ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေး မွန်ပြည်နယ် မျိုးဆက်သစ်လူငယ်များ ​တွေ့ ဆုံဆွေးနွေးပွဲသို့ တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်မှုဆောင်အဖွဲ့သည် (၇.၁၁.၂၀၁၇ ) ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကျင်းပပြုလုပ်သော မွန်ပြည်နယ် ပြည်ခိုင်ဖြိုး မျိုးဆက်သစ်လူငယ်များ တွေ့ ဆုံပွဲအခမ်းအနားသို့  တက် ရောက်ပြီး လူငယ်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ လမ်းညွန် အမှာစကား ပြောကြားပေးခဲ့ကြောင်းသိရပါသည်။


ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်စည်းဝေးပွဲ ကျင်းပ

 

ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်စည်းဝေးပွဲအခမ်းအနားကို ၅.၁၁.၂၀၁၇ ရက်နေ့တွင်း ကျင်းပ ပြုလုပ်ခဲ့ပါသည်။

မြို့နယ်ပါတီဥက္ကဌ ဦးခင်ဇာမောင်မှ ပုံမှန်အစည်းအဝေး တက်ရောက်လာကြသော စည်းမှူးများ၊ ပါတီကော်မတီဝင်များ တင်ပြချက်နှင့် လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးပြီး လူငယ်များအား ဝတ်စုံများပေးအပ်ခဲ့ပါ သည်။

မုံရွာခရိုင် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီဝင်များ တွေ့ဆုံညှိနှိုင်း

မုံရွာခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မုံရွာခရိုင် ဥက္ကဌနှင့် မုံရွာမြို့နယ် ပါတီဥက္က၊ ပါတီအတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင် များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ၅.၁၁.၂၀၁၇ ရက်နေ့ ၁၂း၀၀ နာရီ အချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီသည် မိမိတို့ပါတီတာဝန်များကို စဉ်ဆက်မပြတ် ဆက် လက် ဆောင်ရွက်သွားရှိကြရန်နှင့် ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲလုပ်ငန်း များကို ၀ိုင်းဝန်းသုံးသပ် ဆွေးနွေးကြပြီး ရှေ့လုပ်ငန်းစဉ်တာဝန်များကို အရှိန်အဟုန်မပျက် ပုံမှန်ဆောင်ရွက်သွားရှိကြဖို့ ဆွေးနွေးတိုင်ပင်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြပါသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အင်ဒိုနီးရှားတပ်မတော် ကာကွယ်ရေးဦးစီးချုပ်တွေ့ဆုံစဉ် ရခိုင်အရေး ဆွေးနွေး

 

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များတွင် ပါဝင်သော ဘင်္ဂါလီများအနက် လူဦးရေ နှစ်ထောင်ကျော်ကို ဖော်ထုတ်နိုင်ခြင်းအပါအဝင် အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အင်ဒိုနီးရှားနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ရှင်း လင်းပြောကြားသည်။

မြန်မာနှင့် ဖက်စပ်လုပ်ကိုင်မည့် Asian Blue Airline ကို ဂျပန် ANA ရပ်နားဟုဆို

 

လေကြောင်းပျံသန်းရေး လိုင်စင် (AOC) လျှောက်ထားမှုကို မြန်မာအာဏာပိုင်များက ပယ်ချခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ဖက်စပ်လုပ်ငန်း တစ်ခုထူထောင်မည့် အစီအစဉ်ကို ရပ်တန့်ခဲ့သည်ဟု ဂျပန်နိုင်ငံမှ ANA လေကြောင်းကုမ္ပဏီက ပြောကြားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။ ANA ကုမ္ပဏီသည် ယမန် နှစ်က မြန်မာနိုင်ငံမှ ရွှေသံလွင် ကုမ္ပဏီပိုင် Golden Sky World ကုမ္ပဏီနှင့် Asian Blue ဖက်စပ် ကုမ္ပဏီ ထူထောင်ခဲ့သည်။

မန္တလေးတွင် ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ် ဖွင့်မည်

 

