ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိလာခဲ့ပြီး ဆီမီးတက် 4 သင်းထဲမှာ ကစားသမား အများဆုံး စေလွှတ်ထားရတာကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲဖြစ်နေတာကို တွေ့ရပါတယ်။ ဒါကလည်း ဘယ်လ်ဂျီယံနဲ့ အင်္ဂလန်အသင်းတို့ ဆီမီးတက်တာနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ ဘယ်လ်ဂျီယံ ဆိုတာကလည်း ပရီးမီးယားလိဂ်ကစားသမားတွေကိုပဲ အဓိက အခြေခံထားလို့ပါ။ ပရီးမီးယားလိဂ်က ကစားသမား 40 ဦးနဲ့ အများဆုံးဖြစ်နေပြီး အနီးစပ်ဆုံးဖြစ်တဲ့ လာလီဂါပြိုင်ပွဲကတောင်မှ 12 ဦးပဲ ပါဝင်တာကို တွေ့ရပါတယ်။
ကမ္ဘာ့ဖလားဗိုလ်လုပွဲ ကြည့်ရှုအားပေးရန် ထိုင်းကလေးငယ် ၁၂ ဦးကို ဖီဖာဖိတ်ကြား
လိုဏ်ဂူထဲတွင် သီတင်း နှစ်ပတ်ခန့် ပိတ်မိနေသော ထိုင်း လူငယ်ဘောလုံးသမား ၁၂ ဦးနှင့် ၎င်းတို့၏နည်းပြကို ဇူလိုင် ၁၅ ရက်၌ မော်စကိုမြို့တွင် ကျင်းပမည့် ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ တက်ရောက်အားပေးရန် ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ဖိတ်ကြားခဲ့ကြောင်း ထိုင်းဘောလုံး အဖွဲ့ချုပ်က တရားဝင်ဖေ့စ်ဘွတ်ခ်မှ တစ်ဆင့် ပြောသည်။
ဇွန်လ ၂၃ ရက်က ယင်းလူငယ် ၁၂ ဦးနှင့် နည်းပြတစ်ဦးသည် သမ်လောင်လိုဏ်ဂူထဲ လေ့လာစူးစမ်းရန် ဝင်ရောက်ပြီးနောက် ရေဝင်လာသောကြောင့် လိုဏ်ဂူထဲတွင် ၁၀ ရက်ကြာပိတ်မိခဲ့သည်။ ထို့နောက် ဗြိတိန် ရေငုပ်သမားများက ၎င်းတို့ကို အသက်ရှင်လျက် ပြန်ရှာတွေခဲ့သည်။
ကမ္ဘာ့ဖလား ကွာတားကနေ ထွက်ခဲ့ရပေမယ့် ရုရှားအသင်းကို သမ္မတ ပူတင် ဂုဏ်ပြုစကားပြော
ကမ္ဘာ့ဖလားကွာတား ဖိုင်နယ်တွင် ခရိုအေးရှားကို အချိန်ပိုအထိ အပြန်အလှန်သွင်းဂိုးများဖြင့် သရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်၌ ၄-၃ ဂိုးဖြင့် ရှုံးကာ အိမ်ရှင်ရုရှားအသင်းထွက်ခဲ့ရသော်လည်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က လက်ရွေးစင်အသင်းအတွက် ဂုဏ်ယူကြောင်း ပြောကြားသည်။
ပူတင်က ကမ္ဘာ့ဖလားရလဒ်များနှင့် ပတ်သက်၍ ဆွေးနွေးရန် ရုရှားနည်းပြ ချာချီဆော့ဗ်နှင့် ဘောလုံး အသင်းသားများကို ခေါ် ယူတွေ့ဆုံခဲ့ကြောင်း ကရင်မလင် အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ကွာတားဖိုင်နယ်ပွဲစဉ်များ ကစားမည့်အချိန်နဲ့ ပွဲကြိုသုံးသပ်ချက်များ
