ပြည်တွင်းအလုပ်အကိုင် ရှာဖွေပေးရေး အေဂျင်စီကိုးခုတို့သည် လုပ်သား ၇၀၀ ကျော်ကို ဩဂုတ် ၂၆ ရက် နံနက်ပိုင်းက မြ၀တီ-မဲဆောက် ချစ်ကြည်ရေးအမှတ် (၂)တံတားမှတစ်ဆင့် MoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ ထပ်မံ စေလွှတ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ လုပ်သားများ စေလွှတ်ခဲ့ရာတွင် ပြည်တွင်းအလုပ်အကိုင်အေဂျင်စီကုမ္ပဏီများမှ အမျိုးသား ၄၇၂ ဦး၊ အမျိုးသမီး ၂၇၀ စုစုပေါင်းလုပ်သား ၇၄၂ ဦးကို ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။