
ရန်ကုန်မြို့၌ ဖေဖော်ဝါရီ ၂၃ ရက်တွင် ကျင်းပမည့် ကိုယ်ခံပညာပေါင်းစုံ MMA ပြိုင်ပွဲအတွက် တွဲဆိုင်းများကို One Championship က ယနေ့တွင် ထုတ်ပြန်ခဲ့ပြီး တွဲဆိုင်းကိုးဆိုင်း ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၌ ဖေဖော်ဝါရီ ၂၃ ရက်တွင် ကျင်းပမည့် ကိုယ်ခံပညာပေါင်းစုံ MMA ပြိုင်ပွဲအတွက် တွဲဆိုင်းများကို One Championship က ယနေ့တွင် ထုတ်ပြန်ခဲ့ပြီး တွဲဆိုင်းကိုးဆိုင်း ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၊ အမေရိကန်
ဒေါ်နယ်ထရမ့်နှင့်ပတ်သက်ပြီး ကဲ့ရဲ့ရှုတ်ချစကားပြောဆိုခဲ့သည့် ဒီယေဂို မာရာဒိုနာသည် အမေရိကန်ပြည်ဝင်ခွင့် ငြင်းဆန် ခံခဲ့ရသည်ဟု အေးဂျင့်ကပြောကြောင်း The Sun သတင်းတွင် ဖော်ပြထားသည်။
ဘောလုံးဂန္ထဝင်ကစားသမား၏ အမေရိကန်ဗီဇာ လျှောက်ထားမှု ပယ်ချခံရခြင်းမှာ မိခင်နိုင်ငံအာဂျင်တီးနားတွင် ပြုလုပ်သော အင်တာဗျူးတစ်ခုကြောင့်ဟု ဆိုသည်။

မန်စီးတီးကို ပြောင်းရွှေ့ဖို့ကြိုးပမ်းမှု မအောင်မြင်ခဲ့ပြီးနောက် လေ့ကျင့်ခန်းဆင်းဖို့ ပျက်ကွက်ခဲ့တဲ့ တောင်ပံ ကစားသမား မာရက်ဇ်ကို လက်စတာအသင်းက ပေါင်(၂)သိန်း ဒဏ်ရိုက်သွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ကြာသပတေးနေ့က လေ့ကျင့်ခန်းဆင်းဖို့ ပျက်ကွက်ခဲ့တာကြောင့် မာရက်ဇ်ဟာ စနေနေ့မှာ ဆွမ်ဆီးနဲ့ ကစားရမယ့်ပွဲကို လွဲချော်ဖို့လည်း ရှိနေပါတယ်။

ဇန်န၀ါရီလက နန့်တက်စ်နဲ့ ပီအက်စ်ဂျီတို့ပွဲအတွင်းမှာ နန့်တက်စ်နောက်ခံလူကာလို့စ်ကို ကန်ခဲ့ပြီးထုတ်ပယ်ခဲ့တဲ့ ကွင်းလယ်ဒိုင် တိုနီချာပရွန်ကို (၆)လပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ပြစ်သစ်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ဒီ(၆)လပွဲပယ်ပြစ်ဒဏ်မှာ တစ်ဝက်ဟာ(၃လ) ဆိုင်းငံ့ပြစ်ဒဏ်ဖြစ်လို့ ဒိုင်လူကြီး ချာပရွန်အနေနဲ့ (၃)လသာပဲ ပွဲပယ်ခံရမှာဖြစ်ပါတယ်။ ပြင်သစ်ဒိုင်လူကြီး အဖွဲ့ချုပ်နည်းစနစ်ဒါရိုက်တာ ပါစကဲလ်က “ပရော်ဖက်ရှင်နယ်လိဂ် အဖွဲ့စည်းကမ်းထိန်းသိမ်းရေးကော်မတီက ချာပရွန်ကို (၃)လပွဲပယ်နဲ့ (၃)လဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။
ကမ္ဘာ့ထိပ်တန်းလိဂ်များတွင် ပရီးမီးယားလိဂ် ဒိုင်လူကြီးများသည် တစ်နှစ်လျှင် ပေါင် ၇၀,၀၀၀ နှုန်းဖြင့် လုပ်အားခ အကောင်းဆုံး ဒိုင်လူကြီးများအဖြစ် ရပ်တည်နေသည်။
ထိပ်တန်းလိဂ်ပွဲများကို ကိုင်တွယ်ရသည့် ဒိုင်လူကြီးများသည် အသင်းနည်းပြများနှင့် သတင်းမီဒီယာများ၏ မပြတ်ကြည့်ရှုခြင်း၊ ဝေဖန်ခြင်းများ ရင်ဆိုင်နေရပြီး ၎င်းတို့၏ ဆုံးဖြတ်ချက်တိုင်း စောင့်ကြည့်ခံနေရသည်။
ကိုင်တွယ်သော ပွဲစဉ်အလိုက် တစ်ပွဲအတွက်ရသော စာရင်းတွင် ပရီးမီးယားလိဂ်ဒိုင်များ က တစ်ပွဲနှုန်းထက် ပေါင် ၁,၁၅၀ အထက်ဖြင့် ထိပ်ဆုံး၌ ရပ်တည်နေသည်။

