

ချောက် နိုဝင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး ချောက် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဒုတိယအကြိမ်မြောက် စုပေါင်းဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီအချိန်မှစတင်၍ ချောက်မြို့နယ် ရသစ်ကျေးရွာ ဓမ္မပါလကျောင်းတိုက်၌ ကျင်းပရာ အလှူ တော်မင်္ဂလာအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ဌေး၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ မကွေးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးစောဝင်းမောင်၊ မကွေးခရိုင် ပါတီဥက္ကဋ္ဌဦးထွန်းရှိန်၊ဆိပ်ဖြူ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှဆောင် နှင့် အတွင်းရေးမှူး ဦးလေးမောင်၊ ချောက်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ရပ်/ ကျေးအုပ်စု စည်းရုံးရေးမှူးများ၊ ပါတီဝင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။












