လျှပ်စစ်ကားတင်သွင်းရန် ကုမ္ပဏီ ၂၆ ခုက လျှောက်ထားလျက်ရှိပြီး မည်သည့်ကုမ္ပဏီကိုမျှ ခွင့်ပြုချက်မပေး သေးကြောင်း နစက ပြောကြား

လျှပ်စစ်ကား တင်သွင်းရန် ကုမ္ပဏီ ၂၆ ခုက လျှောက်ထားလျက်ရှိပြီး မည်သည့် ကုမ္ပဏီကိုမျှ ခွင့်ပြုချက်မပေး သေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ “လာရောက်လျှောက်ထားတဲ့ကုမ္ပဏီ ၂၆ ခုရှိပါတယ်။ အခုချိန်အထိ ဘယ်ကုမ္ပဏီကိုမျှ ခွင့်မပြုသေးပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်အထိ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၂ ဒသမ ၇၇ ဘီလျံကျော် မြှုပ်နှံထားပြီး စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၂၄ ဒသမ ၆၄ ရာခိုင်နှုန်းရှိ

မော်တော်ဆိုင်ကယ် အရောင်းပြခန်း ဖွင့်လှစ်မည့်ကုမ္ပဏီများ ဘဏ်တွင် ကျပ်သိန်း ၅၀၀ ပေးသွင်းနိုင်ကြောင်း ဘဏ်အာမခံချက်နှင့် အခွန်ဆောင်ပြီးကြောင်း ထောက်ခံချက်တင်ပြရမည်

မော်တော်ဆိုင်ကယ်အရောင်းပြခန်း  (Show Room)တွင် ရောင်းချရန် မော်တော်ဆိုင်ကယ်တင်သွင်းရာ၌ လိုက်နာရမည့် စည်း ကမ်းချက်များကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်စွဲဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ဘဏ်တွင် ကျပ်သိန်း ၅၀၀ ပေးသွင်းနိုင်ကြောင်း ဘဏ်အာမခံချက်နှင့် အခွန်ဆောင်ပြီးကြောင်း ထောက် ခံချက်တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားသို့ မြန်မာလုပ်သား ၁၂၆ ဦး ထပ်မံရောက်ရှိ

တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၂၆ ဦး နိုဝင်ဘာ ၁၇ ရက်တွင် ထပ်မံရောက်ရှိခဲ့ကြောင်း ဆိုးလ်မြို့ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

အဆိုပါနိုင်ငံသို့ ကုန်ထုတ်လုပ်သားသစ် ၃၈ ဦး၊ ကုန်ထုတ်လုပ်သား၁၀ ဦး၊ Re-entry ကုန်ထုတ်လုပ်သား ၇၈ ဦး စုစုပေါင်း ၁၂၆ ဦး စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြိတ်မြို့တွင် အခမဲ့မျက်စိဆေးရုံဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ မျက်စိဝေဒနာရှင်တွေကို အခမဲ့ကုသပေးမယ့် သီတဂူစက္ခုဒါန မျက်စိဆေးရုံ ကို နိုဝင်ဘာ(၁၇)ရက်က ဖွင့်လှစ်လိုက်ပါတယ်။

ဆေးရုံဖွင့်ပွဲအခမ်းအနားကို သီတဂူဆရာတော်ကြီး ဒေါက်တာအရှင်ဉာဏိဿရ၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေ၊ မြို့နယ်သံဃ နာယက ဆရာတော်တွေနဲ့ မြို့မိမြို့ဖတွေတက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်ဦးမြတ်ကိုနဲ့ အစိုးရအဖွဲ့ဝင်တွေက ဆေးရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၄၅) ဦး တွေ့ရှိ

(၁၆-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၇-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၇,၇၇၈) ခုအား စစ်ဆေး ပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၅) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၅၈) ရာခိုင်နှုန်း ရှိပါသည်။

မြန်မာနိုင်ငံမှ အရည်အသွေးမြင့်ရေထွက်ပစ္စည်းများ တရုတ်နိုင်ငံစျေးကွက်သို့ ဝင်ရောက်ရေး တိုးမြှင့်လိုကြောင်း တရုတ်စီးပွားရေးသံမှူး ပြောကြား

မြန်မာနိုင်ငံမှ အရည်အသွေးမြင့် ရေထွက်ပစ္စည်းများ တရုတ်နိုင်ငံစျေးကွက်သို့ ဝင်ရောက်ရေး တိုးမြှင့်လိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးစီးပွားရေးသံမှူး Mr.Tan Shufu က ပြောကြားသည်။ နိုဝင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ တနင်္သာရီတိုင်း မြိတ်မြို့၌ ကျင်းပသည့် တရုတ်-မြန်မာ ရေထွက်ပစ္စည်း ပူးပေါင်းဆောင်ရွက်မှု ကူးလူးဖလှယ်ရေး ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာအလုပ်သမားများအားခေါ်ယူမည့် ဂျပန်နိုင်ငံ၏ အလုပ်ကမ်းလှမ်းစာ ၂၂၄ စောင် ရရှိထား

ဂျပန်နိုင်ငံရှိ ကုမ္ပဏီများ၌အလုပ်လုပ်ကိုင်ရန် မြန် မာနိုင်ငံသားများအားခေါ်ယူမည့် အလုပ်ကမ်း လှမ်းစာ ၂၂၄ စောင် ရရှိထားသည်ဟု ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ တိုကျိုမြို့မှ နိုဝင်ဘာ ၁၅ ရက်တွင် အသိပေးထုတ်ပြန်ခဲ့သည်။

အဆိုပါ အလုပ်ကမ်းလှမ်းစာ ၂၂၄ စောင်အား မြန်မာသံရုံး၊ တိုကျိုမြို့က နိုဝင်ဘာ ၁ ရက်မှ ၁၅ ရက်အတွင်း စီစစ်ပြီးနောက် ယင်းအလုပ်ကမ်း လှမ်းစာများနှင့်ပတ်သက်သည့် အချက်အလက်များအား နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးပို့ပြန် ကြားခဲ့ခြင်းဖြစ်သည်။

Covid-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၉၄) ဦး တွေ့ရှိ

နိုဝင်ဘာ ၁၄ ရက် ည ၈ နာရီမှ ၁၅ ရက် ည ၈ နာရီအထိ COVID-19 ဓာတ်ခွဲနမူနာ ၈၃၂၉ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၉၄ ဦး‌ တွေ့ရှိကြောင်း နိုဝင်ဘာ ၁၅ ရက် ညပိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အင်းစိန်ဗဟိုအကျဉ်းထောင် ပါဆယ်လက်ခံသည့်နေရာ ပေါက်ကွဲမှုဖြစ်ပွားပြီး ရှစ်ဦးသေဆုံးမှုဖြစ်စဉ်မှ ကျူးလွန်သူ နှစ်ဦးအား ဖမ်းဆီးရမိ

အင်းစိန်ဗဟိုအကျဉ်းထောင် ပါဆယ်လက်ခံသည့်နေရာ ပေါက်ကွဲမှုဖြစ်ပွားပြီး ရှစ်ဦးသေဆုံးမှုဖြစ်စဉ်မှ ကျူးလွန်သူ နှစ်ဦးအား ဖမ်းဆီးရမိကြောင်း နိုဝင်ဘာ ၁၄ ရက်ညပိုင်း MRTV ည ၈ နာရီသတင်းတွင် ထုတ်ပြန်ကြေညာသည်။