
ရီးရဲလ်အသင်းဟာ လိုင်ယွန်ဘယ်နောက်ခံလူ မန်ဒီကို ခေါ်ယူနိုင်ပြီလို့ ဗုဒ္ဓဟူးနေ့က အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။ မန်ဒီဟာ အခုနွေရာသီမှာ ရီးရဲလ်ကိုရောက်ရှိလာခဲ့တဲ့ (၅)ယောက်မြောက် ကစား သမားလည်းဖြစ်ခဲ့ပါတယ်။ အသက်(၂၄)နှစ်အရွယ်မန်ဒီဟာ ရီးရဲလ်နဲ့(၆)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ဇွန်လ(၁၉)ရက်၊ ဘာနေဗျူးမှာ ရီးရဲလ်ကစားသမားအဖြစ် မိတ်ဆက်ပွဲကျင်းပသွားမှာပါ။ ရီးရဲလ်ဟာ မန်ဒီကို ပေါင်(၄၉)သန်းနဲ့ ခေါ်ယူခဲ့ပြီး အခုနွေရာသီမှာ ကစားသမား(၅)ဦးခေါ်ယူမှုအတွက် ပေါင်(၃၄၄)သန်း အသုံးပြုထားပြီးဖြစ်ပါတယ်။








