ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲထိုးသတ်ရန် အောင်လဆန်ဆန် ဂျပန်နိုင်ငံသို့ ရောက်ရှိ

မြန်မာ MMA ကစားသမား အောင်လအန်ဆန် သည် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲ ထိုးသတ်ရန် မတ် ၂၄ ရက်က ဂျပန်နိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်သည်။

အောင်လအန်ဆန်သည် ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲကို မတ် ၃၁ ရက်မှ ထိုးသတ်ရမည်ဖြစ်သော်လည်း ကြိုတင်လာရောက်ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ် ဇွန် ၃၀ ရက်တွင် ရရှားနိုင်ငံသား မစ်တာလီဘစ်ဒက်ရှ်ကို အနိုင်ယူကာ မစ်ဒယ်ဝိတ်တန်းကမ္ဘ့ာချန်ပီယံဖြစ်လာခဲ့ပြီး နှစ်နှစ်ကြာကာလအတွင်း ချန်ပီယံကာကွယ်ပွဲ သုံးပွဲမြောက်ထိုးသတ်ရခြင်းဖြစ်သည်။

ဥရောပ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဒဏ်ငွေပြစ်ဒဏ် နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ရိုနယ်ဒို

ဂျူဗင်တပ်အသင်း တိုက်စစ်မှူး ရိုနယ်ဒိုကို မလျော်ကန်တဲ့ ပုံစံနဲ့ အောင်ပွဲခံခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ စစ်ဆေးနေခဲ့တဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်ကနေ သူ့ရဲ့အောင်ပွဲခံမှုပုံစံနဲ့ ပတ်သက်ပြီး ဒဏ်ငွေ ယူရို (၂) သောင်းပေးချေဖို့အတွက် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

MFF ဖူဆယ်လိဂ်ပြိုင်ပွဲတွင် MICအသင်းဗိုလ်စွဲ

MFF ဖူဆယ်လိဂ်(၂၀၁၈)မှာ MICအသင်းက ရမှတ်(၆၃)မှတ် ရရှိပြီး အမှတ်ပေးချန်ပီယံဆုဖလား ရရှိသွားပါတယ်။ MIC အသင်းဟာ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ပွဲစဉ်(၂၂)မှာ VUC အသင်းနဲ့ ယှဉ်ပြိုင်ကစားရာမှာ နှစ်ဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး VUCအသင်းနဲ့ ရမှတ်တူသွားပေမယ့်လည်း ပထမအကျော့မှာ သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိထားတာကြောင့် ထိပ်တိုက်တွေ့ဆုံမှုစည်းမျဉ်းအရ ဗိုလ်စွဲနိုင်ခဲ့တာဖြစ်ပါတယ်။ တတိယနေရာလုပွဲဖြစ်တဲ့ Myoma YTD FC အသင်း နဲ့ GV Athletic FC အသင်းတို့ပွဲစဉ်မှာတော့ GV Athletic အသင်းက (၄-၁) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ MFF ဖူဆယ်လိဂ် (၂၀၁၈)မှာ ဖူဆယ်ကလပ်အသင်းပေါင်း (၁၂)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးကို ၀ယ်ဖို့ ဗြိတိန်သူဌေး ရက်ကလစ်ဖ် စိတ်ဝင်စားပေမယ့် မိုဗစ်ခ်ျရဲ့ တောင်းဆိုဈေးကြောင့် အဆင်ပြေဖို့ မလွယ်သေး

ဗြိတိန်အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဆာဂျင်(မ်)ရက်ကလစ်ဖ် ဟာ ချဲလ်ဆီးအသင်းကို ၀ယ်ဖို့ စိတ်ဝင်စားနေပေမယ့် ရုရှားသူဌေး အေဘရာမိုဗစ်ခ်ျ တောင်းဆိုတဲ့ ဈေးကြောင့် အဆင်ပြေဖို့ မလွယ်လောက်ဘူးလို့ သုံးသပ်နေကြပါတယ်။ အေဘရာမိုဗစ်ခ်ျဟာ ချဲလ်ဆီးအသင်းကို ပေါင်(၂.၅)ဘီလျံ ရမှ ရောင်းမယ်လို့ ဆိုထားပါတယ်။

သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး နည်းပြအဖြစ် ရီးနာ့စ်မစ်ချယ် နှင့် ဖာဂူဆန်တို့ ထိပ်ဆုံး၌ ရပ်တည်

သြဇာကြီးမားသော မဂ္ဂဇင်း France Football ၏ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးနည်းပြ ၅၀ ဦးစာရင်းတွင် နယ်သာလန် နည်းပြဟောင်း ရီးနာ့စ်မစ်ချယ်က ဦးဆောင်နေပြီး ဒုတိယနေရာ၌ မန်ယူနည်းပြဟောင်း ဖာဂူဆန်က ရပ်တည်နေသည်။

