
မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့သည့် ဂျာမန်လူမျိုး နည်းပြချုပ် ဂတ်ဆီဇီနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)တို့ ယနေ့တွင် နှစ်ဖက်သဘောတူ စာချူပ် ဖျက်သိမ်း လိုက်ပြီဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့သည့် ဂျာမန်လူမျိုး နည်းပြချုပ် ဂတ်ဆီဇီနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)တို့ ယနေ့တွင် နှစ်ဖက်သဘောတူ စာချူပ် ဖျက်သိမ်း လိုက်ပြီဖြစ်သည်။

လန်ဒန်ရှိ အိုတူးအရီနာကွင်း၌ မတ် ၂၃ ရက်တွင် တစ်နိုင်ငံတည်းသား မာတင်မာရေးနှင့် ယှဉ်ပြိုင်ရန် စီစဉ်ထားသော WBO မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံခါးပတ်ကာကွယ်ပွဲတွင် ဗြိတိန် လက်ဝှေ့ကျော် ဘီလီဂျိုးဆောင်းဒါးသည် တွဲဖက်နှင့် လေ့ကျင့်ရင်း လက်ဒဏ်ရာရခြင်းကြောင့် ပွဲစဉ်ကို ဇွန် ၂၃ ရက်သို့ ရွှေ့ဆိုင်း လိုက်ရကြောင်း သိရသည်။

အခုနွေရာသီမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို လာရောက်ကြည့်ရှူ့မယ့် အင်္ဂလန်ပရိသတ်တွေ ဘေးကင်း လုံခြုံမှု ရှိမယ်လို့ ရုရှားသံအမတ်ကြီး ယာကိုဗန်ကိုက အာမခံချက်ပေးခဲ့ပါတယ်။
ရုရှားအေးဂျင့်ဟောင်း ဓာတုအဆိပ်နဲ့ တိုက်ခိုက်ခံရမှုအတွက် ရုရှားကို ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ ဝေဖန်ပြစ်တင်မှုတွေ လုပ်ခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံဆက်ဆံရေး ဆိုးရွားလာတာကြောင့် အခုနွေရာသီမှာ ရုရှား ကမ္ဘာ့ဖလားကို သွားရောက်မယ့် အင်္ဂလန်ပရိသတ်တွေရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီး သံသယတွေ ပိုမိုမြင့်တက် လာခဲ့ပါတယ်။ ရုရှားသံအမတ်ကြီးကတော့ ရုရှားကို လာရောက်မယ့် အင်္ဂလန်ပရိသတ်တွေ လုံခြုံမှု ရှိမယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ အာမခံပြောကြားခဲ့ပါတယ်။

ရုရှားကမ္ဘာ့ဖလားပြိုင် ပွဲအတွက် ပြင်ဆင်နေသော ပေါ်တူဂီအသင်းတွင် လျှို့ဝှက်ချက်များမရှိဘဲ နည်းပြ ဖာနန်ဒိုဆန်းတို့စ်က လွန်ခဲ့သည့် ၂ နှစ်က ယူရို ၂၀၁၆ ၌ အောင်ပွဲခံခဲ့သော အသင်းကို ဆက်လက် ထိန်းထားမည်ဖြစ်သည်။
ဆန်းတို့စ်သည် နောက်ဆုံး ၂၃ ဦးအသင်းလူစာရင်းကို အပြီးသတ် မရွေးချယ်သေးသော်လည်း ပြင်သစ်တွင် ပေါ်တူဂီအတွက် ပထမဆုံးမေဂျာဖလား ရရှိခဲ့သော အသင်းမှ ကစားသမားအများစုကို ဆက်လက် ထားရှိမည်ဖြစ်သည်။

