
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးသို့ မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ တက်ရောက်ရန် တရုတ်သံရုံးက တစ်ဆင့် ဖိတ်ကြားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြော ကြားသည်။‘‘မနေ့က ဖိတ်ထားပြီးပြီ။ အဲဒါ တရုတ်သံရုံးက ပေးလိမ့်မယ်။ ခုနစ်ဖွဲ့စလုံးကို တစ်ဖွဲ့စီ ဖိတ်တယ်’’ဟု ဦးဇော်ဌေးက ဇူလိုင် ၃ ရက်တွင် ပြောသည်။



