊ ကျောင်းကုန်း၊ ကံကလေး၊ ပိန်းဇလုပ်ရွာမ ကျေးရွာများ သွား​ရောက်ပြီး ရပ်မိရပ်ဖများ၊ အောင်နိုင်​ရေး အဖွဲ့ဝင်များ၊ ရပ်​ကျေးအမှုဆောင် များနှင့် တွေ့ဆုံပြီး အောင်နိုင်​ရေးအတွက်​ဆွေးနွေးခဲ့ကြကာ တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် လက်ကမ်းစာစောင်များ ဝေဌ၍ စည်းရုံးရေး ဆင်းခဲ့ကြသည်။ မဲဆွယ်စည်းရုံးရေးသို့ ညောင်လေးပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာသန့်ဇော်လွင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ ကော်မတီဝင်များ နှင့် ဒေသခံလူငယ်များ လိုက်ပါခဲ့ကြသည်။ Waiyan

လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဌေးဝင်းမှ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ မဲဆွယ်စည်းရုံး

 

စက်တင်ဘာ ၂၂၊ လယ်ဝေး

လယ်ဝေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဌေးဝင်း မှ မြို့နယ်အတွင်းရှိ သစ်ပုတ်ပင်အုပ်စု၊ ချောင်းခွအုပ်စု ကျေးရွာများသို့ မဲဆွယ်ကာလ သတ်မှတ်သော စည်းကမ်း ချက်များနှင့်အညီ လှည့်လည်စည်းရုံးမှုကို ၂၂-၉-၂၀၂၀ ရက်နေ့တွင် ဆောင်ရွက်ခဲ့ရာ ဒေသခံပါတီဝင်များ၊ ဝန်းရံသူများမှ ကြိုဆိုခဲ့ကြပါသည်။

USDP နိုင်ရမည်

မင်္ဂလာတောင်ညွန့် ပြည်ခိုင်ဖြိုးပါတီ မှ မြို့နယ်တွင်းရှိ ရပ်ကွက်များအား Coronavirus ကာကွယ်ရေး ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိ

 

တောင်ညွန့် ။ ။ စက်တင်ဘာ(၂၂)

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန်ု့မြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါမှ မြို့နယ်တွင်းရှိ ရပ်ကွက်များအား Coronavirus (Covid-19)ရောဂါ ကာကွယ်ရေး ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ယနေ့ နေ့လည်ပိုင်းတွင် သပြေကုန်းရပ်ကွက် ၊ ရေတွင်းကုန်းရပ်ကွက် တို့တွင်ဆောင်ရွက်ခဲ့ပါသည်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ စည်းရုံးရေးဆင်း

 

အောင်ဇမ္ဗူ၊ စက်တင်ဘာ ၂၁

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝဏ္ဏမောင်လွင်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းဝင်းသီတို့ဟာ ဒီကနေ့ နံနက် ၉ နာရီခွဲအချိန်က ဇမ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူရပ်ကွက်ကို စည်းရုံးရေးခရီး ရောက်ရှိခဲ့ရာမှာ ပါတီဝန်းရံသူများက လှိုက်လှဲစွာ ကြိုဆိုခဲ့ကြကြောင်း သိရသည်။

သီပေါတွင် ပါတီဆိုင်းဘုတ် တင်ပွဲ နှင့် Covid ကာကွယ်ရေး ပပစ္စည်းများဝေဌ

 

စက်တင်ဘာ ၂၀၂၀

၂၁.၉.၂၀၂၀ ရက်နေ့တွင် သီပေါမြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများဖြစ် ကြသည့် ဦးအောင်အောင်နှင့် ဦးစိုင်းခင်မောင်ရွှေတို့သည့်  အောင်နိုင်ရေးအဖွဲ့၀င်များနှင့်အတူ  ဇတ်စုရပ်ကွက် ပါတီဆိုင်းဘုတ်တင်ပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့ကြပြီး Covid ကာကွယ်ရေး Face shield မျက်နှာကာ Mask နှာခေါင်းစည်း နှင့် ကိုယ်စားလှယ်လောင်း လက်ကမ်းကြော်ငြာများ ဝေငှခဲ့ကြပါသည်။

