မအူပင် ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများနှင့် ထူးချွန်အောင်သင်ကြားပေးသော ဆရာဆရာမများအား ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီက ကျင်းပခဲ့ကြောင်း သိရသည်။