(၂၂.၈.၂၀၁၇) ရက်နေ့ (၀၈း၃၀) နာရီအချိန်တွင် မန္တလေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးကော်မတီဝင်များ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ရာ ပြည်ခိုင် ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦး အောင်ကျော်မိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ အကဲဖြတ်ဒိုင်လူကြီးများ၊ မန္တလေးခရိုင်ပါတီဥက္ကဌနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များမှ ဥက္ကဌများ၊ မြို့နယ်အတွင်းရေးမှူးများ၊ မြို့နယ်ကော်မတီဝင်များနှင့် ရပ်/ကျေးများမှ ပြိုင်ပွဲဝင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြ ပါသည်။
ဗဟိုအလုပ်အမှုဆောင်(ရှမ်း/အရှေ့)နယ်မြေတာဝန်ခံဦးစိုးနိုင်နှင့် ကျိုင်းတုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များတွေ့ဆုံ ==========================
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံသို့ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်(ရှမ်း/ အရှေ့) နယ်မြေတာဝန်ခံဦးစိုးနိုင်နှင့် ရှမ်းအရှေ့ ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်၊မိုင်းယန်းမြို့နယ်၊ မိုင်းခတ် မြို့နယ်တို့မှ ကော်မတီဝင်များ၊ကျိုင်းတုံမြို့နယ် ရပ်မိရပ်ဖများနှင့် ကျိုင်းတုံပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမ၌ ယနေ့တွေဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် (ရှမ်း/ အရှေ့) မြို့နယ်ပါတီဥက္ကဋ္ဌများမှ ရေးရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများ ရှင်းလင်းတင်ပြခြင်း၊ ခရိုင်ပါတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေး ရှင်းလင်းတင်ပြခြင်း၊ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးစိုင်းကျော်လှက အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးအင်ဒိုနီးရှားနိုင်ငံ ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဧည့် ခံပွဲသို့တက်ရောက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ယနေ့ည ၇နာရီအချိန်က ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel တွင် ကျင်းပပြုလုပ်သည့် အင်ဒိုနီးရှားနိုင်ငံ ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဧည့်ခံပွဲသို့တက်ရောက်ခဲသည်။
အခမ်းအနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သီချင်း၊အင်ဒိုနီးရှားနိုင်ငံတော်သီချင်းများဖြင့်စတင်ဖွင့်လှစ်ခဲ့သည်။
ပါတီဗဟိုအလုပ်အမှုဆောင်ဦးမြင့်စိုးရွှေဘိုမြို့နယ်ပါတီကော်မတီဝင်များ နှင့်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုးသည် ယနေ့မွန်းလွဲ ၂ နာရီခွဲက ရွှေဘိုမြို့နယ် ပန်းရံကျးရွာတွင်ကျင်းပသော ရွှေဘို မြို့နယ် ပါတီကော်မတီဝင်များ၊ ရွှေဘိုမြို့နယ် ပန်းရံကျေးရွာအုပ်စု ပါတီဝင်များ နှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်ပြီး ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးခဲ့သည်။
ရာဇသင်္ဂဟဖောင်ဒေးရှင်းနှင့်ပြည်ခိုင်ဖြိုးပါတီပျဉ်းမနားမြို့နယ်ကျေးရွာ အုပ်စုများရှိ စာသင်ကျောင်းများအား အခမဲ့ခြင်ဆေးဖျန်း
နေပြည်တော် ရာဇသင်္ဂဟဖောင်ဒေးရှင်းနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ ပူးပေါင်း၍ နေပြည်တော် ဒက္ခိဏခရိုင် ပျဉ်းမနားမြို့နယ် အတွင်း ကျေးရွာအုပ်စုများရှိ စာသင် ကျောင်းများနှင့် ဘုန်းတော်ကြီး ကျောင်းများသို့ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ခြင်ဆေးလိုက်လံဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့သည်ဟု သိရသည်။
