ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒက္ခိဏသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီအားဂုဏ်ပြုဆုချီးမြှင့်

 

ပြည်ထောင်စုနယ်မြေ ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးဝေလွင်က ပြည် ထောင်စုနယ်မြေအတွင်းရှိ ပြည်ခိုင် ဖြိုး မြို့နယ်ပါတီများတွင် ပါတီဝင် နှစ်စဉ်ကြေးအများဆုံး ကောက်ခံ ရရှိပေးသော ဒက္ခိဏသီရိမြို့နယ် ပါတီအား ဂုဏ်ပြုဆုငွေ ခြောက် သိန်း ပေးအပ်ချီးမြှင့်ခဲ့သည်။

ဒက္ခိဏသီရိမြို့နယ်ပြည်ခိုင်ဖြိုး ပါတီသည် နေပြည်တော်အတွင်း ရှိ အခြားမြို့နယ် ပြည်ခိုင်ဖြိုး ပါတီများထက် ပိုမို၍ ပါတီဝင် နှစ်စဉ်ကြေးကောက်ခံ၍ ပြည်ခိုင် ဖြိုးပါတီဌာနချုပ်သို့ ပေးသွင်းနိုင် သဖြင့် ဦးဝေလွင်က ဂုဏ်ပြုဆု ချီးမြှင့်ခြင်းဖြစ်ကြောင်းသိရသည်။

မိုးကောင်းပြည်ခိုင်ဖြိုးပါတီမှ အခြေခံစက်ချုပ်သင်တန်းဖွင့်

 

မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူး၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ် သင်ကြားနေမှုကို ဖေဖော်ဝါရီ ၂၁ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝင်းအောင်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင်ဦးဝဏ္ဏမောင်လွင်၏၁၃-၂-၁၈ ရက်နေ့မှ၁၆-၂-၁၈ ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီး ခရီးစဉ်အတွင်းပါတီဝင်များနှင့်တွေ့ဆုံဆွေးနွေးမှုများမှကောက်နှုတ်ချက်များ

 

၁ ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ရည်မှန်းချက်၊ယုံကြည်ချက်နှင့်အမျိုးသားရေးမူဝါဒများကိုယုံကြည်သက်ဝင်စွာဖြင့် ကျေးရွာလုံးကျွတ်လည်းကောင်း၊အင်အားအလုံးအရင်းဖြင့်လည်းကောင်း ပါတီသို့အဆိုပြုဝင်ရောက်လာသောပါတီဝင်သစ်များအားလှိုက်လှဲဂုဏ်ယူစွာကြိုဆိုပါသည် ။ပါတီဝင်များ၏ ခိုင်မာသောယုံကြည်ချက်၊ ကြံ့ခိုင်သောစိတ်ဓာတ်၊ အမျိုးသားရေးဇာတိမာန် တို့ကို လှိုက်လှဲစွာဂုဏ်ပြုမှတ်တမ်းတင်ပါသည်။
၂ ။ တည်ငြိမ်အေးချမ်းစည်းလုံးညီညွတ်သောဒီမိုကရေစီပြည်ထောင်စုကြီးထူထောင်ရေးအတွက်တိုင်းရင်းသား ပြည်သူတရပ်လုံးနှင့်အတူလက်တွဲဆောင်ရွက်သွားမည်။
၃ ။ ပြည်ထောင်စုမပြိုကွဲရေး ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး ၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကိုအမျိုးသားရေးတာဝန်အဖြစ်ပြည်သူလူထုနှင့်အတူလက်တွဲကာကွယ်သွားမည်။
၎ ။ ပြည်၊ခိုင်၊ဖြိုး ပါတီ ဝင်များ အဆင့်ဆင့်သော ခေါင်းဆောင်များသည်ပြည်သူလူထုနှင့်တသားတည်းရှိ ပြီးရိုးသားဖြောင့်မတ်မှု ၊အကျင့်စာရိတ္တကောင်းမွန်မှု၊သမာအာဇီဝကျသောလုပ်ကိုင်နေထိုင်မှု၊အများအကျိုးဆောင်မှုတို့ဖြင့်ပြည်သူတို့ကယုံကြည်အားကိုးထိုက်သူများဖြစ်ရမည်။
၅ ။ ပြည်သူတို့ယနေ့ကြုံတွေ့နေရသည့်လူမှုစီးပွားရေးအကြပ်အတည်းများ၊တရားဥပဒေစိုးမိုးမှုပျက်ပြားလာခြင်းများ၊ အုပ်ချုပ်မှုဆိုင်ရာလွဲမှားမှုများကိုပြုပြင်တည့်မတ်ထိန်းကြောင်းပေးရမည့်အချိန်ကျရောက် နေပြီဖြစ်သည်။
၆ ။ ပြည်သူလူထုကရွေးချယ်တင်မြှောက်တာဝန်ပေးအပ်ထားခြင်းသည် ပြည်သူလူထုအပေါ်မောက်မာအာဏာပြအနိုင်ကျင့်ရန်မဟုတ်ပြည်သူကိုအလုပ် အကြွေးပြုရန်သာဖြစ်သည် ။

တန့်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်/ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌတာဝန် ပေးအပ်ပွဲ ကျင်းပပြုလုပ်

 

