နတ်မောက် ဇူလိုင် ၁ဝ
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရှေ့လုပ်ငန်း စဉ်များ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး တွင် ကျင်းပခဲ့သည်။
နတ်မောက် ဇူလိုင် ၁ဝ
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရှေ့လုပ်ငန်း စဉ်များ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး တွင် ကျင်းပခဲ့သည်။
မအူပင် ဇူလိုင် ၁ဝ
ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် ပန်းတနော်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှကြီးမှူးကျင်းပသည့် လစဉ် ပုံမှန်အစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝ နာရီမှ မွန်းလွဲ ၁နာရီခွဲ ထိ ပန်းတနော်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံးအစည်အဝေးခန်းမ၌ကျင်းပ ခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)၊ ဇူလိုင် ၊ ၁၀
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု) မြို့နယ် မင်းရွာကျေးရွာအုပ်စု၌ ယနေ့ ကျင်းပပြုလုပ်သည့် ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲနှင့် ပါတီဝင်ကဒ်ပေးအပ်ပွဲအခမ်းအနားသို့ ဗဟိုအတွင်းရေးမှူး၊ မကွေးတိုင်းဒေသကြီးတာဝန်ခံ ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင်၊ မကွေးတိုင်းဒေသကြီးပါတီ ဥက္ကဌ
ဒေါက်တာမောင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်နှင့် တိုင်းပါတီကော်မတီဝင်များ၊ မင်းဘူးခရိုင်ပါတီအတွင်းရေးမှူး ဦးစိန်ရွှေမင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မင်းဘူးမြို့နယ်ပါတီဥက္ကဌ ဦးကျော်ဝင်းမြင့်နင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဌများ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြပါသည်။
မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁) ကို ၁၀.၇.၂၀၁၈ ရက်နေ့ ၁၄:၀၀ နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။
အဆိုပါနိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁) သို့ မကွေးတိုင်းတာဝန်ခံ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှ တက်ရောက်အမှာစကားပြောကြားပြီး တိုင်းပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်းနှင့် တိုင်းပါတီကော်မတီဝင်များ၊ မကွေးခရိုင်ပါတီဥက္ကဌ ဦးထွန်းရှိန်နှင့် ကော်မတီဝင် ဦးအောင်နိုင်၊ မကွေးမြို့နယ်ပါတီဥက္ကဌနှင့်ကော်မတီများ သင်တန်းသား ၇၀ ဦးတို့ တက်ရောက်ကြကြောင်းသိရှိရပါသည်။
မုဒုံ၊ ဇူလိုင် ၁၀
စဥ့်ကိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးပုံမှန်အစည်းအဝေးနှင့် တက္ကသိုလ်ဝင်တန်းကို အောင်မြင်သူ ထူးချွန်စွာအောင်မြင်ခဲ့သော ရပ်/ကျေးကော်မတီအဖွဲ့များ၏ မိသားစုဝင်များအားဂုဏ်ပြုပွဲကို (၁၀.၇.၂၀၁၈) ရက်နေ့ နံနက်(၀၉း၃၀) အချိန်တွင် စဥ့်ကိုင်မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ရာ ၊ တိုင်းပါတီကော်မတီဝင် ဒ်ါသိဂီ င်္အောင်၊ ခရိုင်ကော်မတီဝင် ဒေါ်ခင်နွယ်မြင်နှင့် မြို့ နယ်ပါတီဥက္ကဌ ဦးကြည်ပြုံးနှင့် ကော်မတီဝင်များ၊ ရပ်/ကျေးပါတီများမှ ဥက္ကဌနှင့်အဖွဲ့များ တက်ရောက်ခဲ့ကြပြီး တိုင်းပါတီကော်မတီဝင်ေ ဒ်ါသိဂီ င်္အောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် တက္ကသိုလ်ဝင်စာမေးပွဲအား (၄) ဘာသာဂုဏ်ထူးရှင်(၁) ဦး၊ (၁) ဘာသာဂုဏ်ထူးရှင်(၁) ဦး ရိုးရိုးအောင် (၅) ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အတူ ဂုဏ်ပြုဆုငွေများအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် အစည်းအဝေးအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါသည်။
မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်း သည် ဇူလိုင်လ ၇ ရက်နေ့ ညနေပိုင်းက ချောင်းဆုံမြို့နယ် ကမာကေးကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် မုဟွတ်ဘုန်းကြီးကျောင်း ခေါင်မိုးပျက်ဆီးသွားသည့်အတွက် ဘုန်းတော်ကြီးကျောင်း၏ အမိုးများပြုပြင်မွမ်းမံနိုင်ရန်အတွက် အလှူငွေ ၅သိန်း အား ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ပြီး၊ နေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးသွားသည့်အတွက် အလှူငွေ ၁သိန်းတို့အား ယနေ့ ဇူလိုင် ၉ ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ပါသည်။
July 10
ကျောက်ပန်းတောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးလပတ်အစည်းအဝေးသို့ ညောင်ဦးခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ ၁၂၁ အုပ်စုမှ ရပ်ကျေးပါတီဥက္ကဋ္ဌ များနှင့်ကော်မတီဝင်များ တက်ရောက်၍ လက်ရှိနိုင်ငံရေးအခြေအနေနှင့် စည်းရုံးရေးရာများကို အပြန်အလှန်ဆွေးနွေးကြပြီး မိမိဒေသအခြေအနေများကို ဆွေးနွေးတင်ပြညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။
(10-7-2018) နံနက် (8:00) နာရီအချိန်တွင်သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အလင်းရောင်ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ရတနာဆေးရုံကြီးတွင် သန်လျင်မြို့နယ် ရပ်ကွက၊်ကျေးရွာများမှ ပြည်သူများအား မျက်စိ အခမဲ့ ခွဲစိတ်စမ်းသပ်ကုသပေးရာ ပြည်ခိုင်ဖြိုးပါတီဗဟို ကော်မတီဝင် ဦးနေလင်း၊ တောင်ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးရန်နိုင်ရွှေ၊ သန်လျင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်မင်း၊ အတွင်းရေးမှူး ဦအောင်ကိုဝင်းနှင့် ကော်မတီဝင်များမှ လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။
မုဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးဝင်း သန့်ရှင်းလှပစေရေးအတွက် ဇူလိုင်လ ၉ ရက်နေ့တွင် နံနက် ၇ နာရီချိန်မှစတင်ကာ ရုံးပတ်ဝန်းကျင်သန့်ရှင်းလှပစေရေးအတွက် မုဒုံမြို့နယ်တာဝန်ခံ ပြည်နယ်ပါတီကော်မတီဝင် ဦးဇော်မြင့်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးရွှေသွေးမောင်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် လူငယ်များစုပေါင်းကာ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများဖောက်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင့် သိရှိရပါသည်။