၂၀၁၈ -ခုနှစ် ၊ သြဂုတ်လ(၃၁) ၊ မိုင်းပျဉ်း
၂၀၁၈ -ခုနှစ် ၊ သြဂုတ်လ(၃၁) ၊ မိုင်းပျဉ်း
သြဂုတ်-၃၁
ပုဗ္ဗသီရိမြို့ နယ် သပြေကုန်းအုပ်စု ရေပြာကျေးရွာမှ ပါတီဝင်လူငယ်များ နှင့်တွေ့ ဆုံပွဲ အခမ်းအနားကို ယနေ့ (၃၁.၈.၂၀၁၈) ရက်နေ့  နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။
(30-8-2018) နေ့ နေ့လည် (13:00) နာရီအချိန်တွင် သန်လျင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပြည်ခိုင်ဖြိုးပါတီနှင့် အလင်းရောင်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မျက်စိဝေဒနာရှင်တို့အား အခမဲ့ မျက်စိစမ်းသပ်ကုသပေးခဲ့ပါသည်။
အဆိုပါမျက်စိစမ်းသပ်ကုသရေးပွဲတွင် တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဥက္ကဋ္ဌ ဦးလွင်ဦးနှင့် ခရိုင်ကော်မတီဝင်များ၊ သန်လျင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦကျော်မင်း၊ အတွင်းရေးမှူး ဦးအောင်ကိုဝင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်လူငယ်များနှင့် အမျိုးသမီးများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ပါသည်။
အလင်းရောင်ဖောင်ဒေးရှင်မှ ဒေါက်တာနေလင်း ဦးဆောင်သော မျက်စိဆရာဝန်များက ဝေဒနာရှင် (၁၀၀) ကျော်တို့အား စမ်းသပ်ကုသပေးနေကြောင်း သိရှိရပါသည်။
၃၀ . ၈ . ၂၀၁၈ ရက်နေ့ ပေါက်တောမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်ကော်မတီ ဦးထွန်းအောင်ခိုင်၊ မြို့နယ်ဥက္ကဋ္ဌ ဦးခင်မောင်သိန်း၊ အမျိုးသမီးရေးရာတာဝန်ခံနှင့်အဖွဲ့ဝင်များ၊ လူငယ်ရေးရာတာဝန်ခံနှင့်အဖွဲ့ဝင်များသည် လောကထိပ်ပန်ဘုရား၌ အဓိဋ္ဌာန်ဆရာတော်ကြီး ၇၁ နှစ်ပြည့်မွေးနေ့ကျင်းပရာသို့ သွားရောက်လှူဒါန်းပြီး လုပ်အားဒါနပါဝင်ကူညီခဲ့ကြသည်၊
Rakhine USDP
မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော် နှင့် မြို့နယ်ကော်မတီဝင် ဦးတေဇာအောင်၊ ဦးဝင်းမောင် ၊ ဦးဝင်းခိုင်၊ ဦးတင်ဌေးအောင် တို့သည် မီကျောင်းရဲတိုက်ရှိ ပါတီခေါင်းဆောင်များ နှင့် ၃၀.၈.၂၀၁၈ နေ့ နေ့လည်(၁) နာရီတွင် တွေ့ဆုံ၍ ပုံမှန်လပါတ်အစည်းအဝေးပြုလုပ်ပြီး လက်ရှိနိုင်ငံရေးအခြေအနေများ၊ ရှေ့လုပ်ငန်းညှိုနှိုင်းဆွေးနွေမှုများ ပြုလုပ်ခဲ့ကြပါသည်။
Tin Myo Zaw
(30-8-2018) နေ့ (16း00) နာရီအချိန် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်သို့ရောက်ရှိနေသည့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်မြေတာဝန်ခံ အဘ ဦးအောင်သန်းထွဋ် (ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်) သည် လောက်ကိုင်ခရိုင်ပါတီ ဥက္ကဌ ဦးခင်မောင်လွင်၊ ခရိုင်အတွင်းရေးမှူး ဦးလျိုမောင်မောင်နှင့် ကော်မတီဝင်များ လိုက်ပါပြီး လောက်ကိုင်မြို့ ရပ်ကွက် (၁) တုံချိန်နှင့် ထင်ပါကျိုင်းကျေးရွာ တို့တွင် ရေဘေးရှောင် ဒေသခံတိုင်းရင်းသားပြည်သူများထံသို့ သွားရောက်တွေ့ဆုံ နှုတ်ဆက်အားပေးပြီး အိမ်ထောင်စု (၂၈) စု အတွက် အိမ်ထောင်စု (၁) စု လျှင် ယွမ်ငွေ (၅၀၀) နှင့် ဆန် (၂) အိတ်စီ ကူညီထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
လွိုင်ကော် – သြဂုတ် ၃၀
မိုးကောင်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ကြီးမှူး၍ နိုင်ငံရေးစီမံ ခန့်ခွဲမှုဆင့်ပွားသင်တန်းအမှတ် စဉ်(၁/၂ဝဝ၈)ဖွင့်ပွဲကို သြဂုတ် ၂၉ ရက် နံနက် ၈ နာရီခွဲက မြို့နယ်ပါတီရုံး၌ ကျင်းပရာ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်က သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားစဉ်။
ဝင်းအောင်(မိုးကောင်း)
မိုးမိတ် သြဂုတ် ၃ဝ
မိုးမိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ မြို့နယ်ဥက္ကဋ္ဌနှင့်မြို့နယ် ကော်မတီဝင်များ၊ ပါတီဝင်များ စုစုပေါင်းအင်အား ၅ဝ ခန့်သည် ယနေ့တွင် မိုးမိတ်ခရိုင် မိုးမိတ်မြို့ သာသနာ့ဓမ္မဗိမာန်တော်ကြီး ကွန်ကရစ်ကျောက်ထုတ်လောင်းခြင်းတွင် ပါဝင်လုပ်အားပေးကုသိုလ် ယူခဲ့ကြသည်။
လွိုင်ကော် – သြဂုတ် ၃၀