
ရွှေအသင်းက ရွှေဈေးနှုန်း သတ်မှတ်မှုများ လုပ်ဆောင်နေသော်လည်း ဈေးကွက်အတွင်း ရွှေပေါက်ဈေးနှင့် (၇) သိန်းဝန်းကျင် ကွာဟနေကြောင်း သိရသည်။ ဩဂုတ်လ (၂၃) ရက် အပိတ်ဈေးအရ ရန်ကုန် ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ ၂,၀၃၇,၀၀၀ ကျပ်သာ သတ်မှတ်ထားသော်လည်း ရန်ကုန် ရွှေဈေးကွက်အတွင်း အပိတ်ဈေးနှုန်းမှာ (၂၇) သိန်း အထိရှိနေခြင်း ဖြစ်သည်။













