ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမား ၃၆၀၀၀ ကျော်ကို အလုပ်သမား သက်သေခံကတ်များ ထုတ်ပေးနိုင်ခဲ့ဟုဆို

အလုပ်သမား ဝန်ကြီးဌာနအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်မှ ၂၀၂၂ ခုနှစ်နှစ် ဇွန်လ အထိ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမား ၃၆၀၀၀ ကျော်ကို အလုပ်သမား သက်သေခံ ကတ်များ ထုတ်ပေးနိုင်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန စာရင်းများအရ သိရသည်။

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၇) ဦး တွေ့ရှိ

(၁၈-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၉-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၁၂၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁၇) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း မှာ (၀.၃၃) ရာခိုင်နှုန်း ရှိပါသည်။

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းနှင့်ဇနီး မိသားစုမှ တပ်ကုန်းမြို့၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ကြီး၏ ဦးစီးပဓါနနာယကဆရာတော်အား ဝါဆိုသင်္ကန်းနှင့် လှူဘွယ်ပစ္စည်းများဆပ်ကပ်လှူဒါန်း

ဇူလိုင် ၁၈၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းနှင့် ဇနီးမိသားစုတို့သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် နေပြည်​တော်၊ တပ်ကုန်းမြို့၊ မြို့​ရှေ့စန္ဒာရုံ​ကျောင်းတိုက်ကြီး၏ ဦးစီးပဓါနနာယကဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ​ဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒသိရီ သက်​တော်ရှည်ဆရာ​တော်ကြီး၏​ မွေး​နေ့တွင် အသက်ရှည်ကြာ၊ အနာမဲ့ခြင်း၊ ကျန်းမာခြင်း ၊ ချမ်းသာခြင်းတို့နှင့် ပြည့်စုံ​စေရန် ကုသိုလ်မင်္ဂလာဖြစ်ပါ​စေ​ကြောင်း ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝထ္ထုအစုစုတို့အား ဆပ်ကပ်လှူဒါန်းကုသိုလ်ပြုခဲ့ပါသည်။

ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီမှ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်း

ဇူလိုင် ၁၇၊ နေပြည်တော်

နေပြည်တော် ပြည်ထောင်စုနယ်မြေ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်နယ်မြေပါတီရုံး၌ ဆရာတော် သံဃာတော်များအား ပင့်ဖိတ်၍ ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။

အဆိုပါလှူဒါန်းပွဲသို့ ပြည်ထောင်စုနယ်မြေပါတီဥက္ကဌ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်လှိုင်၊ ပါတီဗဟို အလုပ်အမှုဆောင် ဦးသောင်းအေး၊ ပြည်ထောင်စုနယ်မြေနာယက ပါတီဗဟိုကော်မတီဝင် ဦးခင်မောင်ဌေး၊ ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးဌေးဝင်း နှင့် ပြည်ထောင်နယ်မြေကော်မတီဝင်များ၊ ခရိုင်ဥက္ကဌများ၊ မြို့နယ်ဥက္ကဌများ စုံလင်စွာ တက်ရောက်ခဲ့ကြပြီး လှူဒါန်းမှု အစုစုအား ရေစက်သွန်းချ အမျှဝေခဲ့​ကြပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ဇေယျာသီရိမြို့နယ် ပါတီဝင်များ၊ ပါတီဝင်ဟောင်းများ၊ ပါတီဝန်းရံထောက်ခံသူများ ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းဝင်ဟောင်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်

ဇူလိုင် ၁၆၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့ နေ့လည် ၁၄:၀၀ နာရီအချိန်တွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ပြုလုပ်သော ပါတီဝင်များ၊ ပါတီဝင်ဟောင်းများ၊ ပါတီဝန်းရံထောက်ခံသူများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်းဝင်ဟောင်းများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

YBS (၆)လိုင်း ခရီးအကွာအဝေးဖြင့် ယာဉ်စီးခကောက်ရန်စီစဉ်

YUPT ကုမ္ပဏီက YBS ယာဉ်လိုင်း (၆) လိုင်းကို ခရီးအကွာအဝေးစနစ်နဲ့ ယာဉ်စီးခ ပြောင်းလဲကောက်ခံဖို့ စီစဉ် နေတယ်လို့ YUPT ကုမ္ပဏီက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ ခရီးအကွာအဝေးနဲ့ ယာဉ်စီးခ သတ်မှတ် ကောက်ခံမယ့် ယာဉ်လိုင်း (၆) လိုင်းကတော့ YBS 2 ၊ YBS 3 ၊ YBS 4 ၊ YBS 24 ၊ YBS 28 နဲ့ YBS 110 ယာဉ်လိုင်း တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၇) ဦး တွေ့ရှိ

(၁၆-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၇-၇-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၅၀၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၇) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း မှာ (၀.၁၆) ရာခိုင်နှုန်း ရှိပါသည်။

တောင်သူလယ်သမားစိုက်ပျိုးရေးအသိပညာပေးဆွေးနွေးပွဲကျင်းပ

လေးမျက်နှာ ဇူလိုင်၊၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီး တောင်သူလယ်သမား စိုက်ပျိုးရေးအသိပညာပေးဆွေးနွေးပွဲအား ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင်  လေးမျက်နှာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် နိုင်ငံတော်အလံအလေးပြုခြင်း နိုင်ငံတော်သီချင်းသီဆိုခြင်းများဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး လေးမျက်နှာမြို့နယ် ပါတီဥက္ကဌဒေါ်စန်းစန်းချိုက ရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးသိန်းထွန်းမှ ဆွေးနွေးမှာကြားခြင်း တိုင်းဒေသကြီးပါတီကော်မတီဝင် လယ်သမားရေးရာတာဝန်ခံတို့က ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီဌာနချုပ် ဒဿမအကြိမ် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် ၁၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၏ ဒဿမအကြိမ် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆပ်ကပ်ခြင်း အလှူမင်္ဂလာအခမ်းအနားကို ၁၄-၇-၂၀၂၂ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ပါတီဌာနချုပ်ရှိ ဧည့်ခန်းမတွင် ပြုလုပ်ခဲ့ကြပါသည်။