တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂအဖွဲ့ဖြင့်တွေ့ဆုံ

၁ – ၂ – ၂၀၁၈ ရက်နေ့၊ နေ့လည် (၁၄း၃၀)အချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးမှ ပထမအတွင်းဝန် Andreas Magnu sson နှင့် နိုင်ငံရေးအရာရှိ ဦးအောင်အောင်တို့သည် တာချီလိတ် မြို့သို့ရောက်ရှိပြီး တာချီလိတ်ခရိုင်ပါတီ ဥက္ကဌ ဦးဘိုစံ၊ခရိုင်ကော်မတီဝင် ဦးကျာဒေါလော်၊ဦးဟန်ဦး၊မြို့နယ် ဥက္ကဌ ဦးစိုင်းရွှေထွန်း၊မြို့နယ်ကော်မတီဝင် ဦးအောင်ဝင်း၊ဦးကျော်ငြိမ်းအောင်၊               ဦးခင်မောင်ထွန်း၊ဦးအောင်ထန်၊ ဦးမာကုတို့ဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင်တွေ့ဆုံ၍ နိုင်ငံရေးနှင့်ငြိမ်းချမ်းရေးကိစ္စရပ်များအား အမြင်ခြင်းဖလှယ်မှု့ကို ညနေ(၁၅း ၄၀ )အထိ
ဆောင်ရွက်ခဲ့ကြပါသည်။

သပိတ်ဆွမ်းလောင်းလှူပွဲ၌ ပြည်ခိုင်ဖြိုးပါတီ ဆွမ်းလောင်းလှူ

 

မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက် မြို့ဦးကျောင်းတိုက် အောင်စင်္ကြာစေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်၊ သံဃာအပါး ၇ဝဝ ကျော်အား သပိတ်ဆွမ်းလောင်းလှူပွဲအခမ်းအနားကို ဇန်နဝါရီ ၃၁ ရက် တပို့တွဲလပြည့်နေ့ နံနက်၇နာရီခွဲမှစတင်၍ ယင်းကျောင်းတိုက် အတွင်း၌ ကျင်းပခဲ့သည်။
ယင်းသပိတ်ဆွမ်းနှင့် ထမနဲလောင်းလှူပွဲတွင် မြစ်ကြီးနား မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တစ်ဆုပ်ဆန်လှူ အသင်းကလည်းတန်ဖိုးအားဖြင့် ငွေကျပ် ၁၂၂ဝဝဝရှိ ဆွမ်းနှင့်လှူဖွယ် ပစ္စည်းများအား လောင်းလှူခဲ့ကြသည်။

သရက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ထမနဲထိုးပြိုင်ပွဲကျင်းပ

 

သရက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ထမနဲထိုးပြိုင်ပွဲကို ဇန်နဝါရီ ၃၁ရက်မွန်းလွဲ ၃နာရီက မြို့နယ်ပါတီရုံး ရှေ့၌ ကျင်းပခဲ့သည်။ပြိုင်ပွဲသို့ အမျိုးသားအသင်းများအပြင်အမျိုးသမီးအသင်း စုစုပေါင်း အသင်းခြောက်သင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရအသင်းများနှင့် ဝန်းရံပါဝင်ကူညီခဲ့ကြသူများကို တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ပါတီဥက္ကဋ္ဌများနှင့် ပါတီကော်မတီဝင်များက         ဂုဏ်ပြုဆုငွေနှင့် လက် ဆောင်ပစ္စည်းများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကျုံပျော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ တာဝန်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ်၌ ယနေ့ နံနက် ၁ဝ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်၊ ရပ်/ကျေးပုံမှန်အစည်းအဝေးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲ ကျင်းပခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ ခရိုင်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး၊ ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ဥက္ကဋ္ဌများတက်ရောက်ခဲ့ကြပြီး အခမ်းအနားကို မွန်းလွဲ ၁ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အာင်မြေသာယာရွှေစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ ====================================

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် အောင်မြေသာယာရွှေစေတီတော်မြတ်ကြီးတွင် (၂၄)ကြိမ်မြောက် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်အပါး ၁၆၅ ပါးတို့အား     ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲ ၃ နာရီ တွင် ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲကျင်းပ ခဲ့ကြောင်း သိရသည်။

မြင့်သိန်း(လှိုင်သာယာ)


သာကေတမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးသင်တန်းအမှတ်စဉ်(၂)ဖွင့်လှစ်

 

သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်(၂)ဖွင့်ပွဲကို ယနေ့ မွန်းလွဲ ၁နာရီတွင် သာကေတမြို့ နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီဝင် ဦးကျော်စိုး၊ ခရိုင်ပါတီကော်မတီ ဝင်အောင်ကျော်မိုး၊ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးညွှန့်ဖေနှင့် မြို့နယ်ကော် မတီဝင်များ၊ သင်တန်းသားသင် တန်းသူများ တက်ရောက်ကြ သည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲအခမ်းအနားသို့တက်ရောက်

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ယ​နေ့ ၀၉ :၀၀ နာရီတွင်မ​ကွေးမြို့နယ်​ ​ရွှေ​ကျော်​ကျေးရွာ၌ ကျင်းပပြုလုပ်​ခဲ့သော ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားသို့         တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် မ​ကွေးတိုင်း​ဒေသကြီးပါတီ ဥက္ကဌဒေါက်​တာ​မောင်​​မောင်​​ဌေး၊ တိုင်းပါတီအတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်၊ တိုင်းဘဏ္ဍာ​ရေးမှူး ဦးကြည်​ထွန်း တိုင်းစည်းရုံး​ရေးတာဝန်​ခံ ဦးဟန်​​မောင်​၊ ဦး​စောဝင်း​မောင်​၊ မ​ကွေးခရိုင်​ပါတီဥက္ကဌ ဦးထွန်းရှိန်​နှင့့် ခရို​င်​​ကော်​မတီဝင်​များ၊မ​ကွေးမြို့နယ်​ပါတီဥက္ကဌ ဦး​အောင်​သိန်း​ကျော်​၊အတွင်း​ရေးမှူး ဦးတင်​မျိုး​ဇော်​နှင့်​ ​​ကော်​မတီဝင်​များပါတီဝင်​များ တက်​​ရောက်​ခဲ့ကြပြီး ပါတီဝင်​အဆိုပြုလွှာ(၁၄၉)​စောင်​နှင့်​ ပါတီဝင်​​ကြေး(၁၄၉၀၀၀ိ/_) ​ပေးအပ်​ခဲ့ကြပါ​သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်သည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ခရိုင် ကန်ကြီးထောင့်မြို့နယ်        ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအတွင်းရေးမှူး ဦးချစ်လွင်နှင့် ရပ်/ကျေးပါတီဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်နှင့် ညီအစ်ကိုမောင်နှမ မိသားစုများ လိုက်ပါလျက် ယမန်နေ့       နံနက် ၁ဝ နာရီတွင် ဆပ်ကွင်းကျေးရွာ ကုစ္ဆာ သယမဟာဓမ္မပါလကျောင်းတိုက် သို့ရောက်ရှိပြီး ကျောင်းတိုက်ကြီး ၏ဦးစီးပဓာနနာယက သက်တော် ရှည်ဆရာတော်ကြီး ဦးဥတ္တမသာရ အား သွားရောက်ဖူးမြော်ကြည်ညို သည်။

(၇၁)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပေးပို့သည့်သဝဏ်လွှာ


မြင်းခြံပြည်ခိုင်ဖြိုးပါတီမှ ဆွမ်းဆန်စိမ်းလောင်းလှူ

 

(၃၁-၁-၂၀၁၈)ရက်​​နေ့ နံနက်​ပိုင်းတွင် မြင်းခြံမြို့ ဆန္ဒ​တော်​ပြည့်ဘုရားအတွင်းပြုလုပ်​​သော (၁၅)ကြိမ်မြောက် သံဃာ့ဒါနဆွမ်းသပိတ်လုံးလောင်းလှူပွဲတွင်​ ကြွ​ရောက်​​တော်​မူ​သော သံဃာ​တော်​အပါး(၁၉၀၀)​ကျော်တို့ အနက်​မှ သံဃာ​တော်​ အပါး(၅၀)အား မြင်းခြံမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မိသားစုမှ ဆွမ်းသပိတ်လုံးများ လောင်းလှူခဲ့ကြပါသည်။ ဆွမ်းသပိတ်လုံး      လောင်းလှူပွဲသို့မြင်းခြံခရိုင်မှပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီအမာခံများတက်​​ရောက်​ခဲ့ကြပြီး သံဃာ​တော်​တစ်​ပါးလျှင်​​ ​ငွေကျပ်​(၁၅၀၀၀ိ/-)ခန့်​တန်​ဖိုးရှိ        လှူဖွယ်​ပစ္စည်းနှ​င့်​​ငွေသားများလှူဒါန်းခဲ့ပြီး သံဃာ​တော်​အပါး(၅၀)ခန်​အတွက်​ စုစု​ပေါင်း(၇၅၀၀၀၀ိ/-)ခန့်​လှူဒါန်းခဲ့​ပါသည်​။