ဒီဇင်ဘာလ ၃ ရက်နေ့ကျရင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ၂၀၁၈ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or ဆု) ရွေးချယ်ပေးအပ်တော့မှာပါ။ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း Ballon d’Or ဆုအတွက် ပဏာမကစားသမား ၃၀ စာရင်း ထုတ်ပြန်ရာမှာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း Ballon d’Or ဆု ၅ ကြိမ်စီ ဆွတ်ခူးထားတဲ့ မက်ဆီ၊ ရော်နယ်ဒိုတို့ ပါဝင်နေပါတယ်။
စက်တင်ဘာလအတွက် လာလီဂါအကောင်းဆုံးကစားသမားဆုကို မက်ဆီ ရရှိ
ဘာစီလိုနာစူပါစတား မက်ဆီဟာ စပိန်လာလီဂါရဲ့ စက်တင်ဘာလအတွက် အကောင်းဆုံး ကစားသမား ဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။
မက်ဆီဟာ ဘာစီလိုနာရဲ့ နူကမ့်ကွင်းမှာ ဆီဗီလာအသင်းနဲ့ ကစားမယ့် စနေနေ့ပွဲစဉ်မတိုင်မီ အဆိုပါဆုကို လက်ခံရယူသွားမှာဖြစ်ပါတယ်။
“ဘာစီလိုနာတိုက်စစ်မှူး လီယို မက်ဆီဟာ စက်တင်ဘာလအတွက် လာလီဂါအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။”လို့ လာလီဂါပြိုင်ပွဲရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
တာတိုအပြေးဘုရင် အူစိန်ဘော့ ကြေးစားဘောလုံးသမားဘဝခံယူရန် နီးစပ်လာ
အိုလံပစ် တာတိုအ ပြေးချန်ပီယံ အူစိန်ဘော့ကို မော်လ်တာနိုင်ငံအခြေစိုက် ဘောလုံးကလပ်တစ်ခုက ၂ နှစ်စာချုပ် ဖြင့် ကမ်းလှမ်းခဲ့ကြောင်း ESPN သတင်းဌာနက ဖော်ပြသည်။
ဩစတြေးလျကလပ် Cen-tral Coast Mariners ၌ ဘောလုံးစွမ်းရည် စမ်းသပ်မှုခံယူနေသူ အိုလံပစ် ရွှေတံဆိပ် ရှစ်ခုရှင် ဂျမေကာနိုင်ငံသား ဘော့ကို ဒီဇင်ဘာ ၁၃ ရက်တွင် ဘယ်လ်ဇန်နှင့် ကစားမည့် မော်လ်တာ စူပါဖလားပွဲ၌ ပါဝင်နိုင်ရေး အချိန်မီစာချုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း မော်လ်တာချန်ပီယံရှစ်မှ Velletta Fc အသင်းက ပြောသည်။
မန်ယူအသင်းအား ၀ယ်ယူရန် ဆော်ဒီတော်ဝင်မင်းသားတစ်ဦး ပစ်မှတ်ထားနေ
ဆော်ဒီအာရေဗျနိုင်ငံ၏ တော်ဝင်မင်းသားတစ်ဦးဖြစ်သူ မိုဟာမက်ဘင်ဆယ်လ်မန် သည် ပရီးမီးယားလိဂ်ကလပ် မန်ယူ အသင်းတွင် ရင်းနှီးမြှုပ်နှံရန်နှင့် အနာဂတ်တွင် မန်ယူအသင်းအား ၀ယ်ယူသွားရန် ပစ်မှတ်ထားနေကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။