ဥရုဂွေး – ပြင်သစ် / ဇူလိုင်(၆)ရက်နေ့ (သောကြာ) ည ၈:၃၀ နာရီ
မြန်မာ့လက်ရွေးစင်အသင်းအတွက်ပါ အန်တိုနီဟေး လူရွေးချယ်လျက်ရှိ
အာရှအားကစားပွဲတွင် မြန်မာ၊ မြောက်ကိုရီးယား၊ ဆော်ဒီ၊ အီရန် တအုပ်စုတည်းကျ
မြန်မာ့လက်ရွေးစင်အသင်းနှင့် မြန်မာယူ – ၂၃ အသင်းတို့ကို ပူးတွဲကိုင်တွယ်နေသည့် ဂျာမနီလူမျိုး နည်းပြအန်တိုနီဟေး သည် အာရှအားကစားပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာယူ – ၂၃ အသင်းအတွက် လူရွေးချယ်ရန် ပြည်တွင်းလိဂ် ပွဲများလိုက်လံ ကြည့်ရှုလျက်ရှိပြီး ဆူဇူကီးဖလားပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်း အတွက်ပါ စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
စီရော်နယ်ဒို ဂျုဗင်တပ်ကို တကယ်ရောက်မှာလား
စီရော်နယ်ဒို တစ်ယောက် ဂျုဗင်တပ်ကို ပေါင် ၈၈ သန်းနဲ့ ရောက်တော့မယ်လို့ သတင်းတွေ ထွက်နေချိန်မှာ ဂျုဗင်တပ်အမှတ်တံဆိပ်နဲ့ ကျောနံပါတ် ၇ ပါတဲ့ စီရော်နယ်ဒို နာမည်နဲ့ အကျီင်္ပုံတွေ အွန်လိုင်းပေါ်မှာ ပျံနှံလာခဲ့ပါတယ်။ ဒီအချိန်မှာ မန်ယူကလည်း စီရော်နယ်ဒိုရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး သာမန် ကစားသမား တစ်ဦးအတွက်တောင် ပေါင်သန်း ၆၀ လောက်အသာ လေးပေးနေရချိန်မှာ သူ့အတွက် ပေါင် ၈၈ သန်း ဆိုတော့ တကယ်သာရမယ်ဆိုရင် မန်ယူဘက်က မပေးနိုင်စရာအကြောင်း မရှိပါဘူး။ နောက်ပြီး ကစားသမားရဲ့ လစာက တစ်ပတ်ပေါင် ၅၀၀၀၀၀ ဆိုတာကိုလည်း မန်ယူက အေးဆေးပေးနိုင်ပါတယ်။ ဒိုလေးကလည်း အသင်းဟောင်းမန်ယူကို ပြောင်းခြင်တဲ့ဆန္ဒ ရှိနေတာပါ။
ဖခင်ပြန်ပေးဆွဲခံရခြင်းကို ထိမ်ချန်ပြီး ကမ္ဘာ့ဖလားပွဲကစားခဲ့ဟု နိုင်ဂျီးရီးယား အသင်းခေါင်းဆောင်မီခေးလ်ပြော
နိုင်ဂျီးရီးယားတွင် ဖခင်ဖြစ်သူ ပြန်ပေးဆွဲခံရပြီး ရဲတိုင်လျှင် ပစ်သတ်မည်ဆိုသော သတင်းကို ကြားသိရပြီးနောက် လေးနာရီအကြာ၌ နိုင်ဂျီးရီးယား အသင်းခေါင်းဆာင် ဂျွန်အိုဘီမီ ခေးလ်သည် အရေးကြီးသော အာဂျင်တီးနား နှင့်ပွဲတွင် ပါဝင်ကစားခဲ့သည်။
