ရန်ကင်းပြည်ခိုင်ဖြိုးပါတီ အပါတ်စဉ် အစည်းအဝေးကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းပြည်ခိုင်ဖြိုးပါတီရုံး၌ အပါတ်စဉ် အစည်း အဝေးကို ၁၃. ၉.၂၀၁၇ရက်နေ့ ၁၅း၀၀ နာရီအချိန်တွင် ကျင်းပခဲ့သည်။

ရန်ကင်းပါတီဥက္ကဋ္ဌ ဦးဘချစ်က လူငယ်လူပ်ရှားမူအရ သီတင်းကျွတ်လပြည့်နေ့ ကလေးဆေးရုံ၌ အာဟာရဒါနအဖြင့် ဆန်ပြုတ်နှင့်အီကြာကွေး တိုက်ကျွေးမည်ဖြစ်ကြောင်း ဒုတိယအချက်    ဖြင့် ရခိုင်ဒေသရှိ ရေ ဘေးနှင့် အကြမ်းဖက်ခံရသည့် တိုင်းရင်းသားတို့အား စေတနာသဒ္ဓ္ဓါတရား ထိုက်တန်စွာဖြင့် မိမိတတ်နိုင်သမျှ လှူဒါန်းကြရန် ပြောကြားသွားသည်။

ကျောက်ဆည်ပြည်ခိုင်ဖြိုးပါတီ မှ “ အနှိုင်းမဲ့ ´´ လူမှုကူညီရေးအသင်း ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် လုပ်ငန်းများ ရှင်သန်နိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

ကျောက်ဆည်ခရိုင် ပရဟိတ ပေါင်းစုံပေါင်းစုံကွန်ယက် ကုလကျေးရွာ ပရဟိတ “အနှိုင်းမဲ့” လူမှုကူညီရေးအသင်းသို့ အသင်း၏ ရေရှည် တည်တံ့ခိုင်မြဲရေးနှင့် ပရဟိတလုပ်ငန်းများ ရှင်သန်နိုင်ရေးအတွက် အထောက်အကူပြု မြတ်သောအလှူကို ကျောက်ဆည်မြို့ ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အလှူတော်ငွေ ( ၅၀၀၀၀ ) ငါးသောင်း ကျပ်အား မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုးစိုးထွန်းမှ ပရဟိတ “အနှိုင်းမဲ့” ဥက္ကဌ ဦးတင်အောင်ထံသို့ ယနေ့ (14.9.2017) ရက်နေ့တွင် နတ်လူသာဓု ခေါ်ဆိုနိုင်စေရန်အလို့ငှာ ပေးအပ်လှူဒါန်းမှု ပြုလုပ်ခဲ့ပါ သည်။

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဌ ဦးမြတ်ဟိန်းမှ ပဲခူးအရှေ့ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

 

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဌ ဦးမြတ်ဟိန်းမှ ယနေ့ (၁၄-၉-၂၀၁၇)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး(အရှေ့)ပါတီကော်မတီဝင်များနှင့် ပဲခူးခရိုင်(၈)မြို့နယ်အတွင်းရှိ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ၊ အတွင်းရေးမှူးများ တွေ့ဆုံပွဲအခမ်းအနားသို့ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး ဗဟိုအလုပ်အမှုဆောင် တိုင်းပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစောမော်ထွန်းနှင့် သက်ဆိုင်ရာ တိုင်းခရိုင်    မြို့နယ်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ဟိုပင်ဒေသလူငယ်များ ပါတီသို့ အဆိုပြုလွှာပေးအပ်ခြင်းအခမ်းအနားပြုလုပ် ကျင်းပ