လတ်တလောတွင် မန်ယူသည် နောက်ဆုံးငါးပွဲဆက် နိုင်ပွဲရမှုနှင့်အတူ အာဆင်နယ်မှ ချီလီလက်ရွေးစင် တိုက်စစ်မှူး ဆန်းချက်ဇ်ကို ခေါ်ယူနိုင်ခဲ့သဖြင့် ပရိသတ်များ ပျော်ရွှင်နေကြသည်။
မန်ယူသည် ယခုနှစ်ရာသီတွင် အခက်ခဲဆုံးပွဲများအနက် တစ်ပွဲဖြစ်သည့် စပါးနှင့်ပွဲကို ယနေ့ည၌ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ ယင်းပွဲတွင် မန်ယူအတွက် ပရီးမီးယားလိဂ်ပွဲ စတင်ကစားမည့် ဆန်းချက်ဇ်အပေါ် အာရုံစိုက် ကြမည်ဖြစ်သည်။ ဆန်းချက်ဇ်သည် အက်ဖ်အေဖလား စတုတ္ထအဆင့်အဖြစ် ရီယိုဗီးလ်တောင်းနှင့် ကစားခဲ့သော ပွဲတွင် မန်ယူ၌ စတင်ပွဲထွက်ခဲ့ပြီး နှစ်ဂိုး ဖန်တီးပေးနိုင်ကာ အကောင်းဆုံး ဘောလုံးသမားဆုရခဲ့သည်။

ဇန်နဝါရီ ၃၁၊ မန်ချက်စတာ
မန်ချက်စတာစီးတီးအသင်းသည် ဘီလ်ဘာအိုအသင်းမှ ပြင်သစ်နောက်ခံလူ အိုင်မရစ် လာပေါ်တီကို အသင်းစံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၅၇ သန်းဖြင့် ခေါ်ယူလိုက်သည်။
ပြင်သစ်အသင်းနှင့် ပွဲထွက်ရခြင်း မရှိသေးသော လာပေါ်တီ၏ ပြောင်းရွှေ့ကြေးပါ ပေါင်းလျှင် ပရီးမီးယားလိဂ် ကလပ်အားလုံး၏ အပြောင်းအရွှေ့အသုံးစရိတ်မှာ ပေါင် ၂၅၂ သန်း ရှိပြီဖြစ်ပြီး ဇန်နဝါရီ အပြောင်းအရွှေ့ ကာလအတွင်း စံချိန်တင်သုံးစွဲမှု ဖြစ်သည်။

၂၀၂၀ တိုကျိုအိုလံပစ် ဘောလုံးပြိုင်ပွဲကို မြန်မာအိုလံပစ် အမျိုးသားနဲ့ အမျိုးသမီး ဘောလုံးအသင်းတွေ ခြေစစ်ပွဲ အဆင့်က စတင်ဝင်ရောက်ယှဉ်ပြိုင် ကစားမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။
မြန်မာအမျိုးသားအိုလံပစ်အသင်းအနေနဲ့ AFC U23 Championship ခြေစစ်ပွဲကို ၂၀၁၉ မတ်လမှာ အရင် ဝင်ရောက် ကစားရမှာဖြစ်ပြီး ခြေစစ်ပွဲအောင်မြင်ပါက နောက်ဆုံးအဆင့် ပွဲစဉ်တွေ တက်ရောက်ကစားရမှာ ဖြစ်ပါတယ်။

ရန်ကုန် ဇန်နဝါရီ ၃ဝ
ရန်ကုန်မြို့၌ရောက်ရှိနေသည့် အင်္ဂလန်လိဂ်ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက် အသင်းပိုင်ရှင် Mr. Andrea Radrizzani သည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်အား ယနေ့ မွန်းလွဲပိုင်းတွင် နိုဗိုတယ်ဟိုတယ်၌ လာရောက်တွေ့ဆုံခဲ့သည်။ ယင်းသို့ တွေ့ဆုံရာတွင် မြန်မာ့ဘောလုံးတိုးတက်ရေးအတွက် ပံ့ပိုးကူညီနိုင်မည့် အစီအစဉ်များ၊ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

အာဆင်နယ်အသင်းဟာ ဒေါ့မန်တိုက်စစ်မှူး အူဘာမီယန်ကို ကလပ်စံချိန်တင်ကြေး ပေါင် ၅၅.၄ သန်းနဲ့ ခေါ်ဖို့ သဘောတူညီချက်ရသွားပြီလို့ သိရပါတယ်။
အာဆင်နယ်ဟာ အူဘာမီယန်ကို တစ်ပတ်လစာပေါင် ၁၈၀၀၀၀ နဲ့၃ နှစ်ခွဲစာချုပ်ဖို့ ကမ်းလှမ်းထားပါတယ်။ ဒါဟာသူ့ကို အာဆင်နယ်ရဲ့ လစာအများဆုံးရသူအဖြစ် မှတ်တမ်းဝင်စေမှာပါ။ အခုဆိုရင်အာဆင်နယ် ပရိသတ် အချို့ဟာ အူဘာမီယန်ရဲ့ကျောနံပါတ်က ၁၄ လို့ယူဆပြီး အကျီင်္ပေါ်မှာ အဲဒီနံပါတ်ကို ရိုက်နှိပ်ဝတ်ဆင်နေတာ တွေ့ရပါတယ်။