ပါတီဗဟိုအတွင်းရေးမှူး ဦးဆောင်သော မြန်မာ့ချစ်ကြည်ရေးကိုယ်စာလှယ်အဖွဲ့ မြစိမ်းရောင်စီမံကိန်းပြပွဲသို့ တက်ရောက်လေ့လာ

 

တရုတ်ကွန်မြူနစ်ပါတီ(CPC)ရဲ့ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသော ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးသန်းထွန်း ဦးဆောင်သော မြန်မာ့ချစ်ကြည်ရေးကိုယ်စာလှယ်အဖွဲ့သည် ၂၀၁၇ခုနှစ် စက်တင်ဘာ(၂၆)ရက်နေ့ နံနက်(၀၉း၀၀)နာရီချိန် IDCPC မှကြီးမှူးကျင်းပသော မြစိမ်းရောင်စီမံကိန်းပြပွဲသို့ တက်ရောက်ကာ Fujian ပြည်နယ်ရဲ့ မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်ထားမှု အခြေအနေများ လေ့လာခဲ့သည်။

ယင်းနောက် မွန်းလွဲ(၀၂း၀၀)နာရီချိန်တွင် ပေကျင်းမြို့ရှိ အမျိုးသားပြတိုက်အား လည့်ပတ်ကြည့်ရှုရာ ကိုယ်စာလှယ်အဖွဲ့မှ သိရှိလိုတာများအား မေးမြန်ခဲ့ကြသည်။

မြို့နယ်ပြည်ခိုင်ဖြိုးနှင့်အဖွဲ့ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ချောင်းကမ်း ကြီးအုပ်စု ချောင်းကမ်းကြီးကျေးရွာတွင် ယနေ့နံနက် ၉ နာရီက အများ ပြည်သူသောက်သုံးရေကန်အား မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် မြို့နယ် ကော်မတီများ၊ ချောင်းကမ်းကြီးအုပ်စု ရပ်ကျေးစည်းရုံးရေးမှူးနှင့်အဖွဲ့ဝင် များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်းကာ အများသုံးသောက်ရေကန် အတွင်းရှိအမှိုက်သရိုက်များ၊ မြက်ပင်ချုံနွယ်များကို အင်တိုက်အားတိုက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးခဲ့ကြသည်။

ပါတီဗဟိုအကြံပေး ဦးမောင်မောင်အုန်း အမ်းမြို့နယ်ကျေးရွာများသို့ သွားရောက်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေးကျောင်းသုံးဗလာစာအုပ်များလှူဒါန်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပါတီဗဟိုအကြံပေး ရခိုင်ပြည်နယ်တာဝန်ခံ ဦးမောင် မောင်အုန်းသည် အမ်းမြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာ ပါတီတာဝန်ရှိသူများသည် အမ်း မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်ကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်များနှင့်စပ်လျဉ်း၍ ဆွေး နွေးကာ ကျောင်းသားကျောင်းသူ များအတွက် ကျောင်းသုံးဗလာ စာအုပ်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နယ်မြေကွင်းဆင်း ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်မှုအားပေး

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးသည် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦး တင်စိုး၊ ဦးမြင့်စိုး၊ မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ တိုင်းကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ပျော်ဘွယ် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် မြို့နယ်ကော်မတီဝင်များနှင့်အတူ ယမန်နေ့ နံနက်တွင်ဖွင့်လှစ်သော ပျော်ဘွယ်မြို့နယ် ထရံကာအုပ်စု သာစည်ကျေးရွာ ရွာတွင်းကျောက်ချော လမ်းဖွင့်ပွဲသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ပါတီဗဟိုအလုပ်အမှုဆောင် ပေါင်မြို့နယ်ပါတီ ကော်မတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ် အမှုဆောင်နှင့် မွန်ပြည်နယ် ပေါင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာပါတီကော် မတီဝင်များနှင့်တွေ့ဆုံပွဲကို ယနေ့ နံနက် ၁၁ နာရီက ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေး ခန်းမ၌ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဓမ္မစကြာရွတ်ဖတ်ပူဇော်ပွဲကျင်းပ

 

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာကော်မတီမှကြီးမှူး၍ ခရိုင်အဆင့်ဓမ္မစကြာရွတ်ဖတ် ပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီက တိုင်းဒေသကြီးပါတီရုံးခန်းမ၌ကျင်းပ ရာ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဒေါက်တာမြင့်သိန်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ မုံရွာခရိုင်နှင့် မုံရွာမြို့နယ်မှပါတီကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့  ဝင်များ၊ ပြိုင်ပွဲဝင်ဓမ္မစကြာဝတ်အသင်းများ၊ ဖိတ် ကြားထားသောဧည့်သည်တော်များ စုစုပေါင်း၂ဝဝခန့်တက်ရောက်သည်။

