စစ်ကိုင်းတိုင်း၊ တမူးတွင် ၂၁ ရာစုပင်လုံညီလာခံကြိုဆိုထောက်ခံပွဲနှင့် ကူကီးတိုင်းရင်းသားဖိုရမ်ကို တမူးမြို့၊ ဧပရယ်မွန်ခန်းမတွင် ကျင်းပရန်စီစဉ်နေပြီး ကူကီး တိုင်းရင်းသားဖိုရမ်ကျင်းပရန်ကို တမူးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးက တားဆီးနေသည်ဟု ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒေါ်ငိုင်ငိုင်းက မဇ္ဈိမကိုပြောသည်။
ပင်လုံညီလာခံတက်ရောက်ရန် အဆင်သင့်ရှိကြောင်း တအာင်း၊ ကိုးကန့်နှင့် AA အဖွဲ့ထုတ်ပြန်
၂၁ ရာစုပင်လုံညီလာခံ တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ရေးမူကို အစိုးရက ဆုံးဖြတ်ချက်ချမှတ်ခဲ့ သည့်အတွက် ၀မ်းမြောက်အားတက်ကြောင်းနှင့် ပင်လုံညီလာခံတက်ရောက်ရန် အဆင်သင့်ရှိကြောင်း တအာင်း၊ ကိုးကန့်နှင့် AA မဟာမိတ်သုံးဖွဲ့က သဘောထားထုတ်ပြန်သည်။ (more…)
ကမ္ဘာ့ဘဏ်မှချေးယူငွေသည် ဝန်ထမ်းများ လစာတိုးရန်ဆိုသည့်သတင်းမှာ အမြင်လွဲခြင်းဖြစ် ဟုဆို
ကမ္ဘာ့ဘဏ်မှ ချေးယူမည့် အမေရိကန်ဒေါ်လာ သန်း ၁ဝဝ အနက် ဒေါ်လာသန်း ၆ဝ မှာ နိုင်ငံ့ဝန်ထမ်းများအား လစာ တိုးမြှင့်ပေးရန် မဟုတ်ဘဲ ချေးငွေ ချေးယူခွင့်ပြုရန် လွှတ်တော်သို့ စာရေးသားပေးပို့လာသည့် စာသားကြောင့် အမြင် လွဲမှားမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ရှင်းလင်းပြောကြားသည်။ (more…)
ကာတာစင်တာ၏ ၂၀၁၅ ရွေးကောက်ပွဲ အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်
ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အား လုပ်ကိုင်ခွင့် အပြည့်အဝပေးထားသည့် ရွေးကောက်ပွဲဆိုင်ရာဥပဒေ နှင့် နည်းဥပဒေများကို ပြင်ဆင်သင့်ကြောင်း The Carter Center က ၂၀၁၅ မြန်မာနိုင်ငံ၏ ပါလီမန် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခြင်း အပြီးသတ်အစီရင်ခံစာတွင် ပြည်ထောင်စုလွှတ်တော်နှင့် မြန်မာအစိုးရသို့ အကြံပြုထားသည်။ (more…)
ကူးစက်ရောဂါ ဖြစ်ပွားခဲ့သော လဟယ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ တပ်မတော်လေယာဉ်ဖြင့် စားသောက်ကုန် ပစ္စည်းများ ဒုတိယအကြိမ်ပို့ဆောင်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လဟယ်မြို့နယ် အတွင်းရှိ ကျေးရွာများတွင် ဇူလိုင်လ နှင့် သြဂုတ်လအတွင်းက ကူးစက်ရောဂါများ ဖြစ်ပွားခဲ့ရာ ဒေသခံပြည်သူများ အတွက် အရေးပေါ် လိုအပ်လျက်ရှိသည့် စားနပ်ရိက္ခာများနှင့် အာဟာရ ဖြည့်စွက်စာများကို အလျင်အမြန် ထောက်ပံ့ပေးနိုင်ရန် တပ်မတော်မှ လေယာဉ်များ ၊ ရဟတ်ယာဉ်များ ဖြင့် ကူညီပို့ဆောင် ပေးလျက်ရှိသည်။ (more…)
၂၀၁၇ ခုနှစ်အတွက် ယာဉ်တင်သွင်းခွင့် သတ်မှတ်ချက် ယခုလကုန်တွင် ထုတ်ပြန်မည်ဟုဆို
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ၂၀၁၇ ခုနှစ်အတွက် ယာဉ်တင်သွင်းခွင့် Model Year သတ်မှတ်ချက်ကို သြဂုတ်လကုန်တွင် ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနထံမှ သိရှိရသည်။ (more…)
ဆဋ္ဌမအကြိမ်မြောက် စင်ကာပူ အဆင့်မြင့်ပညာရေးပြပွဲ ကျင်းပမည်
စင်ကာပူနိုင်ငံ၏ တက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲကို သြဂုတ်လ ၂၈ ရက်နှင့် စက်တင်ဘာလ ၃ ရက်များတွင် ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း AT&SCo.,Ltd မှ သိရသည်။ အဆိုပါ ပြပွဲကြီးကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၈ ရက်၊ နေ့လယ် ၁ နာရီ မှ ညနေ ၅ နာရီ အထိ Novotel ဟိုတယ်၊Level 4၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့နှင့် စက်တင်ဘာလ ၃ ရက် ၊ နေ့လယ် ၁ နာရီ မှ ညနေ ၅ နာရီ အထိ ဟိုတယ်မန္တလေး၊ စံပယ်ဖြူခန်းမ၊ မန္တလေးမြို့တွင် ကျင်းပမည်ဖြစ်သည်။
မုန်တိုင်းငယ်အရှိန်ကြောင့် ဒေသအလိုက်မိုးကြီးပြီး ကမ်းရိုးတန်းဒေသများ မိုးသက်လေပြင်းတိုက်ခတ်နိုင်
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်မှ ပြတ်ထွက်လာသည့် တိမ်တိုက်စုများ၏ အရှိန်ကြောင့် ဒေသအလိုက် မိုးကြီးနိုင်ပြီး ကမ်းရိုးတန်း ဒေသများတွင် မိုးသက်လေပြင်း ကျရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက သတိပေးပြောကြားသည်။ (more…)
တိုင်းရင်းသားလူငယ်များ ညီလာခံတွင် အခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် အချက်ခြောက်ချက် ဆောင်ရွက်ရန် သဘောတူ
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံ၌ အမျိုးသားတန်းတူညီမျှရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင် အချက်ခြောက်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း သတင်းရရှိသည်။ (more…)
NLD ဦးဆောင်သည့်လွှတ်တော် USDP ဦးဆောင်သည့်လွှတ်တော်ကဲ့သို့ နွေးထွေးမှုမရှိဟု ရခိုင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်ဝေဖန်
NLD ဦးဆောင်သည့် လွှတ်တော်တွင် လေးလတာ ထိတွေ့ဆက်ဆံမှုအရ တိုင်းရင်းသား ကိုယ်စားလှယ်များအနေဖြင့် USDP ဦးဆောင်သည့် လွှတ်တော်ကဲ့သို့ နွေးထွေးမှုမရှိကြောင်း ရခိုင်အမျိုးသားပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်ကဝေဖန် ပြောကြားခဲ့သည်။ (more…)