ချယ်လ်ဆီးတွင်အကယ်ဒမီကောင်း ရှိသော်လည်း လူငယ်များနေရာမရခြင်းကို ကွန်တီနားမလည်နိုင်

conte

ချယ်လ်ဆီးအသင်းတွင် အကယ်ဒမီကောင်းရှိသော်လည်း အသင်းကြီးတွင် ကစားသမားအနည်းငယ်သာ အခွင့်အရေး ရခြင်းကို နည်းပြကွန်တီက နားမလည်နိုင် ဖြစ်နေပြီး လူငယ်များကိုနေရာပေးသွားမည်ဟု ပြောဆိုလိုက်သည်။

ချယ်လ်ဆီးအသင်းတွင် ၁၉၉၈ မှစတင်ကာ တယ်ရီ တစ်ဦးတည်းသာ ပုံမှန်နေရာရ အကယ်ဒမီကစားသမားအဖြစ် ထွက်ပေါ်ခဲ့သည်။

လက်ရှိတွင် လို့တက်ချိခ်နှင့် ဒိုမီနစ် ဆိုလန်ကီတို့သည် အသင်းကြီးတွင် နေရာရလာသည့် နောက်ဆုံး လူငယ်သွေးသစ်များအဖြစ် ထွက်ပေါ်ထားသည်။

အားကစား သတင်းတိုများ

စည်းကမ်းများကို လေးစားလိုက်နာမှုအားနည်း၍ ဆာခိုအား အမေရိကန်ခရီးစဉ်မှ ပြန်လွှတ်လိုက်သော်လည်း ၎င်း၏ လုပ်ရပ်များ သည် ထပ်မံအပြစ်ပေး လောက်အောင် မပြင်းထန်ဟု လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်က ပြောသည်။
————————————————————————————————–

စပါးနှင့် အက်သလက်တီကိုမက်ဒရစ်တို့၏ ICC ပွဲမတိုင်မီ စပါးနည်းပြ ပိုချက်တီနိုက အက်သလက်တီကိုနည်းပြ ဆီမြွန်နီသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးနည်းပြတစ်ဦးဟု ချီးကျူးပြောကြားသည်။ နှစ်ဦးစလုံးသည် အာဂျင်တီးနား သားများဖြစ်ပြီး လက်ရွေးစင်အသင်းတွင် အတူ ကစားခဲ့ကြသည်။

တိုက်စစ်မှူးသစ် အီဗရာဟီမိုဗစ် မန်ယူအသင်းသားများနှင့်အတူ လေ့ကျင့်ခန်းဆင်း

Spots

ဆွီဒင်ဝါရင့်တိုက်စစ်မှူး အီဗရာဟီမိုဗစ်သည် မန်ယူအသင်းသားများနှင့်အတူ ကြာသပတေးနေ့က ပထမဆုံး လေ့ကျင့် ခန်းဆင်းခဲ့ပြီး စနေနေ့တွင် ကစားမည့် ဂါလာတာစာရေးနှင့် ပွဲအတွက် ကြိုတင်ပြင်ဆင်နေသည်။

ယခုလအစောပိုင်းက ပီအက်စ်ဂျီမှ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် မန်ယူသို့ ရောက်လာသည့် အီဗရာဟီမိုဗစ် (၃၄) နှစ်က မန်ယူသို့ ပြောင်းရွှေ့လိုသောကြောင့် အမေရိကန်မေဂျာလိဂ် ဒေးဗစ်ဘက်ခမ်း၏ အသင်းက ခေါ်ယူရန် ကြိုးပမ်းမှုကို ပယ်ချခဲ့သည်ဟု ပြောသည်။

သတ်မှတ်ထားသော အထူးကတ်ပြားများရှိမှသာ ဂရိပရိသတ်များ ဘောလုံးကွင်းအတွင်း ၀င်ရောက်ကြည့်ရှုခွင့်ရမည်

