ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လမှာ ထိုင်းနိုင်ငံကို မြန်မာMoUလုပ်သား (၉၉၅၈)ယောက်ကို မြဝတီနယ်စပ်ဂိတ်နဲ့ ကော့သောင်းနယ်စပ်ဂိတ်တွေကနေ စေလွှတ်ခဲ့တယ်လို့ ထိုင်းနိုင်ငံ မြန်မာအလုပ်သမားသံအရာရှိရုံးနဲ့ ကော့သောင်းခရိုင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့ကနေ သိရပါတယ်။
မြဝတီနယ်စပ်ဂိတ်ကနေ မေ(၁၀)ရက်က စတင်စေလွှတ်ခဲ့တာဖြစ်ပြီး နှစ်လအတွင်း ၂၃ ကြိမ်စေလွှတ်ခဲ့တာမှာ လိုင်စင်ရအေဂျင်စီ ၂၅ ခုကနေ ထိုင်းကုမ္ပဏီ ၇၂ ခုကို လုပ်သား ၉၃၂၈ ယောက်စေလွှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ကော့သောင်းနယ်စပ်ဂိတ်ကနေလည်း လုပ်သားအယောက် ၆၃၀ စေလွှတ်ထားပြီးဖြစ်တယ်လို့ ကော့သောင်းခရိုင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။