အသက် ၃၃ နှစ်အရွယ်ရှိ မိုဟာမက်ဘင်ဆယ်လ်မန် သည် ဆော်ဒီဘုရင်၏ သားတစ်ဦးဖြစ်ကာ ဆော်ဒီအာရေဗျ နိုင်ငံ၏ ဒုတိမြောက် သြဇာအာဏာ အကြီးမားဆုံးပုဂ္ဂိုလ်လည်းဖြစ်သည်။ မိုဟာမက်ဘင်ဆယ်လ်မန်တို့ မိသားစုသည် ပေါင်သန်း ၈၅၀ ဘီလီယံခန့် ချမ်းသာကြွယ်ဝကြောင်း သတင်းများတွင် ဆက်လက် ရေးသားထားသည်။
ရိုင်းစိုင်းပြီး မသင့်တော်တဲ့ စကားလုံးတွေအတွက် မော်ရင်ဟိုကို FA စွဲချက်တင်
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က ဒီလအစောပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မန်ယူ ၃-၂ နယူးကာဆယ်ပွဲအပြီး ပြောဆိုခဲ့တဲ့ မသင့်တော်တဲ့ စကားလုံးတွေအတွက် မန်ယူနည်းပြ မော်ရင်ဟိုကို အင်္ဂါနေ့က စွဲချက်တင်ခဲ့ပါတယ်။
အက်ဖ်အေရဲ့ ထုတ်ပြန်ချက်မှာ အောက်တိုဘာ ၆ ရက်က မန်ယူနှင့် နယူးကာဆယ်ပွဲစဉ်ပြီးဆုံးချိန် မော်ရင်ဟိုဟာ ဥမင်အတွင်း ဝင်ရောက်ခဲ့စဉ်မှာ ရိုက်ကူးရေး တီဗွီကင်မရာဘက်ကို လှည့်ပြီး ရိုင်းစိုင်းပြီး မသင့်တော်တဲ့ စကားတွေကို ပြောဆိုခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။
ပြင်သစ်နည်းပြကို ဝေဖန်ပြီး နောက်ခံလူ ကိုစီယယ်နီ နိုင်ငံတကာ ကစားသမားဘဝ အနားယူ
ဒဏ်ရာရစဉ်ကာလအတွင်း ၎င်းအပေါ် ပြင်သစ်နည်းပြ ဒက်စ်ချမ့်၏ ဆက်ဆံပုံများကို ပြင်သစ်နှင့် အာဆင်နယ် နောက်ခံလူ ကိုစီယယ်နီက ဝေဖန်ခဲ့ပြီး နောက် နိုင်ငံတကာကစားသမား ဘဝမှ အနားယူခဲ့သည်။
ကိုစီယယ်နီ (၃၃) နှစ်သည် မေလက ယူရိုပါလိဂ်အကြိုဗိုလ်လုပွဲတွင် ဖနောင့်ကြောဒဏ်ရာရခဲ့ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲနှင့် လွဲချော်ခဲ့သည်။
ဒဏ်ရာကြောင့် အနားယူနေချိန်အတွင်း ဒက်စ်ချမ့်အပြင်လူအများအပြားက ၎င်းကို စိတ်ပျက်ခဲ့ကြောင်း ကိုစီယယ်နီက ဆိုသည်။
စပိန်ကိုအနိုင်ရခဲ့ပြီးနောက် အသင်းသားများကို အင်္ဂလန်နည်းပြဆောက်ဂိတ် ချီးကျူး
