ပြည်ပသို့တင်ပို့ခွင့်မပြုသည့် ကုန်ပစ္စည်း ၁၂ မျိုးထဲမှ ပန်းနှင်းဆီ (မုန်ညင်း၊ မုန်ညင်းဆီ)၊ နေကြာနှင့် နေကြာဆီ (ဆီကြိတ်ဖတ်အားလုံး) စသည့်သုံးမျိုးကို ဦးစွာ ဖြေလျှော့တင်ပို့ခွင့်ပေးမည်ဖြစ်ပြီး ရက်အတိအကျကို တရားဝင် ကြေညာမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ထံမှ သိရသည်။
အဆိုပါကုန်ပစ္စည်းများအပြင် ကျန်ကုန်ပစ္စည်းများထဲမှ အချို့ကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်း၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်း၍ ဆက်လက်ဖြေလျှော့မည်ဖြစ်ကြောင်း ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောကြားသည်။