ဘာသာတရားပေါင်းစုံ၏ ငြိမ်းချမ်းမှုဖြစ်စေနိုင်မည့် တရားတော်များ သင်ကြားပေးမည့် ကမ္ဘာ့ငြိမ်းချမ်းရေးတက္က သိုလ်ကို  မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ခြေတွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဦးဆောင် ဆရာတော် ဦးဇောတိကက မိန့်ကြားသည်။

သီ​ပေါတွင်​ ရပ်​/​ကျေးပါတီ လပါတ်​အစည်း​ဝေး ကျင်းပ

သီ​ပေါမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ ရပ်​/​ကျေးစည်းမှူးများ၏ လစဉ်​လုပ်​ငန်း ညှိ့နှိုင်းစည်း​ဝေးပွဲကို ၆.၁၁.၂၀၁၇ ရက်နေ့ ၀၉း၃၀ နာရီအချိန်​က မြို့နယ်​ ပါတီရုံးခန်းမတွင်​ ကျင်းပခဲ့ပါသည်။

အခမ်းနားသို့ ပြည်​နယ်​​ကော်​မတီဝင်​ ဦးစိုင်းစိန်​လင်း ၊ခရိုင်​​ကော်​မတီဝင်​ ဦးအုန်း​မောင်​၊ မြို့နယ်​ပါတီဥက္ကဌ ဦး​အောင်​​အောင်​နှင့်​ မြို့နယ်​​ကော်​မတီဝင်များ ၊ ရပ်​/ကျေးစည်းရုံး​ရေးအဖွဲ့ ၀င်​များ စုံညီစွာ တက်​​ရောက်​ကြပါသည်​။

ပြည်ခိုင်ဖြိုးပါတီမှ တန်းဆောင်တိုင် ဆွမ်းတော်ကြီးလောင်းလှူပွဲ ပါဝင်ဆင်နွဲ

တန်းဆောင်မုန်းလပြည့်နေ့တွင် ရခိုင်ရိုးရာအစဉ်အလာမပျက် ဆင်ယင် ကျင်းပမြဲဖြစ်သော တန်းဆောင်တိုင် ဆွမ်းတော်ကြီးလောင်းလှူပွဲကို နိုဝင်ဘာ ၃ ရက်နေ့က စစ်တွေမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ရာ စစ်တွေမြို့သူမြို့သားများနှင့်အတူ ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှလည်း ပါဝင်ကာ ဆွမ်းဆန်နှင့် တကွ လှူဖွယ်ဝတ္ထုများ လောင်းလှူခဲ့ကြ သည်။

ကျောက်ဆည်ပြည်ခိုင်ဖြိုးပါတီဝင် လူငယ်မောင်မယ်များ ဝေဘူချောင် ရှေးဟောင်းဇိနစေတီတော်ရင်ပြင်ရှေ့ သန့်ရှင်းရေး လုပ်အားဒါနပေးလှူ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ ပါတီဝင် လူငယ်မောင်မယ်များ အင်အား (၅၀) ဦး လိုက်ပါလျက် (၅-၁၁-၂၀၁၁) ရက်နေ့ နံနက် (၈း၀၀) နာရီအချိန်တွင် ကျောက်ဆည်မြို့ ဝေဘူဆရာတော်ဘုရားကြီး သက်တော်ထင်ရှား ရှိစဉ်အချိန်မှစ၍ နှစ်စဉ်ကျင်းပပူဇော်မြဲဖြစ် သော (၅၇) ကြိမ်မြောက် ရတနာသုံးပါး ပူဇော်ပွဲကြီး ကျင်းပပြုလုပ်မည့် ရှေးဟောင်းဇိနစေတီတော် ရင်ပြင်ရှေ့ကွင်းရှိ ခြုံနွယ်ပိတ်ပေါင်များအား ပြည်ခိုင်ဖြိုးလူငယ်မောင်မယ်များ စုပေါင်းသန့်ရှင်းရေး လုပ်အားဒါန ပေးလှူခဲ့ကြပါသည်။