WOLVER MDC 2018 Myanmar Drift Championship ကားမောင်းပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာအနီး ရတနာပုံဆိုက်ဘာစီးတီးနေရာမှာ ဒုတိယအကြိမ်အဖြစ် မတ်လ ၂၄ ရက်ကနေ ၂၅ ရက်နေ့ထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံတောင်ပိုင်းရှိ ဆမ်မာရာကွင်း အချိန်မီပြီးစီးရေးအတွက် ရုရှားကိုဖီဖာကဖိအားပေးသွားခဲ့သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလာမည့် ဇွန်လ၊ ၁၄ရက်နေ့တွင်စတင်ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲကျင်းပရန် သုံးလခန့်သာ လိုတော့သည်။ ဆမ်မာရာကွင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲလက်ခံကျင်းပမည့် ဘောလုံးကွင်း ၁၂ကွင်းထဲမှာ တစ်ကွင်း အပါအ၀င်ဖြစ်ပြီး နိုင်ငံတောင်ပိုင်းတွင်ရှိနေသည်။
သို့သော်လည်း ပရိသတ် ၄၅၀၀၀ဆန့် ဆမ်မာရာကွင်းတည်ဆောက်မှုနောက်ဆုံး အခြေအနေမှာအလွန် နှောင့်နှေးကြန့်ကြာမှုများ ရှိနေပြီး အချိန်မီပြီးစီးရေးအတွက် ခက်ခဲနေသည်။ ဆမ်မာရာကွင်းတွင် အုပ်စုပွဲစဉ် ၄ပွဲ၊ ရှုံးထွက်ပွဲစဉ်တစ်ပွဲနှင့် ကွာတားဖိုင်နယ်ပွဲစဉ်တစ်ပွဲကစားရန်ဖီဖာက သတ်မှတ်ရေးဆွဲထားပြီးဖြစ်သည်။

ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ နှင့် ပီအက်စ်ဂျီအသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်း ထွက်နေသော အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလက်၏ တန်ဖိုးကို လီဗာပူးက ယူရို ၂၂၅ သန်း သတ်မှတ်ထား ကြောင်း စပိန်အားကစားသတင်းဌာနများ က ဖော်ပြသည်။
ဆာလက်သည် ၎င်း၏ ဘောလုံးသမားဘဝခြေစွမ်း အကောင်းဆုံးအချိန်အဖြစ် ၄၃ ပွဲတွင် ၃၇ ဂိုး သွင်းယူ ထားခြင်းကြောင့် ဥရောပ ထိပ်တန်းကလပ်များ၏ စိတ်ဝင်စားခြင်း ခံနေရသည်။

မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင်မြားပစ်အသင်းများ၏ နိုင်ငံတကာပြိုင်ပွဲများအတွက် တောင်ကိုရီးယားနိုင်ငံသား နည်းပြတစ်ဦးကို ပြီးခဲ့သည့် ရက်ပိုင်းက သုံးနှစ်စာချုပ် ချုပ်ဆို၍ ငှားရမ်းခေါ်ယူခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် တာဝန်ရှိသူများသည် ပြီးခဲ့သည့် မတ်(၇)ရက်က တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့သို့ သွားရောက်၍ ဂါဝန်ဒိုမြားပစ်အသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ နည်းစနစ်ပိုင်းများ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက်ဂါဝန်ဒိုမြားပစ်အသင်းမှ တာဝန်ရှိသူများ၏ အကူအညီဖြင့် တောင်ကိုရီးယားနိုင်ငံသား နည်းပြများ ခေါ်ယူခန့်အပ်နိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(ဓာတ်ပုံ – အီးပီအေ)
ရီးယဲလ်မက်ဒရစ်ကြယ်ပွင့်ကစားသမား ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပေါ်တူဂီရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု 2017 Quina de Oro Award ကို တနင်္လာနေ့က ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။ သူဟာ ဒီဆုကို နှစ်နှစ်ဆက်တိုက် ရရှိခဲ့တာဖြစ်ပါတယ်။

ရုရှားမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ လက်ရှိလက်ရွေးစင်အသင်း ကစားသမားအစုအဖွဲ့အတွက် ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ နောက်ဆုံးအခွင့်အရေးဖြစ်တယ်လို့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ က ပြောကြားခဲ့ပါတယ်။
မက်ဆီနဲ့ အာဂျင်တီနားအသင်းတို့ဟာ ၂၀၁၄ကမ္ဘာ့ဖလား၊ ၂၀၁၅နဲ့ ၂၀၁၆ ကိုပါအမေရိကဖလား ပြိုင်ပွဲ(၃)ခုဆက် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပေမယ့် ဗိုလ်စွဲခဲ့ခြင်း မရှိပါဘူး။ Ballon d’Or ဆုကို (၅)ကြိမ် ရရှိခဲ့တဲ့ မက်ဆီဟာ ဇွန်လမှာ အသက်(၃၁)နှစ်ပြည့်မှာဖြစ်ပြီး အဂွဲရိုး၊ ဟီဂူအင်၊ ဒီမာရီယာ၊ အော်တာမန်ဒီနဲ့ မာရှေးယာနိုတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ချိန်မှာ အသက်(၃၀)နဲ့အထက် ရှိနေမှာပဲ ဖြစ်ပါတယ်။