၂၂.၂.၂၀၁၈ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်/ ကျေးရွာအုပ်စု ပါတီဥက္ကဌတာဝန် ပေးအပ်ပွဲ ကိုတန့်ဆည်မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းပါတီဥက္ကဌဒေါက်တာမြင့်သိန်း|တိုင်းပါတီကော်မတီဝင် ခရိုင်တာဝန်ခံ ဦးသန်းဝင်းထွန်း |ရွှေဘိုခရိုင်ပါတီဥက္ကဌ ဦးစိုးအေး |ခရိုင်ပါတီကော်မတီဝင် ဦးချစ်သန်း|တန့်ဆည်မြို့နယ် ပါတီဥက္ကဌ ဒေါ်က်တာကျော်ကျော်ဦးနှင့်မြို့နယ်ပါတီကော်မတီဝင်များ| ရပ်/ကျေးပါတီ ဥက္ကဌများ စုစုပေါင်း အင်အား(၇၀)တို့တက်ရောက်ခဲ့ကြပါသည်။

သာကေတပြည်ခိုင်ဖြိုး ရပ်ကွက်ပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ပွဲ ဗဟိုကော်မတီဝင်တက်ရောက်

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် သာကေတမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီ ကော်မတီရုံးတွင် ယနေ့မွန်းလွဲ ၃နာရီက ရပ်ကွက်ပါတီကော်မတီဥက္ကဋ္ဌများ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါတာဝန်ပေးအပ်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ရန်ကုန်တိုင်း ဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်း၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်အေးအေးမြင့်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့်ခရိုင်ကော်မတီဝင်များ၊မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဖေနှင့် ကော်မတီ ဝင်များနှင့် ရပ်ကွက်ပါတီဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ်ပုံမှန် အစည်းအဝေး

 

လွိုင်ကော်၊ ဖေဖော်ဝါရီ ၂၂

ယနေ့ ၂၂-၂-၂၀၁၈ ရက်နေ့ နံနက်(၁၀း၃၀)နာရီမှ နေ့လည်(၁၂း၁၅)နာရီ အချိန် အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အပတ်စဉ် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေး ခန်းတွင် ကျင်းပပြုလုပ်ပါသည်။

ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်းနှင့်အဖွဲ့ ကျန်းမာရေးကုသမှုခံယူနေသော ချိကယ်ဆရာတော်အား သွားရောက်ဖူးမြော်လှူဒါန်းခြင်း

 

လွိုင်ကော်၊ ဖေဖော်ဝါရီ ၂၁

၂၁-၂-၂၀၁၈ ရက်နေ့ နေ့လည်(၂း၀၀)နာရီ အချိန် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းနှင့်အဖွဲ့ သည် လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဆေးဝါးကုသ ခံယူနေသော ချိကယ်ဆရာတော် ဦးကလျာဏအား သွားရောက်ကြည့်ရှု ကာ ဆေးဝါးကုသခံယူရန်အတွက် အလှူငွေ (၆၅၀၀၀ိ/-)ကျပ် ပေးအပ်လှူဒါန်းခဲ့ ပါသည်။

မြောက်ဥက္ကလာပြည်ခိုင်ဖြိုး မြို့နယ်ပါတီကော်မတီများ နယ်မြေကွင်းဆင်း

 

ရန်ကုန် ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်မြင့် လမ်းညွန်မူ့ဖြင့် မြို့နယ်ပါတီကော်မတီများမှ နယ်မြေတာဝန်ခံအလိုက် ကွင်းဆင်းဆောင်ရွက်ခြင်း လုပ်ငန်းအား ယနေ့ မနက် (၉)နာရီတွင်မြို့နယ်ပါတီကော်မတီဝင် ဦးမျိုးဝင်း၊ ဦးအောင်ဝင်း၊ ဦးကျော်မင်း ၊ နယ်မြေခွဲတာဝန်ခံ ဦးအေးမင်းဇော်၊ စည်းရုံးတာဝန်ခံ ဦးသန်းဦးတို့မှ ပါတီဝင်အင်အားတိုး ရရှိရေးအတွက် ပါတီတွင်းကျစ်လစ်ခိုင်မာရေးပါတီဝင် နှစ်စဉ်ကြေးကောက်ခံရေးတို့အတွက်(စ)ရပ်ကွက်ပါတီကော်မတီများနင့် တွေ့ဆုံ၍ မနက်(၁၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မှ နှစ်(၇၀)ပြည့် ချင်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ


မိတ္ထီလာပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမူ (ဆင့်ပွား)သင်တန်း ဖွင့်ပွဲအခမ်းအနားပြုလုပ်

 

(၂၂.၂.၂၀၁၈)ရက်နေ့ မိတ္ထီလာခရိုင် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား)သင်တန်း ဖွင့်ပွဲ အခမ်းအနားကို နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ဖွင့်လှစ်ခဲ့ပြီး မန္တလေးတိုင်းပါတီ အတွင်းရေးမှူး အဘဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်ပြီး မိတ္ထီလာခရိုင်ပါတီဥက္ကဌ ဦးထွန်းထွန်းဦးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ခရိုင်နှင့် ခရိုင်အတွင်းရှိ (၄)မြို့နယ်နယ်မှ ဥက္ကဌ၊ အတွင်းရေးမှူး၊ ၊မြို့နယ်ကော်မတီဝင်များ တက်ရောက် အားပေးခဲ့သည်။