
ထိုင်းနိုင်ငံ၊ကန်ချနဘူရီခရိုင်၊ထောင်ဖာဖူမိမြို့တွင် စက်တင်ဘာ ၁၇ ရက်က ကုန်တင်ကားဖြင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၅ ဦးဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။ ထိုင်းနိုင်ငံသားတစ်ဦး မောင်းနှင်လာသည့် ကုန်တင်ကားအား ထောင်ဖာဖူမိမြို့ တာဝန်ရှိသူများက စစ်ဆေးရန် တားဆီးစဥ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် တာဝန်ရှိသူများက လိုက်လံ ဖမ်းဆီးပြီးနောက် ကားအားစစ်ဆေးရာ ကုန်ပစ္စည်းတင်သည့်နေရာ၌ လိုက်ပါလာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၄ ဦး (စုစုပေါင်း ၁၅ ဦး)အား ဖမ်းဆီးရမိခဲ့သည်။








