
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် အသက် ၅၁ နှစ်အရွယ် ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသူ အမျိုးသားသည် ဖျားနာနေသဖြင့် မိုးကုတ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်ပိုး ရှိ/ မရှိ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာမှ Covid-19 ပိုးတွေ့ရှိခဲ့ပါကြောင်း အဆိုပါ ကိုဗစ်ပိုးတွေ့လူနာအား မိုးကုတ်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်၌ လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးထားပြီး ၎င်းနှင့် ထိတွေ့ဆက်စပ်ခဲ့သူများအား ကိုဗစ်ပိုး ရှိ/မရှိ ဆက်လက်စစ်ဆေးသွားမည် ဟု မိုးကုတ်မြို့နယ် Covid -19ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် တစ်ဦး ကပြောကြားသည်။

















