
ပြင်ဦးလွင် ဇွန် ၂၇
ပြင်ဦးလွင် ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် ကံကြီးကုန်းရွာ အလယ်တန်းကျောင်းနှင့် စည်သာကျေးရွာ အ.မ.က ကျောင်းများသို့ ကျောင်းသုံး ဗလာစာအုပ်များ လှူဒါန်းခဲ့သည်။

ပြင်ဦးလွင် ဇွန် ၂၇
ပြင်ဦးလွင် ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် ကံကြီးကုန်းရွာ အလယ်တန်းကျောင်းနှင့် စည်သာကျေးရွာ အ.မ.က ကျောင်းများသို့ ကျောင်းသုံး ဗလာစာအုပ်များ လှူဒါန်းခဲ့သည်။

မြန်မာ-ထိုင်းနဲ့ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးတို့မှာ ဘတ်/ကျပ်တိုက်ရိုက်ပေးချေမှုစနစ် အသုံးပြုမှုနဲ့ ယွမ်/ကျပ်တိုက်ရိုက်ပေးချေမှုစနစ် အသုံးပြုမှုတွေကို တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလို တိုးချဲ့အသုံးပြုနိုင်ဖို့အတွက် အစည်းအဝေးကို ဇွန် ၂၆ ရက်က နေပြည်တော်မှာ သက်ဆိုင်ရာဌာနတွေ၊ ပြည်တွင်း ဘဏ်တွေ၊ ထိုင်းနဲ့ တရုတ်ဘဏ်တွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

စစ်တက္ကသိုလ် သုံးခုအတွက် ဗိုလ်လောင်း ခေါ်ယူရာမှာ အရင်နှစ်ထက် အသက်တိုးမြှင့် ခေါ်ယူထားတယ်လို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြော ပါတယ်။

(၂၆-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၇-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၉၂၂) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁၂) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂၄) ရာခိုင်နှုန်း ရှိပါသည်။

မြိုင်ကြီးငူ၊ ဇွန် ၂၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ၏ ထောက်ပံ့ပေးမှု၊ ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အနီးကပ်ကြီးကြပ်မူဖြင့် လှိုင်းဘွဲ့မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ နှင့် ကော်မတီ၀င်များသည် ယနေ့ နံနက် ၉:၀၀ အချိန်တွင် မြိုင်ကြီးငူအထူးဒေသရှိ မြိုင်ကြီးငူဓမ္မာရုံတွင် တိုက်ပွဲရှောင် အိမ်ထောင်စု ၃၇၃ စု အတွက် တစ်အိမ်ထောင်လျှင် ဆန် ၁အိတ်နှင့် ဆီ၁ဗူးစီ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရှိရပါသည်။

တပ်ကုန်း ဇွန် ၂၆
တပ်ကုန်းမြို့ ပြည်ခိုင်ဖြိုးပါတီမှ ရပ်ကွက် ပါတီဝင်အဖွဲ့များစုပေါင်း၍ ရုံးဝန်းအတွင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ရာ တပ်ကုန်းမြို့နယ် တာဝန်ခံ ဦးကျော်ကျော်လတ် မှ လာရောက်ကြည့်ရှုအားပေးခဲ့ပါသည်။
(၂၅-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၆-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၆၁၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၈) ရာခိုင်နှုန်း ရှိပါသည်။

မြဝတီနယ်စပ်မှ တဆင့် ပြည်ပသို့ တင်ပို့သည့် ပို့ကုန်အားလုံးကို ဇူလိုင်လ (၁) ရက်မှ စတင်ကာ အမေရိကန်ဒေါ်လာဖြင့်သာ တန်ဖိုးသတ်မှတ် တင်ပို့ခွင့် ပြုတော့မည်ဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင် အချို့ထံမှ သိရသည်။ ယင်းသို့ တင်ပို့ပြီးပါကလည်း ပို့ကုန်ရငွေ ဝင်ရောက်ပြီးကြောင်း ဘဏ်စလစ်ပြနိုင်မှသာ နောက်တစ်ကြိမ် ထပ်မံတင်ပို့နိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

နယ်စပ်တောလမ်းများကို ဖြတ်ပြီး ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၆၇ ဦးနှင့် ကလေးငယ်သုံးဦး ဖမ်းဆီးခံရ ကြောင်း ထိုင်းနိုင်ငံမီဒီယာများတွင် ဖော်ပြထား ချက်အရ သိရသည်။

ဇွန် ၂၄၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် အကြမ်းဖက်သမားများ၏ရန်မှ တိမ်းရှောင်နေသော မိသားစုများထဲမှ ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ (၃၆)ဦးအတွက် အလှူရှင်များက အလှူငွေများ၊ လုံချည်အဝတ်အစားများနှင့် ဗလာစာအုပ်များ လှူဒါန်းထောက်ပံ့ခြင်း အခမ်းအနားကို ၂၃-၆-၂၀၂၂ ရက်နေ့ ညနေ ၁၆:၀၀ နာရီ အချိန်တွင် ပါတီဌာနချုပ် သင်တန်းကျောင်း၌ ပြုလုပ်ခဲ့ပါသည်။