‘‘အဲဒီကိစ္စကို ကျွန်တော့် ခေါင်းထဲက ထုတ်ထားပြီး ကျွန်တော့်နိုင်ငံအတွက် အရင်ဆုံးသွားပြီး ကိုယ်စားပြုခဲ့ ပါတယ်’’ ဟု မီခေးလ်က ပြောသည်။ မီခေးလ် ကအသင်းမတည်မငြိမ် မဖြစ်စေ ရေး ယင်းသတင်းကို အသင်းဖော် များနှင့် နည်းပြကို အသိမပေးဘဲ အာဂျင်တီးနားကို ရင်ဆိုင်ခဲ့ သည်။
ဂျပန်၏ ကမ္ဘာ့ဖလားပွဲစဉ်များရလဒ်ကို မှန်ကန်စွာ ဟောကိန်းထုတ်ခဲ့သည့် ရေဘဝဲသတ်ဖြတ်ရောင်းစားခံရ
ပိုင်ရှင်က သတ်ဖြတ်ကာ ဆူရှီအဖြစ်စားသုံး ရန် ရောင်းချခဲ့သည်။
ရာဘီယိုဟု အမည်ပေးထားသော ယင်းရေဘဝဲသည် မှန်ကန်သော ကြိုတင်ဟောကိန်းများနှင့်အတူ အနာဂတ်ကို ကြိုသိကြောင်း ချီးကျူးခံခဲ့ရသည်။
သို့သော် ယင်းရေဘဝဲကို ဖမ်းဆီးရမိသည့် ငါးဖမ်းသမား ကီမီယိုအာဘေးက ၎င်းကိုယင်း သို့ အသုံးပြုခြင်းထက် အစားအ စာအဖြစ် ရောင်းချပါက ငွေပိုရ မည်ဟု ခံစားရသဖြင့် သတ်ဖြတ် ရောင်းစားခြင်းဖြစ်သည်။
အီဂျစ်တိုက်စစ်မှူး ဆာလက် လီဗာပူးအသင်းနှင့် ငါးနှစ်စာချုပ် သက်တမ်းတိုး
လန်ဒန် – ကမ္ဘာ့ဖလားမှ စောစော စီးစီးထွက်ရသည့် အီဂျစ်အသင်းတိုက်စစ်မှူး မိုဟာမက်ဆာလက်သည် လီဗာပူးတွင် ငါးနှစ် သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။
ဆာလက် (၂၆) နှစ်သည် ပြီးခဲ့သည့်နွေရာ သီကလီဗာပူးသို့ ပေါင် ၃၄ သန်းဖြင့် ရောက်လာပြီး ကလပ်အတွက် ၅၂ ပွဲ ကစားထားကာ ၄၄ ဂိုးသွင်းယူခဲ့သည်။ ၎င်း၏စာချုပ်သစ်သည် ၂၀၂၃ တွင် သက်တမ်း ကုန်မည်ဖြစ်ပြီး စာချုပ် ဖျက်သိမ်းကြေး ပါဝင်ခြင်း မရှိပေ။
ဆွီဒင်-ဆွစ်ဇာလန်၊ ကိုလံဘီယာ-အင်္ဂလန် တို့ အကြိတ်အနယ် ယှဉ်ပြိုင်မည့်ည
ဆွီဒင်-ဆွစ်ဇာလန်
(ည ၈ နာရီခွဲ)
ဂျာမနီ၊ မက္ကဆီကိုနှင့် တောင်ကိုရီးယားတို့ပါဝင်သော အုပ်စုတွင် ဆွီဒင်အုပ်စုပထမရခဲ့ခြင်းသည် ကံကြောင့် မဟုတ်ဘဲ ကြိုးစားမှု၏ ရလဒ်သာဖြစ်သည်။
ဂျာမနီကို နာကျင်အချိန်ပိုအနိုင်ဂိုးဖြင့် ရှုံးနိမ့်ပြီး မျှော်လင့်ချက်မဲ့သလိုဖြစ်ခဲ့သော်လည်း ဆွီဒင်သည် မက္ကဆီကိုကို သုံးဂိုးပြတ် အနိုင်ယူခဲ့ခြင်းက စိတ်ဓာတ်မာကျောမှုကြောင့်ဖြစ်သည်။ မျှော်လင့်ခံထားရခြင်း မရှိသောကြောင့် ဖိအားကင်းကင်း ကစားနိုင်ခြင်းက ဆွီဒင်အတွက် အားသာချက် ဖြစ်စေသည်။