ပလေယာချန်ပီယံရှစ်ဂေါ့ဖ်ပြိုင်ပွဲမှာ မက်အီရွိုင်း အနိုင်ရဗိုလ်စွဲ

၂၀၁၉)ပလေယာချန်ပီယံရှစ်(Players Championship) ဂေါ့ဖ်ပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် ပွန်တီဗီဒရာကမ်းခြေမှာ တနင်္ဂနွေနေ့က ကျင်းပပြီးစီးပြီး မြောက်အိုင်ယာလန်ဂေါ့ဖ်သမား မက်အီရွိုင်း ဗိုလ်စွဲသွားပါတယ်။ မက်အီရွိုင်းကတော့ ပထမနေ့မှာ(၆၇)ချက်၊ ဒုတိယနေ့မှာ(၆၅)ချက်နဲ့ နောက်ဆုံးနှစ်ရက်မှာ ရိုက်ချက်(၇၀)စီ ရိုက်ခဲ့ပါတယ်။ ဒါကြောင့် လေးရက်ပေါင်း(၂၇၂)ချက်နဲ့ စုစုပေါင်း(၁၈)ချက်လျော့ရိုက်ပြီး ချန်ပီယံဆုရသွားပါတယ်။ ဒီချန်ပီယံဆုကို မြောက်အိုင်ယာလန်ဂေါ့ဖ်သမားအနေနဲ့ ပထမဆုံးရရှိသွားတာလည်း ဖြစ်ပါတယ်။ အမေရိကန်ဂေါ့ဖ်သမားဂျင်ဖာ့ခ်က (၇၁၊၆၄၊၇၁၊၆၇)ချက်နဲ့ လေးရက်ပေါင်း(၂၇၃)ချက်ရိုက်ပြီး ဒုတိယ ရပါတယ်။ တတိယဆုကိုတော့ အင်္ဂလန်ဂေါ့ဖ်သမား အက်ဒီပက်ပရယ်နဲ့ ဗင်နီဇွဲလားဂေါ့ဖ်သမား ဂျော်နသန် ဗီဂက်တို့က လေးရက်ပေါင်း(၂၇၄)ချက်စီနဲ့ ပူးတွဲရရှိပါတယ်။ ဒီပြိုင်ပွဲက ယူအက်စ်ပီဂျီအေတိုး ပြိုင်ပွဲဖြစ်ပြီး ဆုကြေးစုစုပေါင်း ဒေါ်လာ(၁၂ဒသမ၅)သန်းနဲ့ ဆုကြေးအများဆုံးချီးမြင့်တဲ့ မေဂျာပြိုင်ပွဲဖြစ်ပါတယ်။

Indian Wells ပြိုင်ပွဲတွင် သိုင်ရန်နှင့် အန်ဒရက်ကူတို့ဗိုလ်စွဲ

အမေရိကန်    ကျင်းပခဲ့သော Indian Wells တင်းနစ်ပြိုင်ပွဲတွင် ဒိုမီနစ်သိုင်ရန်က ရော်ဂျာဖက်ဒရာကို အနိုင်ရ ဗိုလ်စွဲခဲ့သည့်အပြင် အမျိုးသမီးပြိုင်ပွဲတွင်လည်း ကနေဒါမှ အန်ဒရက်ကူက အိန်ဂျယ်လီကာဘာကို အနိုင်ရကာ ဗိုလ်စွဲခဲ့သည်။ ဂရင်းစလင်းပြိုင်ပွဲတွင် ၂၄ ကြိမ်အထိ ဗိုလ်စွဲခဲ့ဖူးသော ဖက်ဒရာသည် ဒိုမီနစ်သိုင်ရန်အား အစပိုင်းတွင် သုံးပွဲပြတ်ဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ၃-၆၊ ၆-၃၊ ၇-၅ဖြင့် အရှုံးပေးခဲ့ရခြင်းလည်းဖြစ်သည်။ အသက် ၁၈ နှစ်သာ ရှိသေးသော ကနေဒါနိုင်ငံသူ အန်ဒရက်ကူသည်လည်း ဂျာမနီမှ ကမ္ဘာအဆင့် ၈ အိန်ဂျယ်လီကာဘာကို ၄-၆၊ ၆-၃၊ ၄-၆ ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌအဖြစ် ဦးဇော်ဇော်ရွေးချယ်ခံရ

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ဟာ ဒုတိယ အကြိမ်မြောက်အဖြစ် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ တာဝန်ကို ဆက်လက်ထမ်းဆောင် ရမှာဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်မှာ အဆိုပြုရွေးချယ်ခဲ့တာပါ။

Twitter ပေါ်တွင် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များ ပေါက်ကြားမှုဖြစ်ပွား

Twitter ပေါ်တွင် ယူအီးအက်ဖ်အေဒါရိုက်တာတစ်ဦးကြောင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များ မတော်တဆ ပေါက်ကြားမှုဖြစ်ပွားသွားခဲ့သည်။ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မဲခွဲမှုကို ယနေ့ညဦးပိုင်းတွင် ပြုလုပ်မည် ဖြစ်သော်လည်း ယူအီးအက်ဖ်အေ ဒါရိုက်တာတစ်ဦးက Twitter ပေါ်တွင် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပွဲစဉ်များ ပါဝင်နေသည့် စာရွက်တစ်စောင်ကို မတော်တဆ တင်လိုက်မိရာမှ ပေါက်ကြားသွားခဲ့ခြင်းဖြစ်သည်။ ၄င်းက သူက သူ၏ ပို့စ်ကို ချက်ချင်းဆိုသလို စက္ကန့်ပိုင်းအတွင်း ပြန်ဖျက်သွားခဲ့သော်လည်း စက္ကန့်ပိုင်းအတွင်း လူအများ စိတ်ဝင်တစား ရှိခဲ့ပြီး အကြီးအကျယ် လှုပ်ခတ်သွားခဲ့သည်။

Century Break အကြိမ်(၁၀၀၀)ပြည်သူ့အဖြစ် စံချိန်တင်နိုင်ခဲ့တဲ့ စနူကာကစားသမား အိုဆူလီဗန်

ဗြိတိန်စနူကာ ကစားသမား ရွန်နီအိုဆူလီဗန်ကတော့ ပရော်ဖက်ရှင်နယ် ကစားသမားဘ၀တစ်လျှောက်မှာ Century Break (တစ်ကျူတည်းဖြင့် ရမှတ် (၁၀၀)နဲ့ အထက်ရရှိမှု)အကြိမ်(၁၀၀၀) ပြည့်မြောက်ခဲ့တဲ့ ပထမဆုံး စနူကာ ကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။