ကိုဖီအာနန် ကော်မရှင်တင်ပြသော အကြံပြုချက်များအတွက် မြန်မာအစိုးရကို ကူညီရန် အမေရိကန်လိုလား

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကိုဖီအာနန် ကော်မရှင်တင်ပြခဲ့သော ထောက်ခံအကြံပြုချက်များ အကောင်အထည်ပေါ်ရေး အမေရိကန်က မြန်မာအစိုးရကို ကူညီလိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားသည်။ အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဌာန ၏ အရှေ့တောင်အာရှဆိုင်ရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပက်ထရစ်မာဖီက သတင်းဌာနအချို့ နှင့် တယ်လီကွန်ဖရင့် ပြုလုပ်ရာတွင် ရခိုင်အရေး၊ ဘင်္ဂါလီမျိုးနွယ်စုများ အရေးနှင့်ပတ်သက်ပြီး အမေရိကန်၏ သဘောထားကို ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။

၂၁ ရာစု ပင်လုံအစည်းအဝေး အကြိုပြင်ဆင်မှု စတင်ဟု UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့ပြော

ပြည်ထောင်စုငြိမ်းချမ်း ရေး ညီလာခံ -၂၁ ရာစုပင်လုံ အစည်းအဝေးများတွင် ထိရောက်သည့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့အနေဖြင့် စတင်ပြင်ဆင် နေကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ နိုင်ငံရေးပါတီအစု အဖွဲ့မှ ကိုယ်စားလှယ်များက ပြောသည်။ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များသည် တစ်လတစ်ကြိမ် ပုံမှန်အစည်းအဝေးများ ပြုလုပ်ရန်ဆုံးဖြတ်ကာ လုပ်ငန်း ဆောင်ရွက်မှုများ အထောက်အကူပြုရေး ရုံးခန်းတစ်ခုကို စက်တင်ဘာ ၇ ရက်က ရန်ကုန်မြို့တွင် စတင် ဖွင့်လှစ်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို အတိုင်ပင်ခံရုံးဝန်ကြီးခေါ်ယူတွေ့ဆုံ

နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဦးကျော်တင့်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး မစ္စတာရာဟ်မာန်ကို စက်တင်ဘာ ၁၁ ရက်တွင်နေပြည်တော်သို့ ခေါ်ယူတွေ့ဆုံ ခဲ့ကြောင်း အဆိုပါဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။

အတိုင်ပင်ခံရုံးဝန်ကြီးဦး ကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးတို့သည် နေပြည်တော်ရှိ နိုင်ငံတော် အတိုင်ပင်ခံရုံး ဧည့်ခန်းမ၌ ညနေ ၃ နာရီခွဲမှ စတင်၍ ၄ နာရီ မိနစ် ၂၀ အထိ တစ်နာရီခန့် တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဟင်္သာတခရိုင် ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲ ကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ လူငယ်တွေ့ဆုံပွဲကို ဟင်္သာတခရိုင် ဇလွန်မြို့တွင် ၁၀-၉-၂၀၁၇ရက်နေ့ ၉း၃၀နာရီအချိန်တွင် ကျင်းပခဲ့ ရာ ဧရာဝတီတိုင်းဒေသကြီး တိုင်းပါတီကော်မတီဝင် လူငယ်ရေးရာ တာဝန်ခံ ဒေါက်တာထိန်ဝင်း၊ ဟင်္သာတခရိုင်ပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် ခရိုင်ကော်မင်္တီဝင်များ၊ လေးမျက်နှာ အင်္ဂပူဇလွန်မြို့နယ်များမှ ပါတီ ကော်မတီဝင်များနှင့်         လူငယ်များ၊ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မှ ပါင်္တီင်္ ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် လူငယ်အဖွဲ့များ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှင်္ီး တွေ့ဆုံ ၍ အတွေ့အကြုံများ ဖလှယ်ခဲ့ကြပါသည်။

ပြည်သူ့လိုအပ်နေသည့် လယ်ရေရရှိရေး ဆောင်ရွက်ပေးမည်

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၇-၉-၂၀၁၇) ရက်နေ့တွင် မိုင်းဖြတ်​မြို့ (၇.၉.၂၀၁၇) ရက်​​နေ့တွင် ပြည်​သူလွှတ်​​တော်​ ဦးလင်း​ဇော်​ထွန်းနင့်​ ပြည်​နယ်​လွှတ်​​တော်​ကိုယ်စားလှယ်များဖြစ်သည့် ဦးစိုင်း​ကျောက်​၊ ဦးအားကို တို့သည် ခရိုင်ပါတီ ဥက္ကဌ ဦးစိုင်းညွန့်ဝင်း၊ မြို့နယ်ဥက္ကဌ ဦးစိုင်းရီတစ်တို့နှင့်အတူ ပါပူးရွာ ပြည်​သူလူထုနင့်​ ​တွေဆုံခဲ့ပါသည်။

