ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပုဂံရှေးဟောင်းစေတီဘုရား အမှတ် (၁၆ဝ၆) တွင် ချုံနွယ်ပိတ်ပေါင်းများရှင်းလင်း

 

ညောင်ဦး၊ စက်တင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင်များနှင့် အမျိုးသမီးပါတီဝင်များစုပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားအမှတ် (၁၆ဝ၆) တွင် ဗဟိုအမျိုးသမီး ညီလာခံ အကြို နှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်အားဒါနပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကျော်ဌေး(ညောင်ဦး)

တိုင်းကော်မတီဝင်နှင့်အဖွဲ့ မင်းရွာတိုက်နယ်အတွင်းရှိ ရပ်/ကျေးပါတီဝင်များနှင့် သွားရောက်တွေ့ဆုံ

 

ဂန့်​​ဂေါမြို့နယ်​ မင်းရွာတိုက်​နယ်​သို့ တိုင်း​ကော်​မတီဝင်​ ဦးလှ​ဆွေ၊ ခရိုင်​အတွင်း​ရေးမှူး ဦးခင်​​မောင်​ချို ၊ မြို့နယ်ပါတီဥက္ကဌ ဦး​ကျော်​စွာမင်း နှင့် ​ကော်​မတီဝင်​များ သွား​ရောက်​လျက်​ မင်းရွာတိုက်​နယ်​အတွင်းရှိ ရပ်​​ကျေးပါတီဥက္ကဌများ၊ ​ကော်​မတီဝင်​များ၊ အမျိုးသမီး​ရေးရာအဖွဲ့ဝင်​များ၊ လူငယ်​ပါတီဝင်​များနှင့်တွေ့ဆုံခဲ့ပြီး ​တောဖို့​ကျေးရွာဘုန်းကြီး​ကျောင်းတွင်​ ဓမ္မစကူးလ်​က​လေးငယ်​များနှင့်​ကျေးရွာအတွင်းပြည်​သူများအား မုန့်​ဟင်းခါးဒါန​ကျွေးခြင်း၊ ​ကျေးရွာလူငယ်​များအတွက်​ ​ဘောလုံးဝယ်​ယူရန်​ ​ငွေ​ကြေး​ထောက်​ပံ့ခြင်း ၊ရွာဦး​ကျောင်းဆရာ​တော်​အား သွား​ရောက်​ဖူး​မျှော်​ခြင်းများအား ပြုလုပ်​ခဲ့​ကြောင်း သိရသည်​။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

 

ရန်ကုန် စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး ဒဂုံ တောင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁၇ ရပ်ကွက် ဒဂုံသီရိအိမ်ရာ အောင်သိဒ္ဓိဓမ္မာရုံ တွင် ယနေ့နံနက် ၈ နာရီမှ စတင် ၍ ဖြိုးစေတနာအခမဲ့ကျန်းမာရေး အဖွဲ့မှ အထွေထွေရောဂါကုဆရာ ဝန်ဒေါက်တာအောင်နိုင်ဦး၊ သွား ကျန်းမာရေးဆရာဝန် ဒေါက်တာ ဇော်လင်းပြုံးနှင့် အဖွဲ့ဝင်များမှ ပြည်သူများ၏ အထွေထွေရောဂါ များအား စမ်းသပ်စစ်ဆေးပေးခြင်း၊ သွားများအားစစ်ဆေး၍ လိုအပ် သည်များဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ် ပါတီဝင်လူငယ်များ သောက်ရေကန်သန့်ရှင်းရေးလုပ်အားပေး

 

ရန်ကုန် စက်တင်ဘာ ၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ခိုင်ဖြိုးမြို့နယ်ကော်မတီဝင်များနှင့် လူငယ်အဖွဲ့ဝင်များသည် ယနေ့ နံနက် ၈ နာရီတွင် ဦးထွန်းအိုရပ်ကွက်ရှိ သောက်သုံးရေကန်အား မြို့နယ်ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင်များနှင့် ရပ်ကွက်ကော်မတီဝင် များ၊ ရပ်ကွက်နေပြည်သူများနှင့် ပါတီလှုပ်ရှားမှုအနေဖြင့်Youth Day အဖြစ် သောက်သုံးရေကန်သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိန်ဝင်း(YGN)

ပခုက္ကူမြို့နယ်ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်း

 

