USDP Debate ဆွေးနွေးပွဲကျင်းပပြုလုပ်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဌာနချုပ်ရှိပြည်ထောင်စုခန်းမဆောင်တွင်ပါတီ တွင်း USDP Debate ပွဲကျင်းပပြုလုပ်ရာ“လက်ရှိနိုင်ငံရေးအခြေအနေ ဖြစ်ပေါ်ပြောင်းလဲမှု´´အပေါ် အဘက်ဘက်မှ အမြင်မတူသည့်ရှုထောင့်အမျိုးမျိုးကို အခြေခံ၍ အဖွဲ့(၆)ဖွဲ့မှ ဦးဆောင် ဆွေးနွေးမှုအပေါ် ထပ်ဆင့်မေးမြန်းဆွေးနွေးသူများဖြင့် ဆွေးနွေးခဲ့ကြပါသည်။

ယင်းဆွေးနွေးပွဲသို့ ပါတီဗဟိုအကြီးကဲများ တက်ရောက်ပြီး ဆွေးနွေးမှုအပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ဆွေးနွေးပွဲကိုညနေ(၇း၃၀)တွင်စတင်ပြီးည(၉း၀၀)တွင် ရုပ် သိမ်းလိုက်သည် ။

တင်ထွဋ်

ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲအခမ်းအနားကျင်းပ

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုနယ်မြေပါတီရုံး အစည်းအဝေးခန်းမတွင် ပြည်ထောင်စုနယ်မြေ၊နေပြည်တော် ခရိုင်နှင့် မြို့နယ်ပါတီကော်မတီဝင် လူငယ်တာဝန်ခံများတွေ့ဆုံပွဲ အခမ်းအနား ကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပရာ အစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဗဟိုအလုပ်အမှုဆောင် ဗဟိုလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ဦး၊ ဗဟိုလူငယ်ရေးရာကော်မတီအတွင်းရေးမှူးဦးတင့်ဇော်၊ ဗဟိုလူငယ် ရေးရာကော်မတီအဖွဲ့ဝင် ဦးလှထွန်းဦး၊   ဗဟိုကော်မတီဝင် ပြည်ထောင်စုနယ်မြေ အတွင်း ရေးမှူးဦးဌေးဝင်း၊အရန်ဗဟိုကော်မတီဝင်ပြည်ထောင်စုနယ်မြေပါတီ လူငယ်တာဝန်ခံ ဦးနိုင်လင်းသောင်းနှင့် ပြည်ထောင်စုနယ်မြေပါတီ    ကော်မတီဝင်များ၊ အရန်ဗဟိုကော်မတီဝင် နေပြည်တော်ခရိုင်ပါတီဥက္ကဋ္ဌဦးအောင်နိုင်ဦးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ နေပြည်တော် ရှစ်မြို့ နယ်မှ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ မြို့နယ်ပါတီကော်မတီဝင် လူငယ်တာဝန်ခံများ နှင့် လူငယ်အဖွဲ့ဝင်များ စုစုပေါင်းအင်အား ၁ဝဝ ခန့်တက်ရောက် ခဲ့ကြသည်။

(၆၈)နှစ်မြောက်တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း ဂုဏ်ပြုအခမ်းအနားကျင်း

(၆၈)နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း ဂုဏ်ပြုအခမ်းအနားကို နေပြည်တော်ရှိ MICC-II စားသောက်ခန်းမတွင် ယနေ့ညနေ ၆ နာရီကကျင်းပသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးံH.E.Mr. Hong Liang နှင့်ဇနီးတို့၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ     ဗဟို အတွင်းရေးမှူးများဖြစ်ကြသော ဦးပိုက်ထွေးနှင့် ဒေါက်တာကျော်ကျော်ဌေးတို့တက် ရောက်ခဲ့ ကြသည်။

Union daily

ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နှုတ်မှုစွမ်းရည်ပြိုင်ပွဲအခမ်းအနား ကျင်းပ

 

ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲ အခမ်းအနားကို (၂၆.၉.၂၀၁၇) ရက်နေ့ တွင် နိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် တိုင်းပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းက အမှာ စကားပြောကြားခြင်း၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးသိန်းမြင့်ထွန်းက ပြိုင်ပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက် ၊ စည်းကမ်းချက်များ ဆုချီးမြှင့်မည့် အစီ အစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ချောင်းဆုံပြည်ခိုင်ဖြိုးပါတီမှ ကွင်းဆင်းဆောင်ရွက်

 

စက်တင်ဘာလ (၂၅)ရက်နေ့တွင် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ခရိုင်အတွင်းရေးမှူး ဦးမင်းမြင့်မောင်လေး/မြို့နယ်ပါတီဥက္ကဌ ဦးမင်းအောင်သူ /မြို့နယ်ကော်မတီဝင်များ ဦဆောင်၍ကရင်ဝင်းစိန်/ကမနင်း ကျေးရွာများသို့သွားရောက်၍ ရပ်/ကျေးကော်မတီဝင်များစီစစ်ရေးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Aye Zaw Than


ပါတီဗဟိုအတွင်းရေးမှူး ဦးဆောင်သော မြန်မာ့ချစ်ကြည်ရေးကိုယ်စာ လှယ်အဖွဲ့ တလျန်အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ပြတိုက်သို့ သွားရောက်လေ့လာ

 

