တက္ကသိုလ်ဆရာ၊ ဆရာမ ရာထူးတိုးမူဝါဒများအပေါ် မကျေနပ်မှုများရှိခြင်းကြောင့် ၀န်ကြီးဌာန အရေးပေါ် အစည်းအဝေးခေါ်မည်

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်ထားသော တက္ကသိုလ် ဆရာ၊ဆရာမများ၏ ရာထူးတိုး မူဝါဒများအပေါ် ဝေဖန်မှုများ၊ မကျေနပ်မှုများရှိခြင်းကြောင့် ၀န်ကြီးဌာနက ဆရာ၊ ဆရာမ ကိုယ်စားလှယ်များ ပါဝင်သည့် အရေးပေါ်အစည်းအဝေးခေါ်မည်ဟု အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသိန်းဝင်းက ပြောသည်။

ဘဏ္ဍာရေးနှစ်ပြောင်းလဲမှု အလောသုံးဆယ်မလုပ်သင့်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်အချို့နဲ့ တပ်မတော်သားကိုယ်စားလှယ်အချို့ ထောက်ပြ

(နေပြည်တော် ၊ အောက်တိုဘာ ၂၃)

မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးနှစ် ပြောင်းလဲပြင်ဆင်သတ်မှတ်မှုနဲ့ပတ်သက်လို့ အလောသုံးဆယ် မလုပ်သင့်ကြောင်း တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် အချို့တို့က ထောက်ပြလိုက်ပါတယ်။

“၄၃ နှစ် ကျင့်သုံးခဲ့တဲ့ ဘဏ္ဍရေးနှစ်ကို မဖြစ်မနေ ပြောင်းလဲကျင့်သုံးမယ်ဆိုပါက လက်ရှိကျင့်သုံးနေတဲ့ ဘဏ္ဍာရေးစနစ်ရဲ့ အားသာချက် ၊ အားနည်းချက်တွေကို သက်ဆိုင်သူတွေ ၊ အဖွဲ့အစည်းတွေ ၊ စိတ်ပါဝင်စား သူတွေနဲ့ အချိန်ယူ ဝိုင်းဝန်းစဉ်းစားပြီးမှသာဆောင်ရွက်သင့်ပါတယ်၊ အလောသုံးဆယ်ပြောင်းဖို့ မသင့်ပါဘူး”လို့ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးသောင်းစိန်ကပြောပါတယ်။

ပါတီဥက္ကဋ္ဌဦးသန်းဋ္ဌေးနှင့် ရေကြည်မြို့နယ် ပြည်ခိုင်ဖြိုးလူငယ်တွေ့ဆုံပွဲ

အောက်တိုဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် လူငယ်တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးတက်ရောက် အားပေးချီးမြှင့်ခဲ့ပါသည်။

#HtayWin
crd.photo


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကျောင်းကုန်းမြို့ရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

အောက်တိုဘာ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့ အောက်တိုဘာ ၂၃ရက်နေ့ နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ရှိ ပါတီဝင်များ၊ ရပ်မိ/ရပ်ဖ များနှင့်တွေ့ဆုံခဲ့သည်။

အဆိုပါတွေဆုံ့ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်များ တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီကော်မတီဝင်များ ရပ်ကျေးပါတီဝင်များနှင့် ဒေသခံပြည်သူလူထု(၆၅၀) ဦးခန့် တက်ရောက်ခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ် ဥက္ကဋ္ဌများ၊ ကော်မတီဝင်များနှင့် တွေ့ဆုံ

အောက်တိုဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီချိန်တွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်မှုဆောင်များ လိုက်ပါသောအဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း/ခရိုင်/မြို့နယ်ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

ပြည်နယ်ပါတီအတွင်းရေးမှူး သံဖြူဇရပ်မြို့နယ်ပါတီကော်မတီဝင်များ ပါတီဝင်များနှင့်တွေ့ဆုံ

သံဖြူဇရပ် အောက်တိုဘာ ၂၃

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီ အတွင်းရေးမှူးနှင့် ပြည်နယ်ပါတီကော်မတီဝင်များသည် အောက်တိုဘာလ ၂၃ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် သံဖြူဇရပ်မြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ စည်ရုံးရေးမှူးများ နှင့်တွေ့ဆုံခဲ့သည်။