13880338_1743871372532413_1681011533617670505_n

ဂရိပြည်တွင်းလိဂ်ပြိုင်ပွဲများကို ကွင်းအတွင်းဝင်ရောက်ကြည့်ရှုမည့် ပရိသတ်များအနေဖြင့် သတ်မှတ်ထားသော အထူးကတ်ပြားများရှိမှသာ ကြည့်ခွင့်ရမည် ဖြစ်ကြောင်း ဂရိအားကစားဒုတိယ၀န်ကြီး ကွန်တိုနစ်က ကြေညာခဲ့သည်။

ဂရိပြည်တွင်းလိဂ်ပြိုင်ပွဲများ၏ ပရိသတ်အကြမ်းဖက်တိုက်ခိုက်မှု ပုံရိပ်ဆိုးများလျော့ပါးစေရန် ရည်ရွယ်၍ ဂရိအားကစား တာဝန်ရှိသူများက ယခုကဲ့သို့ စီစဉ်ခဲ့ခြင်းဖြစ်ပြီး ကွင်းအတွင်း ၀င်ရောက်ကြည့်ရှုမည့် ပရိသတ်များ အနေဖြင့် နာမည်၊ ဓာတ်ပုံ၊ ရဲတပ်ဖွဲ့ထောက်ခံနံပါတ်၊ ကျန်းမာရေးအာမခံချက်နှင့် နေရပ်လိပ်စာများ ဖော်ပြပါရှိသော ကတ်ပြားများကို ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။

ချယ်လ်ဆီးနည်းပြသစ် ကွန်တီထံမှ ကမ်းလှမ်းမှုရရှိခဲ့သည်ဟု တီဗက်ဇ် ဖွင့်ဟ

13645245_1743892022530348_4422024925892449464_n

ဘိုကာဂျူနီယာအသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး တီဗက်ဇ်က ဂျူဗင်တပ်စ်အသင်းတွင် လက်တွဲခဲ့ဖူးသည့် နည်းပြဟောင်း ကွန်တီထံမှ ချယ်လ်ဆီးအသင်းတွင် လာရောက်ကစားရန် ကမ်းလှမ်းမှု ရရှိခဲ့ကြောင်း
ထုတ်ဖော် ပြောကြားခဲ့သည်။

” မိသားစုနဲ့ အပြင်ထွက်ပြီး ကားမောင်းနေတဲ့အချိန်မှာ ကွန်တီထံက ဖုန်းဝင်လာပါတယ်။ သူတိုက်စစ်မှူးးတစ်ဦး အလိုရှိနေကြောင်းနဲ့  ချယ်လ်ဆီးမှာကစားဖို့ စိတ်ဝင်စားသလားလို့ လှမ်းမေးပါတယ်” ဟု ၃၂ နှစ်အရွယ်ရှိ တီဗက်ဇ်က Radio La Red သို့ ပြောကြားခဲ့သည်။

လူမုန်းအများဆုံးအသင်းအဖြစ် မန်ယူကို ချယ်လ်ဆီးကျော်တက်

12045245

ပရီးမီးယားလိဂ်တွင် လူ မုန်းအများဆုံးအသင်းအဖြစ် ချယ်လ်ဆီးက မန်ယူကို ကျော်တက်သွားသည်ဟု ဒေးလ်လီးမေရာ သတင်းစာက ပြုလုပ်သော စစ်တမ်းတွင် တွေ့ရှိခဲ့သည်။

၂၀၁၆-၁၇ ဘောလုံးရာသီတွင် ယှဉ်ပြိုင်မည့် ပရီးမီးယားလိဂ် အသင်း ၂၀ မှ ပရိသတ် တစ်သောင်းအား သတင်းစာက နှစ်စဉ်ပြုလုပ်သော စစ်တမ်း ကောက်ယူခဲ့ခြင်းဖြစ်ပြီး မန်ယူ သည် ပထမဆုံးအကြိမ် ထိပ်ဆုံးနေရာမှ ဖယ်ပေး လိုက်ရသည်။

