ညောင်လေးပင်၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ကွင်းဆင်းစည်းရုံး

 

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ညောင်လေးပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံမည့် အမှတ်(၄)မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းသည် ဒေသခံပြည်သူ များထံ မတ် ၂၂ ရက်က ကွင်းဆင်း စည်းရုံးခဲ့ကြောင်းသိရှိရပါသည်။

ဒီမိုကရေစီ စစ်မှန်ဖို့ ပြည်ခိုင်ဖြိုးကို မဲပေးကြပါစို့…

အောင်မြတ်သူ


အသိတရားနှင့်ယှဉ် သတိတရားနှင့် ပေါင်းစပ်ပြီး ပြည်ခိုင်ဖြိုးပါတီကိုယ်စား လှယ်လောင်းများကိုသာ ဆန္ဒမဲပေးကြစို့

 

ယနေ့ကာလတွင် အရည်အချင်းပြည့်ဝသော လွှတ်တော်ကိုယ်စားလှယ်များ ရရှိရေး၊ မိမိတို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီအခြေခံအချက်များ နှင့်အညီ ပြည်သူများခံစားနိုင်ရေး တို့အတွက် ၂ဝ၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ ဆန္ဒမဲ ပေးမှုအပေါ်သင်ခန်းစာယူပြီး ပြည်သူတို့ကိုယ်တိုင် ရွေးချယ်ကြရမည် ဖြစ်ပါတယ်။

ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ နာယကအဖွဲ့ဝင်များ တိုင်းပါတီကော်မတီဝင် များနှင့်တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကော်မတီရုံးတွင် ယမန်နေ့ နံနက် ၁ဝ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသ ကြီး ပါတီနာယကကြီးများ၊ ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ တွေ့ဆုံညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။

လှိုင်သာယာမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များအား တစ်အိမ်တက်ဆင်းတွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ်ခံမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြောက်ပိုင်းခရိုင်ဥက္ကဋ္ဌ ဦးတင်ယုနှင့်အတူ မြို့နယ်ပါတီဝင်များသည် လှိုင်သာယာမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များအား တစ်အိမ်တက်ဆင်း တွေ့ဆုံနေသည့်ပုံရိပ်များကို မတ် ၂၂ ရက်က တွေ့ရစဉ်။

ဖိုးအာကာ


ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ချင်းပြည်နယ် ဟားခါးမြို့တွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရပ်/ကျေးပါတီကော်မတီဝင်များ ပါတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ချင်းပြည်နယ် ဟားခါးမြို့ရှိ ပါတီဝင်များနှင့် ဟားခါးမြို့ရှိ ပြည်နယ်ပါတီရုံး ခန်းမ၌ မတ်လ (၂၂) ရက် ညနေ ၄ နာရီတွင် တွေ့ဆုံခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီ ဥက္ကဋ္ဌများမှ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာများ ဖတ်ကြားတင်သွင်းကြပြီး တက်ရောက်လာသော ပါတီဝင်များက လိုအပ်ချက်ကို တင်ပြခဲ့ကြသည်။

လမ်းမတော်နှင့် ကျောက်တံတားပြည်ခိုင်ဖြိုးမဲဆန္ဒရှင်များထံ ကွင်းဆင်းစည်းရုံး

 