ဆီဗီးမြို့မှာ စပိန်ကို (၃-၂)ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးနောက် အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ အသင်းသားတွေကို ချီးကျူးသွားခဲ့ပါတယ်။ တိုက်စစ်မှူးစတာလင်းရဲ့(၃)နှစ်အတွင်း ပထမဆုံးနိုင်ငံတကာ သွင်းဂိုးတွေအပြင် ရက်ဖို့ဒ်ရဲ့ ဂိုးနဲ့ အင်္ဂလန်ဦးဆောင်နိုင်ခဲ့ပြီး နည်းပြအင်းနရစ်ရဲ့စပိန်က ချေပဂိုးတွေလိုက်သွင်းခဲ့တာပါ။ ဒီရလဒ်ဟာ အင်္ဂလန် အသင်းအတွက် မှတ်တမ်းတခုဖြစ်ခဲ့ပြီး ၁၉၅၉ ခုနှစ်ပြီးနောက် ပျမ်းမျှအသက်အငယ်ဆုံးအသင်း ဖြစ်ခဲ့ပါတယ်။
ခါဘီရဲ့ စိန်ခေါ်မှုကို တုန့်ပြန် လိုက်ပြီ ဖြစ်တဲ့ မေ၀ဲသာ
ဒီမနက်ခင်းမှာပဲ UFC လိုက်ဝိတ်ချန်ပီယံ ရုရှား ဖိုက်တာ ခါဘီ ရဲ့ စိန်ခေါ်မှု နဲ့ ပတ်သက်ပြီး လက်ဝှေ့ ဆရာကြီး မေ၀ဲသာ ကတော့ တုန့်ပြန်လိုက်ပြီဖြစ်ပါတယ်။ မေ၀ဲသာက ခါဘီ အနေနဲ့ သူ့ကို စိန်ခေါ်မယ်ဆိုရင် အရင်ဆုံး MGM Grand Arena ဟာ ထိုးသတ်ဖို့ နေရာကောင်း တစ်ခုပဲလို့ ညွှန်းဆို သွားခဲ့သလို ၊ ရုပ်သံထုတ်လွှင့်သူတွေ အနေနဲ့ ဘယ်လောက်အထိ အကျိုးအမြတ်ပေးနိုင်မလဲဆိုတာ အရင်ဆုံး ဆန်းစစ်ပေးဖို့ ပြောဆိုသွားခဲ့ပါတယ်။
ဘော်နာကိုရစ်ကို အနိုင်ယူပြီး ဂျိုကိုဗစ် ရှန်ဟိုင်းမာစတာဖလား ဆွတ်ခူး၊ ကမ္ဘာ့အဆင့် (၂) ဖြစ်လာ
ဆားဘီးယားတင်းနစ် ချန်ပီယံ ဂျိုကိုဗစ်သည် ပြိုင်ပွဲဝင် အဆင့် (၁၃) သတ်မှတ်ခံရသော ခရိုအေးရှားမှ ဘော်နာကိုရစ်ကို အပြတ်အသတ်နိုင်ကာ ၎င်း၏ စတုတ္ထမြောက် ရှန်ဟိုင်းမာစတာ ဖလားကို ဆွတ်ခူးခဲ့သည်။
စနေနေ့က ဆီမီးတွင် ရော် ဂျာဖက်ဒဲရာကို မထင်မှတ်ဘဲ အ နိုင်ရကာ မာစတာတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲသို့ ပထမဆုံး တက် ရောက်နိုင်ခဲ့သော ကိုရစ်(၂၁)နှစ်သည် ဂျိုကိုဗစ်ကို ၆-၃၊ ၆-၄ ဖြင့် အပြတ်အသတ်ရှုံးနိမ့်ခဲ့သည်။
သုံးနိုင်ငံလက်ဝှေ့ပြိုင်ပွဲတွင် မြန်မာလက်ဝှေ့ကျော်များ အောင်ပွဲခံ
ရန်ကုန်မြို့တွင် ကျင်းပသည့် မြန်မာ – ထိုင်း – ဥဇ ဘက်ကစ္စတန် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ၌ မြန်မာ့လက်ဝှေ့ကျော် စိုးလင်းဦးက ထိုင်းလက်ဝှေ့ ကျော်ဖွားဆိုလကို တတိယအချီ ၌ အလဲထိုးဖြင့်အနိုင်ရခဲ့သည်။
အောက်တိုဘာ ၁၄ ရက်က သိမ်ဖြူအားကစားရုံတွင် ကျင်းပသည့် အဆိုပါ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ အဓိကတွဲဆိုင်း၌ စိုးလင်း ဦးနှင့် ဖွားဆိုလတို့ အကြိတ်အနယ်ထိုးသတ်ခဲ့သည်။