ဟင်္သာတမြို့မိုးကောင်းပရိယတ္တိ စာသင်တိုက်တွင် တည်ထားကိုးကွယ်သည့် ဓာတ်ပေါင်း စုကျောက် စိမ်းစေတီတော် ထီးတော်တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနားကို သြဂုတ် ၃၁ရက် နံနက် ၈နာရီခွဲ က အဆိုပါစာသင်တိုက်၌ကျင်းပ ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး မြန်မ နိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းနှင့်အလှူရှင်များ၊ ဟင်္သာတခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများတက်ရောက်ကြကြောင်း သိရသည်။