လေပြင်းတိုက်ခတ်မှုကြောင့် မြောက်ဦးတွင် နေအိမ် ၂၂ လုံးနှင့် စာသင်ကျောင်း ၂ လုံး ပြိုကျပျက်စီး

ရန်ကုန်၊ အောက်တိုဘာလ ၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရှာရှည်ပြင်ကျေးရွာတွင် လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၂၂ လုံးနှင့် အခြေခံပညာမူလတန်းကျောင်းဆောင် ၂ လုံး ပြိုကျ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ယနေ့ အောက်တိုဘာ ၂၃ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

ဘဏ္ဍာရေးနှစ်သတ်မှတ်ချက် ပြောင်းလဲရန် လွှတ်တော်တွင် ဆွေးနွေးနေဆဲ

 

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်ပြောင်းလဲသတ်မှတ်ရန် နိုင်ငံတော်သမ္မတက လွှတ်တော်သို့ တင်ပြမှုကို ပြန်လည်စဉ်းစားသုံးသပ်ရန် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်က အောက်တိုဘာ ၂၃ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် အကြံပြုဆွေးနွေးလိုက်သည်၊၊

“နိုင်ငံတော်သမ္မတထံမှ ပေးပို့လာသော မြန်မာနိုင်ငံ၏ ဘဏ္ဍရေးနှစ်ပြောင်းလဲသတ်မှတ်သည့် ကိစ္စအား နိုင်ငံတော်၏ နိုင်ငံရေး စီးပွားရေး လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စနှင့် ဆက်စပ်နေပြီး နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား ဖြစ်သည့်အတွက် အဆောတလျင် အတည်မပြုသင့်ဘဲ ဘက်ပေါင်းစုံမှ ပြန်လည် စဉ်းစားသုံးသပ်သင့်ပါကြောင်း အကြံပြု လိုပါတယ်”ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသောင်းထိုက်စိုးက ပြောသည်၊၊

ရခိုင်ပြည်နယ်အတွင်း နယ်စပ်ခြံစည်းရိုးကာရံရန်အတွက် အလှူငွေ ကျပ်သိန်းပေါင်း ၇ သောင်းကျော်ရရှိ

ရန်ကုန်၊ အောက်တိုဘာလ ၂၃

 ရခိုင်ပြည်နယ်အတွင်း နယ်စပ်ခြံစည်းရိုးကာရံရန်အတွက် အလှူငွေကျပ်သိန်းပေါင်း ၇ သောင်းကျော်ရရှိပြီ ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်အတွင်း နယ်စပ်ခြံစည်းရိုးကာရံရန်အတွက် အလှူရှင်များက စုပေါင်းလှူဒါန်းထားသည့် အလှူငွေစုစုပေါင်းမှာ အောက်တိုဘာလ ၂၂ ရက်အထိ ကျပ်သိန်းပေါင်း ၇၂,၅၃၅ ရှိပြီဖြစ်ကြောင်း သိရသည်။

ကုလပိတ်ဆို့မှုစာရင်းတွင်ပါသော မြောက်ကိုရီးယား သံတမန်တစ်ဦးကို မြန်မာအစိုးရ ပြည်နှင်ဒဏ်ပေး

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ပါဝင်သော ရန်ကုန်မြို့ရှိ မြောက်ကိုရီးယားသံရုံး ဒုတိယအတွင်းဝန်တစ်ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောကြားသည်။

‘‘ဖေဖော်ဝါရီထဲမှာ ကုလသမဂ္ဂရဲ့စာရင်းထွက်တော့ သူ့နာမည်ပါတဲ့အခါကျတော့ ကျွန်တော်တို့က မြောက်ကိုရီးယားသံရုံးကို ပြောလိုက်တယ်။ အဲဒီလိုပါတဲ့သူတော့ ငါတို့ဆက်ထားလို့မရဘူး။ မင်းတို့အနေနဲ့ ဒီလူကို သက်ဆိုင်ရာနိုင်ငံကို ပြန်ထွက်ခွာအောင်လုပ်ပေးပါလို့ ပြောတဲ့အခါ လုပ်ပေးပါတယ်။ သူက မြန်မာပြည်ရောက်တာ လပိုင်းပဲရှိသေးတယ်။ တကယ်တမ်း သူပြန်ထွက်တဲ့အချိန်ရောဆို ခြောက်လ မပြည့်သေးဘူး ထင်တယ်’’ဟု ဦးကျော်ဇေယျက ပြောသည်။