မောင်တောခရိုင်၊ မြို့နယ်ပါတီများမှ သေဆုံးသွားသော ဟိန္ဒူဘာသာဝင် လူမျိုးများ၏ နာရေးကိစ္စရပ်များအား သွားရောက်ကူညီခဲ့ကြ

 

၂၀၁၇ ခုနှစ် စက်တင်ဘာလ(၂၆)ရက်နေ့ နံနက်(၀၇း၀၀)အချိန်တွင် မောင်တောခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထွန်းလှစိန်(ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်)ဦးဆောင်၍ ခရိုင်ကော်မတီဝင်များ၊ မြို့နယ် အတွင်းရေးမှူးနှင့်ကော်မတီဝင်များမှ ခမောင်းဆိပ်တောင်ရွာ-ရဲဘော်ကျ ကျေးရွာသို့ မော်တော်ယာဉ် များဖြင့်သွားရောက်ပြီး ဗျွှဗ အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများ၏ ရက်စက်စွာသတ်ဖြတ်ခံခဲ့ရသော ဟိန္ဒူ လူမျိုးတို့၏ သေဆုံးသူအလောင်း(၄၅)လောင်းအတွက် ပဏာမအလှူငွေ(၃)သိန်းကျပ်လှူဒါန်း ပေးခဲ့ပါသည်။ ဆက်လက်ပြီး သစ်တုံးနားခွဆုံ     ကျေးရွာအုပ်စု လေးမြို့ကေဒီကျေးရွာမှ အိမ်ထောင်စု(၃၆)စု၊ ကြောင်နဖေကျေးရွာမှ အိမ်ထောင်စု(၉)စု၊ ခရုချောင်းကျေးရွာမှ အိမ်ထောင်စု(၅)စုတို့အား အိမ်ထောင်စု (၁)စုလျှင်(၁၀၀၀၀ိ/-)    ကျပ်နှုန်း ဖြင့် အိမ်ထောင်စု(၅၀)စုအတွက် အလှူငွေ(၅၀၀၀၀၀ိ/-)ကျပ်နှင့် ကျေးရွာ ဆရာတော်(၁)ပါးအား အလှူငွေ(၁၀၀၀၀ိ/-)ကျပ်အား ပံ့ပိုးကူညီခဲ့ကြ သည်။

ပြည်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ သန့်ရှင်းရေးလုပ်အားဒါနပြုလုပ်

 

ပြည်မြို့နယ်ပြခိုင်ဖြိုးပါတီမှ (၂၈.၉.၂၀၁၇) ရက်နေ့ နံနက် (၈း၀၀)အချိန်တွင် အောင်ဆန်းပြည်သာယာရပ်ကွက် အတွင်းရှိ မင်းပေါင်းစုတည်ဘုန်းကြီးကျောင်း၊သပြေရိပ်ဘုန်းကြီးကျောင်းနှင့် ရှေးဟောင်းသမိုင်းဝင်မင်းပေါင်းစုတည်စေတီတော်ကြီးတွင် သန့်ရှင်းရေးကုသိုလ် လုပ်အားဒါနကိုပြုလုပ်ခဲ့ပါသည်။

ဆက်လက်ပြီး ပဲခူးတိုင်းပြည်ခိုင်ဖြိုးပါတီဒုဥက္ကဌ ဦးအောင်ချိုဦးမှလည်း ကိုယ်တိုင်ပါဝင်လုပ်အားပေးသည့်အပြင် ပြည်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ သပြေရိပ်ဘုန်းကြီးကျောင်း ဆီမီးတစ်ထောင်ပူဇော်ပွဲအတွက် အလှူတော်ငွေသုံးသောင်းကျပ်၊ကုကျောင်းအကျိုးတော်ဆောင် ကိုမျိုးဟန်က ပြည်ခိုင်ဖြိုးပါတီအနေဖြင့်လှူဒါန်းခဲ့ပါသည်။

Min Ko Ko

စဉ့်ကိုင်ကြီးကျေးရွာတွင် ကျောင်းသားကျောင်းသူများအား ဗလာစာအုပ်များလှူဒါန်း

 

ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားရေး လိုအပ်သည် များကို ကူညီပံ့ပိုးပေးရေး ရည် ရွယ်ချက်များဖြင့် မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗလာစာ အုပ်များလှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက စဥ့်ကိုင်ကြီး ကျေးရွာအမကကျောင်း၌ ကျင်းပ ခဲ့သည်။

ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းမှ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာတိမ်းရှောင်သူများအား ဆက်လက်ကူညီပံ့ပိုး

 

ရွှေပြည်တော်သို့ဆုံမှတ် ပရ ဟိတအသင်းမှဗဟိုအတွင်းရေးမှူး ဦးအောင်ပိုင်မင်းနှင့် အဖွဲ့ဝင်များ သည် ရခိုင်ပြည်နယ်ရှိနေရပ်စွန့်ခွာ တိမ်းရှောင်သူများ၏လိုအပ်လျက် ရှိသည်များကို ယခင်ကတည်းက လုပ်ဆောင်နေသော ကူညီပံ့ပိုးရေး လုပ်ငန်းများအား ဆက်လက်ကူညီ ပံ့ပိုးရန် ရခိုင်ပြည်နယ် စစ်တွေမြို့ သို့သွားရောက်ကာ ကူညီပံ့ပိုးရေး လုပ်ငန်းများအား ဆက်လက်လုပ်     ဆောင်ခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်နှင့်အဖွဲ့ ဓမ္မစင်္ကြာရွတ်ဖတ်ပူဇော်မှု ပြိုင်ပွဲသို့တက်ရောက်

 

၂၈.၉.၂၀၁၇ ရက်နေ့ ကြာသာပတေးနေ့ နေ့လည် ၁၂ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပပြုလုပ်သော ယဉ်ကျေးလိမ္မာသော မြန်မာအမျိုးသမီးလေးများရဲ့ ဓမ္မစကြာင်္ရွတ်ဖတ်ပူဇော်မှု ပြိုင်ပွဲအခမ်းအနားအားကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ် ၊ တိုင်းပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း ၊ ဗဟိုကော်မတီဝင် ဒေါ်ခင်ရွှေမြင့် ၊ တိုင်းပါတီ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်သိင်္ဂီဝင်းရွှေနှင့်တိုင်းပါတီကော်မတီဝင်များ ၊ ခရိုင်ကော်မတီဝင်များ ၊ မြို့နယ်ကော်မတီဝင်များ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ၊ ခရိုင်များအား ကိုယ်စားပြုယှဉ်ပြိုင်မည့် မြို့နယ်အသီးသီးမှ အမျိုးသမီးများ စုစုပေါင်းအင်အား (၂၅၀)ခန့်တို့တက်ရောက်ခဲ့ကြပါသည်။

ပါတီဗဟိုအတွင်းရေးမှူး ဦးဆောင်သော ကိုယ်စာလှယ်အဖွဲ့နှင့် နိုင်ငံတကာရေးရာဌာနမှ ဒုတိယဝန်ကြီး တွေ့ဆုံ

 

တရုတ်ကွန်မြူနစ်ပါတီ(CPC)ရဲ့ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသော ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ဦးဆောင်သော မြန်မာ့ချစ်ကြည်ရေး ကိုယ်စာလှယ်အဖွဲ့အား ၂၀၁၇ခုနှစ် စက်တင်ဘာ(၂၇)ရက်နေ့ ဒေသစံတော်ချိန် နံနက်(၀၉း၀၀)နာရီချိန်တွင် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာဌာန ဒုတိယဝန်ကြီး Mr. Guo Yezhou မှ လက်ခံတွေ့ဆုံရာတွင် ပြည်ခိုင်ဖြိုးပါတီနှင့် တရုတ်ကွန်မြူနစ်ပါတီတို့ဟာ နှစ်ကာလကြာရှည်စွာ ချစ်ခင်ရင်နှီးစွာ ဆက်ဆံလာတဲ့ ပါတီတွေဖြစ် သည်။ ပါတီ(၂)ခုရဲ့ ဆက်ဆံရေးနှင့် ပါတီ(၂)ခုမှ ခေါင်းဆောင်များရဲ့ ဆက်ဆံရေး အခြေအနေကောင်းများကို ထိန်းသိမ်းရမည်ဖြစ်သည်။

ရန်ကုန်တောင်ပိုင်းပြည်ခိုင်ဖြိုးပါတီမှ ဆွမ်းဆန်ဆိမ်းလောင်းလှူပုဇော်

 

