
လျှပ်စစ်ကား တင်သွင်းရန် ကုမ္ပဏီ ၂၆ ခုက လျှောက်ထားလျက်ရှိပြီး မည်သည့် ကုမ္ပဏီကိုမျှ ခွင့်ပြုချက်မပေး သေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ “လာရောက်လျှောက်ထားတဲ့ကုမ္ပဏီ ၂၆ ခုရှိပါတယ်။ အခုချိန်အထိ ဘယ်ကုမ္ပဏီကိုမျှ ခွင့်မပြုသေးပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။







