ဘောလခဲ၊ ဇူလိုင် ၁၅
ကယားပြည်နယ် ဘောလခဲခရိုင် ဘောလခဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် နေပြည်တော် တွင် မကြာမီက ကျင်းပပြီးစီးခဲ့သော လူငယ်ညီလာခံ အတွေ့အကြုံရှင်းလင်းပွဲကို ယမန်နေ့ နံနက်၁၀ နာရီအချိန် ဘောလခဲခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ပါသည်။
ရှေးဦးစွာ အခမ်းအနား တက်ရောက်လာသူများက နိုင်ငံတော်အလံအားအလေးပြုပြီး နိုင်ငံတော်သီချင်းဖြင့် သီဆို၍ အခမ်းအနား စတင် ဖွင့်လှစ်ပါသည်။