ရန်ကုန်တောင်ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီမှ (၂၈.၉.၂၀၁၇) ရက်နေ့ နံနက် (၄း၃၀)အချိန်တွင် ခရိုင် ပါတီကော်မတီဝင် လူငယ်တာဝန်ခံ ဦးရန်နိုင်ရွှေသည် သန်လျင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းနှင့်ကော်မတီအဖွဲ့များ၊ရပ်ကျေးပြည်ခိုင်ဖြိုးအဖွဲ့များနှင့် အတူပူးပေါင်း၍ သန်လျင်မြို့နယ်အတွင်းရှိ မြို့ဟောင်းအရှေ့ရပ်ကွက် ဇီးကုန်းနယ်မြေ ကြာသပတေးဓမ္မာရုံသို့ သွားရောက်ပြီး ကျောင်းတိုက်ပေါင်း (၁၅)ကျောင်းမှ ဆရာတော်သံဃာတော်(၇၃)တို့ အား နှစ်စဉ်နှစ်တိုင်းပြုလုပ်နေကျဖြစ်သော အာရုံဆွမ်း|အထိုင်ဆွမ်းများ ဆပ်ကပ်လောင်းလှူ ဖူးမြော်ကြည်ညိုခြင်း၊လှူ ဖွယ်ဝတ္တုများဆပ်ကပ်လှူ ဒါန်းခြင်းနှင့် လှူ ဒါန်းမှုအစုစုတို့ကို သာဓုခေါ်ဆို၍ ရေဆက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။

ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၏ သင်တန်းဆွေးနွေးပို့ချမှု

 

ယ​မန်နေ့(၂၇.၉.၂၀၁၇)ရက်နေ့တွင် ပြည်​ခိုင်​ဖြိုးပါတီဌာနချူပ်​၌ဖွင့်​လှစ်​​သော နိုင်ငံရေးစီမံခန်ခွဲမှု နည်းပြ သင်တန်း အမှတ်စဉ်(၂)တွင်​ ပြည်​ခိုင်​ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှ            ​ဆွေးေ​နွး ပို့ချ​ခဲ့ကြောင်း သိရသည်။

crd;


မိုးကောင်းပြည်ခိုင်ဖြိုးပါတီ မဟာတိလောကာရာမ ပရိယတ္တိစာသင်တိုက် တွင်လုပ်အားပေး ပြုလုပ်

 

မိုးကောင်း။စက်တင်ဘာ၂၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် မိုးကောင်းမြို့ မဟာတိလောကာရာ မပရိယတ္တိစာသင်တိုက်တွင် စက်တင်ဘာ(၂၇)ရက် နံနက် (၇)နာရီ အချိန်တွင် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီ မြို့နယ်ကော်မတီဝင် ဦးစိုင်းထွန်းလှ၊ ဦးဝင်းကို၊ မြို့နယ် စည်းရုံးရေးတာဝန်ခံ ဦးမြင့်စိုး၊ဦးငွေရှိန်း ၊ဦးသန်းစိုး ၊ ဒေါ်အေးနှင့် မြို့ပေါ်စည်းရုံးရေးတာဝန်ခံများ နှင့် အင်အား (၄၃) ယောက်နှင့် မိုးကောင်းမြို့ပေါ်ရှိ မဟာတိလောကာရာမပရိယတ္တိ စာသင်တိုက်တွင်းရှိ မြက်များ ချုံနွယ်များ ထင်းများ ကို လုပ်အားပေးလျကိရှိပါသည်။

မိုင်းတုံမြို့ပြည်ခိုင်ဖြိုးပါတီမှ ပါတီရှေ့လုပ်ငန်းစဉ်များဆောင်ရွက်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ (၂၇.၉.၂၀၁၇ )ရက်နေ့ အချိန်တွင် ရှမ်းပြည်နယ်ပါတီဥက္ကဌနှင့့် မိုင်းဆတ်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်  လွှတ်တော်ကိုယ်စားလှယ်များသည် မိုင်းတုံမြို့နယ်ပါတီကော်မတီဝင်များအားတွေ့ဆုံပြီး ပါတီလုပ်ငန်းစဉ်များ၊ ရှေ့လုပ်ငန်းစဉ်များအား ဆောင်ရွက်ရန် စည်းဝေးမှာကြားခဲ့ကြောင်း သိရ  သည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