
ပြင်သစ်လီဂူး ပြိုင်ပွဲကျင်းပရေးကော်မတီသည် လုံခြုံရေးဆိုင်ရာ စိုးရိမ်ရသည့်အခြေအနေများကြောင့် ပြင်သစ်လီဂူး ပွဲစဉ်အချို့ကို ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သည်။
ပြင်သစ်တွင် အစိုးရအား ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲများ ပြုလုပ်နေကြသည်။ အဓိကမြို့ကြီးများတွင် လူအများက မီးရှို့ဖျက်ဆီးမှုများအပါအ၀င် လုံခြုံရေးထိခိုက်နိုင်သည့် အပြုအမူများကို ပြုလုပ်နေကြသည်။
ထို့ကြောင့် ပြင်သစ်ရဲအဖွဲ့က ပရိသတ်စုရုံးမှု ပိုများနိုင်သည့်ဘောလုံးပွဲများကြောင့် ပိုမိုရှုပ်ထွေးလာနိုင်သည့် အခြေအနေများရှိနေ၍ ပြင်သစ်လီဂူးထံသို့ ပွဲရွှေ့ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။