ပြည်သူ့အကျိုးပြုများ ဆောင်ရွက်နိုင်ရေး အပြန်အလှန်ဆွေးနွေး

 

(၁၁-၉-၂၀၁၇) ရက်နေ့ (၁၀း၀၀)နာရီအချိန် ပြင်ဦးလွင်မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ မြို့နယ်​ပါတီဥက္ကဌ ဦးလင်း​ဇော်​မင်းနှင့်​​ကော်​မတီများသည်​ ပြည်​ခိုင်​ဖြိုး အမာခံ         လူငယ်မောင်မယ်များနှင့် တွေဆုံ ပြီး ပြည်သူ့အကျိုးပြုများ ဆောင်ရွက်နိုင်ရေး အပြန်အလှန်ဆွေးနွေးခဲ့ကြ ပါသည်။


ပြည်ခိုင်ဖြိုးပါတီမှ (၇၈) နှစ်မြောက် ဆရာတော်အသျှင် ဦးဥတ္တမနေ့ အခမ်းအနား ဂါရ၀ပြု လွမ်းသူ့ပန်းခွေဆက်ကပ်

 

၂၀၁၇ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့တွင် ကျရောက်သော (၇၈)နှစ် မြောက် ဆရာတော်အသျှင် ဦးဥတ္တမနေ့အား ပြည်ခိုင်ဖြိုးပါတီမှ ဂါရ၀ပြု လွမ်းသူ့ပန်းခွေ ဆက်ကပ်ခြင်းအခမ်းအနားကို ကျင်းပခဲ့ကြသည်။

ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဥတ္တမ ပန်းခြံအတွင်းရှိ ဆရာတော်ဦး ဥတ္တမကြေးရုပ်ထုအား နံနက် (၈း၁၅)အချိန်မှ စတင်၍ ပြည်နယ်ပါတီရုံးမှ ဦးဥတ္တမပန်းခြံသို့ မင်္ဂလာစည်တော် တီးခတ်၍ သွားရောက်ခဲ့ကြပြီး ဂါရ၀ပြုလွမ်းသူ့ပန်းခွေ ဆက်ကပ် ကန်တော့ခဲ့ကြသည်။

နိုင်ငံကိုတာဝန်ယူသည့်အစိုးရဆိုလျှင် နိုင်ငံသားတိုင်းရင်းသားများ၏အရေးကို ဦးစားပေးရမည်

 

မြန်မာနိုင်ငံကို တာဝန်ယူသည့်အစိုးရဆိုလျှင် မြန်မာနိုင်ငံသားတိုင်းရင်းသားများ၏ အရေးကို ဦးစားပေးရမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးက ပြောကြား သည်။ ယမန်နေ့ကကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ ‘အမျိုးသားလုံခြုံရေးကိုခြိမ်းခြောက်လာသည့် ရခိုင်ပြည်နယ်အရေးဆွေးနွေးပွဲ’အခမ်းအနား၌ နိဂုံးချုပ်     စကားပြောကြားရာတွင် ဦးသန်းဌေးက ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

ညောင်ဦးပြည်ခိုင်ဖြိုး လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်

 

ညောင်ဦးမြို့ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယခုလ ၉ရက် လပတ်ပုံမှန်အစည်း အဝေးပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။အဆိုပါအစည်းအဝေးပွဲတွင် ရှေးဦးစွာ မန္တလေးတိုင်း   ဒေသကြီးခရိုင် နယ်မြေတာဝန်ခံဦးသန်းဌေးက အဖွင့်အမှာစကားပြော ကြားခဲ့သည်။

ဆက်လက်၍ ခရိုင်ဥက္ကဋ္ဌဦး ညွန့်ဝင်းက ပါတီလုပ်ငန်းတာဝန်များကို ရပ်/ကျေးစည်းမှူးများမှ ကျေပွန်စွာထမ်းဆောင်ပေးရန် ထမ်းဆောင်နိုင်ခြင်းမရှိက လူစားအသစ်လဲလှယ် ပေးရန်           ရှင်းလင်း ပြောကြားသည်။

ဓမ္မစကူးလ်ကျောင်းသို့ အလှူငွေနှင့် အာဟာရဒါနလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် အလယ်ရွာကျေးရွာ ရတနသိဒ္ဓိကျောင်းတိုက်၌ ဖွင့်လှစ် သော ဓမ္မစကူးလ်ကျောင်းဖွင့်ပွဲတွင် ခရမ်းပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များမှ ယနေ့နံနက်က ရတနသိဒ္ဓိကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒကအား သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်ပြီး ဓမ္မစကူးလ်သင်တန်းကို တစ်နေ့တာ အာဟာရဒါနအတွက် အလှူငွေကျပ် တစ်သိန်းတိတိ လှူဒါန်းခဲ့ကြောင်း သိရသည်။

မျိုးဇော်ဦး(ခရမ်း)