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ဟိုပင်ဒေသ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီတွင် နေ့၁း၀၀ နာရီအချိန်၌ ပါတီရုံးတွင် ဟိုပင်ဒေသ လူငယ်များ ပါတီသို့အဆိုပြုလွှာပေးအပ်ခြင်းအခမ်းအနားပြုလုပ်ရာ ဟိုပင် ပါတီနာယက ဦးညီလေးမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဥက္ကဌ ဦးစိန်ဝင်းထွန်းကလည်း အမှာစကားပြောကြား၍ အဆိုပါအခမ်းအနားသို့ ခရိုင် ကော်မတီဝင် ဦးဖိုးထောင်၊ ဦးဖုန်းမြင့်၊ ဦးခင်မောင်နှင့် မြို့နယ်အတွင်းရေး မှူး ဦးဌေးဝင်း၊ ဘဏ္ဌာရေးမှူး ဦးလှမိုင်၊ ဒေသတာဝန်ခံ ဦးမြဝင်း၊ ဦးမြင့်သန်း၊ ဦးခိုင်ဇော်ထွန်း၊ အမျိုးသမီးရေးရာ    တာဝန်ခံ ဒေါ်နှင်းနှင်းထွေး၊ ဒေါ်သန္တာဝင်း မောင်၊ ဒေါ်နန်းအိဖြူ၊ လူငယ်တွဲဖက်တာဝန်ခံ ဦးအောင်ကိုဝင်း၊ ဒေါ်ဆိုင်း ဆန့် နှင့် ကော်မတီဝင်များ၊ ရပ်ကျေးကော်မတီဝင်များ၊ လူငယ်များ၊ ပါတီဝင်များ စုစုပေါင်း ၁၀၈ ဦး တက်ရောက်ခဲ့ကြသည်။

တောင်တွင်းကြီးပဋိပက္ခ ကြံ့ခိုင်ရေးကိုစွပ်စွဲ၍ အမှုဖွင့်ရန်စီစဉ်

 

တောင်တွင်းကြီး ပဋိပက္ခဖြစ်စဉ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ က လူအချို့ကို ငွေပေးစေခိုင်းသည်ဟု လူမှုကွန်ရက်ပေါ်တင်သူ တစ်ဦးကို အမှုဖွင့်ရန် စီစဉ်နေကြောင်း မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်က ပြောကြားသည်။

မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီလက်တွေ့လုပ်ငန်းခွင်မော်တာ စက်ချုပ် သင်တန်းဆင်း

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး ဖွင့်လှစ်သော လက်တွေ့လုပ်ငန်းခွင်မော် တာစက်ချူပ်သင်တန်းဆင်းပွဲအခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီခွဲ တွင် မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက် ======

 

မဘိမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဇော်လွင်၊ အတွင်းရေးမှူး ဦးတင်ဝယ်၊ မြို့နယ်ပါတီကော်မတီဝင် ဦးကံရွှေ၊ ခရိုင်ပါတီကော်မတီဝင် ဦးတိုးမြင့်အောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းတို့သည် ယမန်နေ့က နမ့်ပုံးပုံးရပ်ကွက် အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေးအတွက် စာသင် ခန်းများ၊ ခန်းမများ၊ အိမ်သာများနှင့် ကျောင်းဝင်းအတွင်း ခြင်ဆေးဖျန်းပေးခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပ

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး/ခရိုင်/ပါတီဥက္ကဋ္ဌ  များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုကိုလတ်


ဘင်္ဂါလီပြဿနာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဆွေးနွေးရန် ဗြိတိန်နှင့် ဆွီဒင်တောင်းဆို

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ဘင်္ဂါလီပြဿနာနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး၌ ဆွေးနွေးညှိနှိုင်းရန် ဗြိတိန်နှင့် ဆွီဒင်တို့က တိုက်တွန်းတောင်းဆို ထားသည်။ ရခိုင်ပြည်နယ် ပဋိပက္ခများအတွင်း ဘင်္ဂါလီမျိုးနွယ်စုများ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်း ရှောင်နေခြင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတွင် တံခါးပိတ်ဆွေးနွေးရန် ဥရောပနိုင်ငံများက တိုက်တွန်းထား ခြင်းဖြစ်သည်။ ယင်းဆွေးနွေးမှုသည် စက်တင် ဘာ ၁၃ ရက်တွင် ဖြစ်မြောက်လာ ဖွယ်ရှိသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီကို သမ္မတ အမိန့််ဖြင့် ဖွဲ့စည်း

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေးကော်မတီကို လူကယ် ပြန် ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ အဖွဲ့ဝင် ၁၅ ဦးဖြင့် နိုင်ငံတော်သမ္မတက စက်တင် ဘာ ၁၂ ရက်တွင် အမိန့်ထုတ်ပြန်ဖွဲ့ စည်းခဲ့သည်။