နမ့်ဆန်ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ်
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ပြည်ခိုင်ဖြိုးပါတီရုံး၌ မြို့နယ်ပါတီ ကော်မတီဝင်များတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပြီး ရက်(၉၀) စီမံချက် အကောင်အထည်ဖော်နိုင်ရေးကို နယ်မြေဒေသအခြေအနေ အပေါ် မူတည်၍ လုပ်ကိုင်ဆောင်ရွက် ကြရန် ဆွေးနွေးညှိနိုင်းခဲ့ကြ ပါသည်။
ဒက္ခိဏသီရိမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ ကျေးရွာများတွင် ဆိုင်းဘုတ်တင်ပွဲများပြုလုပ်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ကျောက်ခဲအင်းကျေးရွာ၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်၊ နံနက် ၉ နာရီအချိန်၌လည်းကောင်း ၊ ကျွဲတဲကျေးရွာတွင် နံနက် ၁၀ နာရီအချိန်နှင့် ရွှေခဲအင်းကျေးရွာ၌ နံနက် ၁၁ နာရီအချိန်တို့တွင်လည်းကောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဆိုင်းဘုတ်များ အသီးသီးတင်ခဲ့ခြင်းကို ပြည်ထောင်စုနယ်မြေမှ ဦးလှဆွေ၊ တိုင်းအတွင်းရေးမှူး ဦးဝင်းဌေး ၊ ဒက္ခိဏသီရိခရိုင်မြို့နယ်ပါတီဥကဌများ သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှုးများနှင့် စည်းရုံးရေးမှုးများ တက်ရောက် စိုက်ထူခဲ့ကြပါသည်။ အဆိုပါ ဆိုင်းပုဒ်တင်ပွဲများပြုလုပ်စဉ် ဒေသခံ ရပ်မိရပ်ဖပြည်သူများနှင့်လည်း ရေနွေးကြမ်းစကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ပန်းတောင်းမြို့နယ် လူငယ်နှင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များတွေ့ဆုံ
ပြည်ခရိုင် ၊ပန်းတောင်းမြို့နယ် လူငယ်နှင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များသည် ၅-၁၂-၂၀၂၂ ရက်နေ့တွင် ရွှေဘုံသာမုနိရင်ပြင်တော်တွင် သန့်ရှင်းရေးဆောင်ရွက်ပြီးနောက် တွေ့ဆုံပွဲ ဆက်လက်ပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ တိုင်းပါတီကော်မတီဝင် ဦးလှမင်း၊ ပြည်ခရိုင်ပါတီဥက္ကဌ ဒေါ်ဆွေဆွေသင်းနှင့် ခရိုင်အတွင်းရေးမှူး ဦးအောင်ဇော်အေး ၊ ပန်းတောင်းမြို့နယ်ပါတီ ဥက္ကဌ ဦးသန်းဇော်နှင့် ကော်မတီဝင် များတက်ရောက်ပြီး ပါတီရှေ့လုပ်ငန်း စဉ်များညှိ့နှိုင်းဆွေးနွေးကြောင်းသိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီမှ Zoom Meeting ပြုလုပ်
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးအောင်ချိုဦးသည် ၅-၁၂-၂၀၂၂ ရက်နေ့တွင် တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ပါတီတာဝန်ရှိသူများနှင့် Zoom Meeting ဖြင့် တွေ့ဆုံပြီး ပါတီ၏ လုပ်ငန်းစဉ်များ၊ နယ်မြေဒေသအသီးသီးအတွင်း ဆောင်ရွက်နေမှု အခြေအနေများ အား တက်ရောက်လာသူများနှင့် အပြန်အလှန် ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။
ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ
ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ရွေဘုံသာရွာ ၊မကျီးစုရွာ၊ လက်ပံပုရွာ၊ ညောင်ပင်သာရွာများရှိ ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့်မြို့နယ်တာဝန်ခံ တိုင်းပါတီကော်မတီဝင် ဦးလှမင်း ပြည်ခရိုင်ပါတီဥက္ကဌ ဒေါ်ဆွေဆွေသင်း ခရိုင်အတွင်းရေးမှုးဦးအောင်ဇော်အေး၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးသန်းဇော်နှင့် ကော်မတီဝင်များသည် သက်ဆိုင်ရာ ရွာများ၏ ပါတီခေါင်းဆောင်များ အိမ်တွင်တွေ့ဆုံပြီး ရက်၉၀ စီမံချက်အကောင်ထည် ဖော်ဆောင်ရွက်နေမှုရှင်းလင်း၍ ပါတီဝင်အင်အားစာရင်း စိစစ်ခြင်း များဆောင်ရွက်ပြီး၊ ပြည်ခိုင်ဖြိုးပါတီ သို့ဝင်ရောက်လိုသောပါတီဝင်အသစ် ရှိနေကြောင်းတင်ပြမှုအပေါ်တာဝန်ရှိ သူများက ညှိ့နှိုင်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။
ကျန်းမာရေးဝန်ထမ်းများနှင့်ဆေးဝါးကုသမှု ခံယူနေကြသူများအား အားပေးစကားပြောကြားပြီး အဟာရ စားသောက်ဖွယ်ရာများလှူဒါန်း
ရှမ်းပြည်နယ် မြောက်ပိုင်း၊ဟိုပန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းဦးဆောင်သော အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက် နေ့နံနက် (၁၁) နာရီခန့်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ဥက္ကဋ္ဌနှင့် (ဝ) ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတိုင်းဥက္ကဋ္ဌတို့ဦးဆောင်သောအဖွဲ့များနှင်အတူ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ဟိုပန် မြို့၊မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ဆရာမများ၊ဆေးဝါးကုသမှု့ခံယူနေသူများအား အဟာရစားသောက်ဖွယ်ရာများပေးအပ်လှူဒါန်း ပြီးအားပေးစကားများပြောကြားခဲ့သည်။
ဒက္ခိဏသီရိဒေသခံတောင်သူများနှင့် ပါတီတောင်သူလယ်သမားရေးရာတာဝန်ခံ တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တောင်သူလယ်သမားရေးရာကော်မတီတာ၀န်ခံ ဦးမြင့်လှိုင် သည် နေပြည်တော် ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိမြို့နယ်က ဒေသခံတောင်သူလယ်သမားများနှင့် တွေ့ဆုံခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ဒက္ခိဏသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပြီး စိုက်ပျိုးရေးပညာပေး အကြောင်းအရာများ ဆွေးနွေးခဲ့သည်။ တွေ့ဆုံပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် ဦးမြင့်လှိုင် (တောင်သူ လယ်သမား ရေးရာကော်မတီဥက္ကဋ္ဌ)၊ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌဦးလှဆွေ၊ အတွင်းရေးမှုး ဦးဝင်းဌေး နှင့် ကော်မတီဝင်များ၊ ခရိုင်၊မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ဒက္ခိဏသီရိ ဒေသခံတောင်သူလယ်သမား ၄၀ ဦးနှင့် တွေ့ဆုံပညာပေးဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
မြန်အောင်ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
ဧရာဝတီတိုင်း ၊မြန်အောင်ခရိုင်၊မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုး ရုံးခန်းမတွင်ခရိုင်၊မြို့နယ် ဥက္ကဌ နှင့် ပါတီကော်တီဝင်များလစဉ်ပုံမန်အစည်းအဝေးကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ပါတီဝင်သစ်အင်အား တိုးပွားရေး၊နယ်မြေကွင်းဆင်း ဆောင်ရွက်ရေး၊ ဒီဇင်ဘာလအတွင်း လူငယ်၊အမျိုးသမီး တောင်သူ လယ်သမားပွဲများ ကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနိုင်းခြင်း၊ PRစနစ်အားရပ်ကျေးအုပ်စုများ အထိ ကျယ်ပြန့်စွာရှင်းလင်းဆောင်ရွက်နိင်ရေးတို့အား အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့် မြို့နယ်ပါတီဥက္ကဌများ တွေ့ဆုံဆွေးနွေး