
ပြင်သစ်အမျိုးသမီးအိုးပင်း ဗိုလ်လုပွဲတွင် သြစတြေးလျနိုင်ငံ သူ အက်ရှ်လေဘာတီ (၂၃) နှစ် က ချက်နိုင်ငံမှ ဆယ်ကျော်သက် မာကီတာဗွန်ဒရောဆိုဗာကို အ နိုင်ရကာ ပထမဆုံးဂရင်းဆလမ် ဆုဖလား ဆွတ်ခူးခဲ့သည်။
ပါရီမြေစေးကွင်းတွင် နိုင် ခြေအဆင့် (၈)ရှိသူ ဘာတီက အသက် (၁၉) နှစ်အရွယ် မာကီ တာကို ၆-၁၊ ၆-၃ ဖြင့် အနိုင်ရရှိသည်။ ဘာတီသည် ပရော်ဖက်ရှင် နယ် ခရစ်ကတ်ကစားရန် ၂၀၁၄ က တင်းနစ်လောကမှ နုတ်ထွက် ခဲ့ပြီး ၁၇ လအကြာတွင် တင်းနစ် လောကသို့ ပြန်လည်ဝင်ရောက် ခဲ့သည်။








