အင်္ဂလိပ်လိဂ်ဖလားပြိုင် ပွဲ စတုတ္ထအဆင့်တွင် မန်ချက်စတာမြို့ခံနှစ်သင်းသည်အိုးထရက်ဖို့ဒ်၌ ထိပ်တိုက်တွေ့ကြမည် ဖြစ်သည်။
မန်ယူက နော်သမ်တန်ကို ၃-၁ ဂိုးဖြင့် အနိုင်ရပြီ မန်စီးတီး က ဆွမ်ဆီးကို ၂-၁ ဂိုးဖြင့် ကျော် ဖြတ်ခဲ့ပြီးနောက် ၎င်းတို့နှစ်သင်း ကြား ယခုရာသီတွေ့ဆုံမှု ဖြစ်လာ ခဲ့သည်။ စက်တင်ဘာ ၁၀ ရက်က ဒါဘီပွဲတွင် မန်စီးတီးက ၂-၁ ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။