ရန်ကုန်တိုင်းဒေသကြီး အမှတ်(၆)မဲဆန္ဒနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်အေးနှင့်အတူ အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ဘဏ္ဍာရေးမှူး ဦးမိုးဝင်းကျော်၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်အိအိလှိုင် (လမ်းမတော်မြို့နယ်တာဝန်ခံ) နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ လမ်းမတော်မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ခေါင်းဆောင်များ၊ ကော်မတီဝင်များ၊ ကျောက်တံတားမြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များသည် ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မတ်လ (၂၂) က လမ်းမတော် မြို့နယ် စည်းရုံးရေးခွင်အမှတ် ၁ နှင့် ၂ အတွင်းရှိ ရပ်ကွက်များသို့ မဲဆန္ဒရှင်မိဘပြည်သူများထံ သွားရောက်၍ တရင်းတနှီးမိတ်ဆက်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် စည်းရုံးလှုံ့ဆော်ခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ချင်းပြည်နယ် မဲဆွယ်စည်းရုံးရေး စတင်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဥက္ကဋ္ဌ ဦးသန်းဌေး ချင်းပြည်နယ် မဲဆွယ် စည်းရုံးရေး ခရီးစဉ် စတင်ဖို့အတွက် မတ်လ ၂၁ ရက်နေ့က ကလေးမြို့ကို ရောက်ရှိခဲ့ပါတယ်။

“ပါတီဥက္ကဋ္ဌလာတာ တခြားကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဘာမှမရှိပါဘူး။ အဓိက မဲဆွယ်စည်းရုံးရေး အတွက် ချင်းပြည်နယ်ကို လာတာ။ ချင်းပြည်နယ် ဟားခါး ဖလမ်း ထန်တလန်ဘက်ကို သွားမှာ”လို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်မှုဆောင် ဦးခင်မောင်သန်းက ပြောပါတယ်။

မဲဆန္ဒရှင်ပြည်သူများရဲ့ အခက်အခဲများ ကူညီဆောင်ရွက်ပေးမယ့် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်း

 

၂၀၁၇ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ်၌ ဝင်ရောက် ယှဉ်ပြိုင်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းသည် မတ်လ(၂၀)ရက်နေ့တွင် ချောင်းဆုံမြို့နယ် ဇီးကုန်းကျေးရွာရှိ မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံ၍ စည်းရုံးဟောပြောမဲဆွယ်ခဲ့သည်။

ပြည်ကြီးတံခွန်ပြည်ခိုင်ဖြိုးပါတီ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်

 

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နွေရာသီကျောင်းပိတ်ရက် ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲကို မတ်လ (၂၀) ရက် နံနက် (၉) နာရီအချိန်က ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ မစိုးရိမ်ကျောင်းတိုက်၌ ပြုလုပ်ရာ ကျောင်းထိုင် ဆရာတော် ဦးသူရိယ၊ တိုင်းပါတီကော်မတီဝင် ဦးအောင်နိုင်ဦး၊ ခရိုင်ပါတီ ကော်မတီဝင် ဦးဝင်းလှိုင်ငြိမ်း၊ မြို့နယ် ပါတီ ဥက္ကဌ ဦးစိုးအေးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ပါတီအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ဆရာတော် ထံမှ ငါးပါးသီလ ဆောက်တည်ခဲ့ကြသည်။

ကိုယ့်မြို့၊ ကိုယ့်တိုင်းဒေသကြီးကို တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေ ချင်တဲ့ မုံရွာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ ၀င်းမြင့်အောင်

 

ပြည်ခိုင်ဖြိုးပါတီဟာ နိုင်ငံနဲ့ပြည်သူအတွက် အစဉ်ဆောင်ရွက်ပေးနေတဲ့ ပါတီဝင်တွေ၊ အမှုဆောင်တွေ ဦးဆောင်နေသူတွေနဲ့ ထာဝစဉ်တည်တံ့နေပြီး စိတ်ဓာတ်ခိုင်မာပြီး လေ့ကျင့်သား ပြည့်ဝနေသူတွေဖြစ်လို့ ဘယ်လို အခြေအနေရောက်ရောက် ပြန်လည်တည့်မတ် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။

မိမိကိုယ်တိုင်လည်း ပြည်သူက ရွေးချယ်သည်ဖြစ်စေ၊ မရွေးချယ်သည်ဖြစ်စေ၊ နိုင်ငံနဲ့ပြည်သူ့အတွက် အစဉ်ဆောင်ရွက်သွားလိုစိတ်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။