
ဖီဖာရဲ့ The Best ဆုပေးပွဲအခမ်းအနားကို စီရော်နယ်ဒိုနဲ့ မက်ဆီတို့ တက်ရောက်မှု မရှိခဲ့ခြင်းဟာ လေးစားမှုကင်းမဲ့တဲ့ အပြုအမှုများဖြစ်ကြောင်း အီတလီနည်းပြဟောင်း ကာပယ်လိုက ဝေဖန်ခဲ့ပါတယ်။ အကောင်းဆုံးဆုရဖို့အတွက် ရေပန်းစား မှုတွင် မိုဒရစ်က ရေပန်းအစားဆုံးဖြစ်ခဲ့ပြီး အကောင်းဆုံးဆုကိုလည်း မိုဒရစ်ကပဲရရှိခဲ့တာဖြစ်ပါတယ်။မက်ဆီမှာအကောင်း ဆုံး ဆန်ကာတင် ၃ ဦးစာရင်းတွင် အံသြဖွယ်ပါဝင်လာခြင်း မရှိခဲ့ပေမယ့် စီရော်နယ်ဒိုကတော့ ပါဝင်ခဲ့ပြီး ဆုပေးပွဲကို မတက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။