ပခုက္ကူ စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ပခုက္ကူခရိုင်ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းသည် ပခုက္ကူမြို့နယ် ပါတီကော်မတီဝင်များနှင့် ယမန်နေ့ မွန်းတည့် ၁၂နာရီက မြို့နယ်ပါတီရုံးတွင် တွေ့ဆုံခဲ့ပြီး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပရာ မြို့နယ်ပါတီကော်မတီဝင်များက တစ်လတာကာလအတွင်း တိုက်နယ် အလိုက် ကွင်းဆင်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးပြီး လိုအပ်ချက်များကို ခရိုင်ပါတီဥက္ကဋ္ဌက ပြန်လည်ဖြည့်စွက်ပြောကြားပြီး အစည်းအဝေးကို အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားပြည်ခိုင်ဖြိုးပါတီမှ အေးမြသာယာနယ်မြေရှိ ဓမ္မစကူးလ်ကျောင်းမှကျောင်းသားကျောင်းသူများအား အာဟာရဒါနပြုလုပ်

 

မြစ်ကြီးနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမိသားစုက မြို့သစ်ကြီးရပ်ကွက် အေးမြသာယာနယ်မြေရှိ ဓမ္မစကူးလ်ကျောင်းမှကျောင်းသားကျောင်းသူ ၁၅ဝ တို့အား စက်တင်ဘာ ၂ရက် နံနက်ပိုင်းတွင် အာဟာရဒါနအဖြစ် ကြာဆံချက်များ ကျွေးမွေးလှူဒါန်းစဉ်။

ဝင်းအောင်(မိုးကောင်း)


ပြည်ခိုင်ဖြိုးပါတီဗဟိုအမျိုးသမီးညီလာခံအကြို မြင်းခြံမြို့နယ်အမျိုးသမီးနှီးနှောဖလှယ်ပွဲကျင်းပ

မြင်းခြံ စက်တင်ဘာ ၂

မြင်းခြံခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ပြည်ခိုင်ဖြိုးပါတီဗဟိုအမျိုးသမီးညီလာခံအကြို မြင်းခြံမြို့နယ် အမျိုးသမီးနှီးနှောဖလှယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပရာ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင် တက်ရောက်အားပေးချီးမြှင့်ခဲ့သည်။

ကျောက်ကြီး စစ်တောင်းမြစ်ရေကြီးမှုကြောင့် ရေကြီးနစ်မြုပ်သွားသောကျေးရွာအား ပြည်ခိုင်ဖြိုးပါတီမှ သွားရောက်လှူဒါန်း

 

ကျောက်ကြီး စက်တင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မုန်း ဒေသ ညောင်ပင်ဆိပ်ကျေးရွာရှိအိမ်ခြေ ၁၆ဝ နှင့် လူဦးရေ ၈ဝဝ ကျော်တို့နေထိုင်လျက်ရှိသော အဆိုပါကျေးရွာတွင် စစ်တောင်း မြစ်ရေကြီးမှုကြောင့် နေအိမ်များစွာ နစ်မြုပ်သွားသောကြောင့် ကျောက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီဥက္ကဋ္ဌဦးလှဘုန်းနှင့် မြို့နယ်ကော်မတီဝင်များ၊ မုန်း ဒေသတာဝန်ခံဦးကျော်ထွန်းမုန်း၊ ပါတီဥက္ကဋ္ဌ ဦးဇော်မင်းအောင် တို့က ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဒေသခံပြည်သူများ ထံသို့ ၂၅ ပြည်ဆံ့ဆန်အိတ် ၂ဝ၊ မားမားခေါက်ဆွဲထုပ်များ၊ ရေသန့်ဘူးကြီး ၁ဝဝ တို့အား ဗိုလ်မှူးကြီး ဦးသက်ထွန်း(ငြိမ်း) ပံ့ပိုးကူညီမှုဖြင့် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရေဘေးသင့်ပြည်သူများအားသွားရောက်လှူဒါန်း

 

ရန်ကုန် စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီး မှူး၍ ယမန်နေ့နံနက် ၈နာရီမှစတင် ကာ ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်းခဲ့သည်။

ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ရေဘေးသင့်ပြည်သူများကို ထောက်ပံ့ရေးပစ္စည်းများပေးအ

 

ရန်ကုန် စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီးတောင် ဥက္ကလာပမြို့နယ်ပြည်ခိုင်ဖြိုးပါတီ၊ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီနှင့် စေတနာ ရှင်များစုပေါင်း၍ သနပ်ပင်မြို့နယ် ကျွဲဖြူချောင်းကျေးရွာတွင် ဒီရေ ဝင်ရောက်မှုကြောင့် ရေကြီးနစ်မြုပ် သည့် အိမ်ထောင်စုပေါင်း ၃၅ဝ ကျော်အား ရေသန့်ဘူး၊ ခေါက်ဆွဲ ခြောက်၊ အဝတ်အထည်၊ အချိုရည် ဘူးနှင့် အခြားအိမ်သုံးပစ္စည်းများ ယနေ့မွန်းလွဲပိုင်းက သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။