ဖာကန့်မြို့နယ် ကာမိုင်းမြို့ ပြည်ခိုင်ဖြိုးပါတီ လူငယ်ဖလားဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲ ကျင်းပ

 

ကချင်ပြည်နယ် မိုးညင်းခရိုင် ဖားကန့်မြို့နယ် ကာမိုင်းမြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ဖလားဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲကို ၂၅.၉.၂၀၁၇ ရက်နေ့ ၁၅း၀၀ နာရီအချိန်တွင် ကာမိုင်းမြို့ ပြည်သူ့ အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးအင်ဖယောင်းဂမ် (ပထမအကြိမ် – ပြည်နယ်လွတ်တော်ကိုယ်စားလှယ် – ငြိမ်း) တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

မကွေးပြည်ခိုင်ဖြိုးပါတီမှ ဒေသခံပြည်သူများထံသို့ ကွင်းဆင်းဆောင်ရွက်

 

မ​ကွေးမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဌ ဦး​အောင်​သိန်း​ကျော်​နှင့်​ မြို့နယ်​ပါတီ​ကော်​မတီဝင်​များအဖွဲ့သည်​ ယ​နေ့ (၀၉ ၃၀) နာရီမှ (၁၆ ၀၀ )နာရီအချိန်​ထိ ပဌနဂိုရ်​ ​ကျေးရွာနှင့်​မြင်စိုင်း​ကျေးရွာများသို့သွား​ရောက်၍ မိမိပါတီဝင်များ၊ရပ်မိ ရပ်ဖများ ၊​ဒေသခံပြည်​သူများနှင့်​​တွေ့ဆုံခဲ့ပြီး ပါတီ၏သ​ဘောတရားများ၊ ​​ဒေသဖွံ့ဖြိုး​ရေးဆိုင်​ရာများ အား ရှင်းလင်း​ဆွေး​နွေးခဲ့ပြီး ​တောင်​သူအ​ထောက်​အကူပြု လိုအပ်​သည်​များ ကူညီ​ဆောင်​ရွက်​​ပေးခဲ့​ကြောင်း သိရှိသည်​ ။

ငဖဲပြည်ခိုင်ဖြိုးပါတီမှ မြစ်ဖျားတံတား တည်ဆောက်ရေးအတွက် အလှူငွေ များ လှူဒါန်း

 

ငဖဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်များမှ ၂၅.၉.၂၀၁၇ ရက်နေ့ ၁၇းဝဝ နာရီအချိန်တွင် ​​မြစ်​ဖျားတံတား တည်​​ဆောက်​​ရေးအတွက်​ မြစ်​ဖျား​ကျောင်းတိုက်​ဆရာ​တော်​ ​ဘဒ္ဒန္တသုဇာတ​အရှင်   သူမြတ်၏ ​​ရှေ့​မှောက်​၌ပထမအကြိမ်​အဖြစ်​ အလှူငွေ (၂၀၀,၀၀၀ိ/- ) နှစ်​သိန်းကျပ်​)ကို စု​ပေါင်း လှူဒါန်းခဲ့ပါသည်။

Crd;


ရေတာရှည်ပြည်ခိုင်ဖြိုးပါတီမှ နှုတ်မူစွမ်းရည်ပြိုင်ပွဲကျင်းပ

ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲကို (26-9-2017) ရက်နေ့တွင် ကျင်းပရာ ကျပန်းပြိုင်ပွဲတွင် ပထမဆုကို ဦးမင်းမင်းမှ လည်းကောင်း၊ဒုတိယဆုကို ဦးသန်းနိုင်ဦး မှလည်းကောင်း၊ တတိယကို ဦးကျော်မင်းနိုင်တို့မှ ရရှိသွားကြသည်။

ဆက်လက်ပြီး အဆိုပြိုင်ပွဲတွင် ပထမဆုကို ဦးဆန်းဝင်း မှလည်းကောင်း ၊ ဒုတိဆုကို ဦးမောင်မြင့် မှလည်းကောင်း၊ တတိယဆုကို ဦးခင်မောင်ဝင်း တို့မှ အသီးသီး ရရှိသွားကြ ကြောင်း သိရသည်။