KoAung ….Hsipaw…

ညောင်လေးပင်မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ ကိုဗစ်-19 ဥပဒေနှင့်အညီ တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် မဲဆွယ်စည်းရုံးရေးစတင်

 

ညောင်လေးပင်၊ စက်တင်ဘာ ၂၁

ယနေ့မနက် ၉ နာရီချိန်မှ စတင်၍ ညောင်​လေးပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စား လှယ်​လောင်းများ၏ မဲဆွယ် စည်းရုံး​ရေးခရီးစဉ်ကို ကိုဗစ်-19 ​ဥပ​ဒေနှင့်အညီ စတင်မဲဆွယ်စည်းရုံး ခဲ့ကြသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့ ရပ်ကျေးမနလေးရပ်ကွက်၌ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်ပုံပါ ပိုစတာဆိုက်ထူ

 

မော်လမြိုင်စက်တင်ဘာ ၂၁ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မဲဆနနယ်အမှတ်၁ မနလေးရပ်ကွက် အတရံဟိုတယ်ရှေ့ လမ်းဆုံနေရာ၌ ယမန်နေ့နေ့လည် ၁၂ နာရီတွင် ၂၀၂၀ ရွေးကောက်ပွဲသို့ဝင်ရောက်ယှဥ်ပြိုင်မည့် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်ပုံများပါသည့် ပိုစတာတစ်ချပ်အား စိုက်ထူခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပုံပါ ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူ

 

စက်တင်ဘာ ၂၀၂၀

ကျောက်တန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တွင်  ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများပုံပါ ဗီနိုင်းဆိုင်းဘုတ်များ ကျေးရွာများတွင် ကျေးရွာပါတီ ကော်မတီဝင်များမှ စိုက်ထူခဲ့ကြပါသည်။ စိုက်ထူခဲ့သောကျေးရွာများမှာ ဝင်းကြီးကျေးရွာ၊ ကဒပ္ပနကျေးရွာ ၊ ဇီးဖြူပင်ကျေးရွာ၊ တာပကျေးရွာ၊ စင်မကော်ကျေးရွာ၊ ပန်းချောင်းကျေးရွာ၊ မရမ်းဘေးကျေးရွာ၊ အဝကောက် ကျေးရွာ၊ ပုတ္တလုတ်ကျေးရွာ၊ စစ်တန်းကျေးရွာ ၊ တမံကြီးကုန်းကျေးရွာ၊ တူးမြောင်းကျေးရွာ၊ အောင်ချမ်း သာကျေးရွာ၊ ရှမ်းချောင်းကျေးရွာ၊ စစ်တပင်ကျေးရွာ၊ မြကိုင်းကျေးရွာ၊ ခနောင်ကျေးရွာ၊ ဘိုးဘကျေးရွာ၊ နရွဲချောင်ကျေးရွာ၊ မင်္ဂလွန်းကျေးရွာ၊ ကမာကလုတ်ကျေးရွာ၊ ကုလားတန်းကျေးရွာ၊ အစရှိသော ကျေးရွာများတွင် စိုက်ထူခဲ့ကြပါသည်။

အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီအား ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများပုံပါ အောင်နိုင်ရေး ဆိုင်းဘုတ်တင် အခမ်းအနားများ ကျင်းပ

 

မန္တလေး စက်တင်ဘာ

အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအား ကိုယ်စားပြု၍ ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများပုံပါ အောင်နိုင်ရေး ဆိုင်းဘုတ်တင်မင်္ဂလာ အခမ်းအနားများကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲမှ ၁၁ နာရီခွဲအထိ မြို့နယ်အတွင်းရှိ နေရာသုံးခု၌ကျင်းပ ခဲ့သည်။