ရွှေရောင်ဆံပင် ဒီဇိုင်းအသစ်ဖြင့် မက်ဆီ

Lionel-Messi-blonde-hair

နာမည်ကြီး တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ သူ့ရဲ့ ဆံပင်ပုံကို ရွှေရောင်ဆံပင်အဖြစ် ဒီဇိုင်းပြောင်းလဲ လိုက်ပါတယ်။

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ အသင်းနဲ့အတူ ရာသီကြို လေ့ကျင့်ရေး အစီအစဉ်အဖြစ်နဲ့ အင်္ဂလန်နိုင်ငံကို ရောက်ရှိနေပါတယ်။

မက်ဆီဟာ အသင်းဖော် ဥရုဂွေး တိုက်စစ်မှူး ဆွာရက်နဲ့အတူ  လေ့ကျင့်ရေး ဆင်းနေပါတယ်။

ဒီဘက်ခေတ်ဘောလုံးသမားတွေက သစ္စာတရားဆိုတာကို နားမလည်ဘူး၊ ရေကြည်ရာမြက်နုရာပဲ ရှာနေကြတယ် (တော့တီ)

13669140_1057350997693054_942260896425490386_n

နာပိုလီတိုက်စစ်မှုး ဟီဂူအင်သည် ဂျုဗင်တပ်စ်အသင်းသို့ ပြောင်းရွေ့ကြေး ယူရို သန်း(၉၀)ဖြင့် ပြောင်းရွေ့သွားခဲ့ ပြီးနောက် ရိုးမား ဂန္တာဝင် တော့တီက ယနေ့ခေတ် ဘောလုံးလောကသည် ကပ်ဆိုက်သကဲ့သို့ ဖြစ်နေပြီဖြစ်ကြောင်း ဝေဖန်သွားခဲ့သည်။

၂၀၁၅-၁၆ ရာသီတွင် ဘာစီလိုနာအသင်း အမြတ်ငွေ ယူရို ၂၉ သန်းရရှိ

barcelona_0

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် ၂၀၁၅-၁၆ ဘောလုံးရာသီတွင် ၀င်ငွေ ယူရို ၆၇၉ သန်း ရရှိခဲ့ကြောင်း အသင်း၏ဘဏ္ဍာရေးအဖွဲ့က ထုတ်ပြန် ကြေညာလိုက်သည်။

လာလီဂါချန်ပီယံဘာစီလိုနာအသင်း၏ ၀င်ငွေမှာ တိုးတက်လာခဲ့ပြီး အခွန်ဆောင်အပြီးတွင် အမြတ်ငွေ ယူရို ၂၉ သန်း ရရှိကြောင်းလည်း တနင်္လာနေ့က ထုတ်ပြန်သော ထိုကြေညာချက်တွင် ပါရှိသည်။

ရော်ဂျာဖက်ဒရာ ဒဏ်ရာကြောင့် အိုလံပစ်နဲ့ လက်ကျန် ပြိုင်ပွဲများကို လွဲချော်

90524244-roger-federer-pa

နာမည်ကြီး ဆွစ်ဇာလန် တင်းနစ်ကစားသမား ရော်ဂျာဖက်ဒရာဟာ ဒဏ်ရာကြောင့် ရီယိုအိုလံပစ်ပြိုင်ပွဲ အပါအဝင် ယခုနှစ် လက်ကျန် တင်းနစ်ပြိုင်ပွဲ အားလုံးကို လွဲချော်မှာ ဖြစ်ပါတယ်။ ဂရင်းဆလင်း ဆုဖလား ၁၇ ကြိမ် ရရှိထားတဲ့ ဖက်ဒရာဟာ ဒူးဒဏ်ရာကြောင့် တင်းနစ်ကစားနိုင်မှာ မဟုတ်ဘဲ အနားယူရမယ်လို့ ဆိုပါတယ်။