၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ ဒဂုံ (ဆိပ်ကမ်း) မြို့နယ်တွင် ပြည်သူ့အကျိုး ဆောင်ရွက်ဖို့  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ‘ဦးခင်ဝင်း’ ကို မဲပေးကြပါစို့ ….
Crd;
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ ဒဂုံ (ဆိပ်ကမ်း) မြို့နယ်တွင် ပြည်သူ့အကျိုး ဆောင်ရွက်ဖို့  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ‘ဦးခင်ဝင်း’ ကို မဲပေးကြပါစို့ ….
Crd;
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သာကေတမြို့နယ် (၁ဝ၈) တောင် မဟာဗောဓိစွယ်တော်ရှင်စေတီ တော်မြတ်ကြီးအား ရွှေထီးတော်အသစ် တင်လှူပူဇော်ရန် အတွက် မတ် ၂ဝ ရက် ညနေပိုင်းတွင် အလှူတော် ငွေကျပ် ၁၃ သိန်းကို ဂေါပကအဖွဲ့သို့ သွားရောက် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
Union Daily
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လူငယ်ရေးရာ ဘင်ခရာသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထူးခိုင်၊ တိုင်းဒေသကြီးကော်မတီဝင် ဦးသန်းဇော်ထွန်း၊ ခရိုင် ပါတီဘဏ္ဍာရေးမှူး ဦးအောင်မိုးဦး၊ လူငယ်ရေးရာတာဝန်ခံ ဦးခင်ဝင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ သင်တန်းသား သင်တန်းသူ ၃ဝ ဦး တက်ရောက်ခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကကြီးမှူး၍ နိုင်ငံရေး စီမံခန့်ခွဲမှု နည်းပြဆင့်ပွားသင်တန်းအမှတ်စဉ် (၁/ ၂ဝ၁၇) ကို ယမန်နေ့ နံနက် ၈ နာရီခွဲတွင် ထားဝယ်မြို့ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အရန်ပါတီ ဗဟိုကော်မတီဝင် တိုင်း ဒေသကြီးပတီ အတွင်းရေးမှူး ဦးနေမျိုးက အဖွင့်အမှာ စကားပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ် မော်တင်ရပ်ကွက်တွင် ယမန်နေ့ နံနက်က ဆိပ်ကမ်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များပူးပေါင်း၍ မော်တော်ယာဉ် များဖြင့် စီတန်း၍ သွားရောက် ကြကာ တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ဇင်ဟိန်းသည် ယနေ့နံနက် ၁ဝ နာရီက ရေကျော်ကျေးရွာအုပ်စု ကျုံဖာကျေးရွာ ဦးခင်တိုးနေအိမ်၌မဲဆွယ်စည်းရုံးဟောပြောခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည်-
* အမျိုးသားရေးနှင့် အမျိုးသားအကျိုးစီးပွား ခိုင်မာတိုးတက်ရေးအတွက် ဦးစားပေး ဆောင်ရွက်မည်။
* လူ့အခွင့်အရေးထက် ပြည်သူလူထု၏ စားဝတ်နေရေးနှင့် လူမှုဘဝ လုံခြုံရေးကို ဦးစားပေးဆောင်ရွက်မည်။
* တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို မြှင့်တင် ပေးမည်။
* မူးယစ်ဆေးဝါးနှိမ်နင်းရေးအပါအဝင် တရားဥပဒေစိုးမိုးရေးကို ဦးစားပေးဆောင် ရွက်မည်။
* အခြေခံတည်ဆောက်ထားပြီးဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေး အောင်မြင်စေရန် အားပေးကူညီမည်။
* ဒီမိုကရေစီစနစ် ကျင့်သုံးသည့် သမ္မတနိုင်ငံအဖြစ် အခြေခံဥပဒေနှင့်အညီ
ပီပြင်အောင် တည်ဆောက်မည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပဲခူးတိုင်းဒေသ ကြီး မဲဆန္ဒနယ်မြေအမှတ်(၄)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဌေးနိုင်သည် ပဲနွယ်ကုန်းဒေသ ဇရပ်ခင်ကျေးရွာရှိ စည်းရုံးရေးမှူး ဦးမြင့်နိုင်နေအိမ်တွင် ကျေးရွာ အတွင်းရှိ မဲဆန္ဒရှင်မိဘ ပြည်သူ များအား ယနေ့နံနက် ၁ဝ နာရီက မဲဆွယ်စည်းရုံးဟောပြောခဲ့ကြောင်း သိရသည်။
ခိုင်ကြီး(ကျောက်ကြီး)
မေး- လာမယ့်ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိမယ်လို့ ယုံကြည်ပါသလား။
ဖြေ- အခုရွေးကောက်ပွဲကော်မရှင်အနေနဲ့ လုပ်ဆောင်နေတဲ့အပေါ်မှာတော့ အခုလည်းနိုင်ငံရေးပါတီတွေ ခေါ်ပြီး တော့ အစည်းအဝေးတွေလုပ်တယ်၊ တချို့ညွှန်ကြားချက်လေးတွေ ထုတ်တာလေးတွေရှိတယ်၊ ဒါလေးတွေတော့တွေ့ နေရတယ်၊ သို့သော်လည်းပဲ ကျွန်တော်တို့ပါတီ အနေနဲ့ပြောရရင် တချို့နေရာလေးတွေမှာ နည်းနည်းလေး အခက်အခဲ ဖြစ်တာလေးတွေ ရှိပါတယ်။ ဥပမာပြောရရင် မိုင်းရှူးမဲဆန္ဒနယ်မှာရှိတဲ့ မဲရုံတွေအနက် မဲရုံကိုးရုံလောက်က လုံခြုံရေး ယူရမယ့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်တို့၊ မီးသတ်တပ်ဖွဲ့ စသဖြင့်ပေါ့။ အဲဒီအဖွဲ့တွေကို လက်မခံဘူး၊ သူတို့ ဘာသာပဲ လုံခြုံရေးယူမယ်ဆိုပြီးတော့ပြောတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့က ဒါဟာ မဖြစ်သင့်ဘူး၊ လုံခြုံရေး ယူသင့်တယ်။ ဒါမှလည်း တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်၊ ဒါကြောင့်မို့လို့ ဒီဟာလေးက မဖြစ်သင့် ဘူးဆိုပြီး၊ ကန့်ကွက်လွှာတင်ထားတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမြင့်အောင် ၏ မဲဆန္ဒရှင်ပြည်သူများနှင့် သွားရောက်တွေ့ဆုံရာသို့ မတ်လ (၁၉) ရက်က ပြည်ခိုင်ဖြိုးပါတီ ဗပိာုအလုပ် အမှုဆောင် တောင်သူလယ် သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ မောင်သင်း နှင့် ဗဟိုအလုပ်အမှုဆောင် တိုင်းပါတီဥက္ကဌ ဒေါက်တာ မြင့်သိန်းတို့ လိုက်ပါအားပေး ခဲ့ကြသည်။