တရုတ်ကွန်မြူနစ်ပါတီ (CPC) ရဲ့ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တလျန်ပြည်နယ်(ခွဲ)သို့ ရောက်ရှိနေသော ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ဦးဆောင်သော   မြန်မာ့ချစ်ကြည်ရေး ကိုယ်စာလှယ်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် (၀၉း၀၀) နာရီချိန်တွင် တလျန်ပြည်နယ်(ခွဲ)ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပညာပေး ပြတိုက်သို့ သွားရောက်လေ့လာရာ ပြတိုက်မှတာဝန်ရှိသူများက တရုတ် နိုင်ငံတွင် အဂတိလိုက်စားသူများရဲ့ အကြောင်း၊ ပြစ်မှုပြစ်ဒဏ်များနှင့် အဂတိကင်းစင်သော စံနမူနာယူရမည့်သူများအကြောင်းတို့အား လိုက်လံ ရှင်းလင်းပြသခဲ့ကာ ပြတိုက်မှ တာဝန်ရှိသူများအတူ ကိုယ်စာလှယ်အဖွဲ့မှ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့သည်။

တံတားဦး ပြည်ခိုင်ဖြိုးပါတီ လူငယ်လှုပ်ရှားမှုအဖြစ် သမ္ဗုဒ္ဓေဘေးရန်ကင်း စေတီတော် ပရ၀ုဏ်အတွင်း သန့်ရှင်းရေးများ ပြုလုပ်

 

(၂၅.၉.၂၀၁၇) ရက်နေ့တွင်​ တံတားဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွင့်ဖြိုးရေးပါတီမှ လူငယ်လှုပ်ရှားမှုအဖြစ် ရန်ကုန်- မန္တလေး အမြန် လမ်း၊ စကားအင်းတိုးဂိတ်အနီး တည်ထားကိုးကွယ်ထားသော သမ္ဗုဒ္ဓေ ဘေးရန်ကင်းစေတီတော် ပရဝုဏ်အတွင်း သန့်ရှင်းရေးများ ပြုလုပ်ကာ လုပ်​အားဒါနကုသိုလ်ယူဆောင်ရွက်ခဲ့ပါသည်။

Crd;


ကန်ကြီးထောင့်ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးပြုလုပ်

 

(25.9.2017)နေ့လည်(2:30)အချိန်တွင် ကန်ကြီးထောင့်မြို့နယ်စည်ပင်၊ စီမံ၊မြို့မြေစီမံ ခန့်ခွဲမှုကော်မတီများအစည်းအဝေးကိုမြို့နယ်ထွေအုပ်စည်းအဝေးခန်းမ၌ကျင်းပရာပြည်သူ့လွှတ်  တော်ကိုယ်စားလှယ်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောမူ၊မြို့နယ် အုပ်ချူပ်ရေးမှုးနှင့်ဌာနဆိုင်ရာများ၊မြို့နယ်စည်ပင်ကော်မတီဝင်များတက်ရောက်ခဲ့ကြပါ သည်။

USDP Ayeyarwady Region News


ပြည်ခိုင်ဖြိုးပါတီ ဆွေးနွေးပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုဌာနချုပ်ရှိ၊ ပြည်ထောင်စုခန်းမ ဆောင်တွင် “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ နိုင်ငံတော်အစိုးရမှ ဆောင်ရွက်လျှက်ရှိသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာကြိုးပမ်းဆောင်ရွက်မှုများ ´´ နိုင်ငံတော် အခြေပြမိတ်ခွန်းနှင့်စပ်လျှဉ်းပြီးပါတီတွင်းအဖွဲ့(၆)ဖွဲ့ခွဲ၍ဆွေးနွေးပွဲတစ်ရပ်ကျင်းပပြုလုပ်ပါ သည် ။

ယင်းဆွေးနွေးပွဲတွင် ပါတီဗဟိုအကြီးအကဲများတက်ရောက်ပြီး အကြံပြုဆွေးနွေးသူများမှာ တိုင်းနှင့် ပြည်နယ်အသီးသီးမှ တက်ရောက်လျှက်ရှိသော “နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်း အမှတ် စဉ်(၂)တွင်တက်ရောက်လျှက်ရှိသည့်သင်တန်းသား/သူ အစုအဖွဲ့ (၉၇)ဦးတို့မှ အဖွဲ့(၆)ဖွဲ့ ခွဲ၍ အဖွဲ့ကိုယ်စား (၆)ဦး၏ဆွေးနွေးမှုအပေါ် ထပ်ဆင့်တင်ပြဆွေးနွေးသူများဖြင့်
ဆွေးနွေးခဲ့ကြပါသည်။

သန်လျင်ပြည်ခိုင်ဖြိုးဘုန်းတော်ကြီးကျောင်းများသို့ဝတ္ထုငွေနှင့်အာဟာရဒါနလှူဒါန်း

 

ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ပါတီကော်မတီဝင်လူငယ်တာဝန်ခံ ဦးရန်နိုင်ရွှေ နှင့်သန်လျင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမြို့နယ်ကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီအဖွဲ့များ အတူပူးပေါင်း၍ သန်လျင်မြို့နယ်အတွင်းရှိ မင်္ဂလွန်းကျေးရွာ၊ ပေါက်တောကျေးရွာ၊ ပြည်တော်သာ ကျေးရွာများသို့ ယမန်နေ့ကသွားရောက်ပြီး ဆရာတော်များအား ဖူးမြော် ကြည်ညိုခြင်း၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ဓမ္မစကူးလ်သင်ကြားနေသော ကလေးငယ်များအား အာဟာရ ဒါနကျွေးမွေးလှူဒါန်းခြင်းများပြုလုပ်၍ကျေးရွာများရှိ ပြည်ခိုင်ဖြိုးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။