ပါတီဗဟိုအလုပ်အမှုဆောင်ဦးမြင့်စိုးရွှေဘိုမြို့နယ်ပါတီကော်မတီဝင်များ နှင့်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုးသည် ယနေ့မွန်းလွဲ ၂ နာရီခွဲက ရွှေဘိုမြို့နယ် ပန်းရံ ကျးရွာတွင်ကျင်းပသော ရွှေဘို မြို့နယ် ပါတီ ကော်မတီဝင်များ၊ ရွှေဘိုမြို့နယ် ပန်းရံကျေးရွာအုပ်စု ပါတီဝင်များ နှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်ပြီး ပါတီစည်းရုံးရေးလုပ်ငန်း များနှင့် ပတ်သက်၍ အကျယ် တဝင့် ဆွေးနွေးခဲ့သည်။
ကျောက်ကြီးပြည်ခိုင်ဖြိုးပါတီ လူငယ်နှင့်အမျိုးသမီးရေးရာအဖွဲ့ ကသစ်ဝိုင်ရိပ်သာ ၁ဝ ရက်စခန်းကို လုပ်အားဒါနပြုလုပ်ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် သိန်တန်းရပ်ကွက် ရွှေမင်းဝံကုန်းမြေ ကသစ်ဝိုင်ဓမ္မရိပ်သာ (၆၁)ကြိမ်မြောက် ၁ဝ ရက်စခန်း အလုပ်ပေးတရားစခန်းဝင်ယောဂီ များ၏ ဝေယျာဝစ္စများကို ပြည်ခိုင်ဖြိုး ပါတီ မြို့နယ်အတွင်းရေးမှူး ဦးဝင်းနိုင်နှင့် လူငယ်ရေးရာတာဝန်ခံ ဦးထွန်းမင်းလတ်၊ အမျိုးသမီးရေးရာ တာဝန်ခံနှင့် ပါတီကော်မတီဝင်များ၊ လူငယ်နှင့်အမျိုးသမီးရေးရာ ပါတီဝင် စုစုပေါင်း ၃ဝ ခန့်တို့က ယနေ့နံနက် ၄ နာရီမှစ၍ လုပ်အားဒါန ပြုလုပ်ဆောင်ရွက်ရာ နံနက် ၇ နာရီခွဲတွင် ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုး ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယမန်နေ့ နံနက် ၁ဝ နာရီက သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီမြောက်ပိုင်းခရိုင်တာဝန်ခံ ဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးခင်မောင်တင့်၊ ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးတင်ယုနှင့် ခရိုင်ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိမြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ကုသိုလ်ယူ ခဲ့ကြကြောင်း သိရသည်။
ပြင်ဦးလွင်ခရိုင်အတွင်းရှိ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးအဆင့် နှုတ်မှုစွမ်းရည်ပြိုင်ပွဲကျင်းပ
ပြင်ဦးလွင်ခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပသော ခရိုင်အတွင်းရှိ မြို့နယ်ပါတီများမှ ရပ်/ကျေးအဆင့်ပါတီဝင်များ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲ အား ယနေ့ နံနက်၁ဝနာရီက စဥ့်ကူးမြို့နယ် မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။
ပြိုင်ပွဲအခမ်းအနားကို နိုင်ငံတော်သီချင်းသံပြိုင်သီဆို၍ ဖွင့်လှစ်ခဲ့ကာ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးတင့်လွင်ဦးက အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြိုင်ပွဲနှင့်ပတ်သက်၍ ဒိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦး က အမှတ်ပေးစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ကာ ရပ်/ကျေး အဆင့်ပါတီဝင်များ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲကို အစီအစဉ်များ အတိုင်း ဆက်လက်ကျင်းပသည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုး မုံရွာ ချောင်းဦး ဘုတလင် အရာတော်မြို့နယ်များမှ ပါတီကော်မတီဝင်များ ရပ်/ကျေး ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (တိုင်းဒေသကြီး တာဝန်ခံ) ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးသည် ယနေ့မွန်းလွဲ ၁နာရီ တွင် မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး ပါတီရုံး ပြည်ထောင်စုခန်းမ၌ကျင်းပသည့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ ဘုတလင်မြို့နယ်၊ အရာတော်မြို့နယ်တို့မှ ပါတီ ကော်မတီဝင်များ၊ မုံရွာ မြို့နယ် အတွင်းရှိ ရပ်/ကျေးပါတီခေါင်း ဆောင်များနှင့် တွေ့ဆုံပွဲ အခမ်း အနားသို့ တက်ရောက်ပြီး ပါတီစည်းရုံးရေးလုပ်ငန်းများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးညှိနှိုင်းသည်။