ပွင့်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သွပ်အချပ်(၈၀) လှူဒါန်း

 

လေပြင်းတိုက်ခတ်မှုကြောင့် အမိုးများပျက်ဆီးသွားသော ပွင့်​ဖြူမြို့နယ်​၊ ဆင်​လူး​ကျေးရွာအ​ခြေခံပညာအလယ်​တန်း​ကျောင်းဆောင် ပြန်လည်ပြုပြင်နိုင်ရေး အတွက် ပြည်​ခိုင်​ဖြိုးပါတီမှ ​အမိုးသွပ်အချပ်(၈၀)​ပေးအပ်​လှူဒါန်းခဲ့သည်။

USDP, Magway Region


ယဉ်​​ကျေးလိမ္မာသင်​တန်း တတ်​​ရောက်​​သင်​ကြား​နေ​သော ကလေးများအား အာဟာရအ​နေဖြင့်​ဒါနပြုခြင်း

 

ကရင်​ပြည်​နယ်​ ကြာအင်းဆိပ်​ကြီးမြို့နယ်​ ဘုရားသုံးဆူမြို့ အထက်​တန်း​ကျောင်း၌ သာသနာ့ဝံသပါလအသင်းကြီးမှ ဦး​ဆောင်​ဖွင့်​လှစ်​​သော (၆) ကြိမ်​​မြောက်​ ယဉ်​​ကျေးလိမ္မာသင်​တန်းအား တတ်​​ရောက်​သင်​ကြား​နေ​သော က​လေးငယ်​များအား ဘုရားသုံးဆူမြို့ပြည်​ခိုင်ဖြိုးပါတီမိသားစုများမှ စု​ပေါင်း၍ အာဟာရ
အ​နေဖြင့်​.နို့ဗူးနှင့်​မုန့်​များအား သွား​ရောက်​ဒါနပြုခဲ့​ကြပါသည်​။

‎Yekya Thu


ကယားပြည်ခိုင်ဖြိုးပါတီမှ ပါတီလုပ်ငန်းစဉ်များအား အပြန်အလှန်တွေ့ဆုံဆွေးနွေး

 

(၈-၅-၂၀၁၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီမှ နေ့လည် (၁၂း၀၀)နာရီ အချိန်အထိ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်း တွင် ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းဦးဆောင်သော ပြည်နယ်ပါတီအဖွဲ့နှင့် ကရင်နီပြည် အမျိုးသမီးများကွန်ယက်(KSWN) အဖွဲ့တို့ တွေ့ဆုံကာ ပါတီတွင်းလုပ်ဆောင်နေသော လုပ်ငန်းစဉ်များ အပြန်အလှန်မျှဝေ ဖလှယ်ကာ တွေ့ဆုံမှုတစ်ခု ရင်းနှီးပွင့်လင်းစွာ ကျင်းပပြုလုပ်ကြောင်း သတင်းရရှိသည်။

ရေတာရှည်ပြည်ခိုင်ဖြိုးပါတီမှ လပတ်အစည်းအဝေးပြုလုပ်

 

(8-5-2018) ရက်နေ့ နံနက်တွင် ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်ရာ တိုင်းကော်မတီ ဒေါ်သိမ့်သိမ့်အောင်က ပါတီစည်းရုံးရေးလုပ်ငန်းများ ဆွေးနွေးညှိနှိုင်း ခဲ့ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းမြင့်ထွန်းက တိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များ ရှင်းလင်းခြင်း နှင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ စည်းရုံးရေးမှူးများအား ဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲ ပြုလုပ်ရေး တို့အတွက် အတွင်းရေးမှူး ဦးစိုးသီဟ ၊ ဘဏ္ဍာရေးမှူး ဦးမြင့်ဌေးနှင့် ကော်မတီဝင်များက ဆွေးနွေးညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ကြပြီး ဘဏ္ဍာရေးမှူး ဦးမြင့်ဌေး+ဒေါ်ခင်လေးဖြူ မိသားစုတို့က ရွှေကသစ် ရေခဲမုန့်ဖြင့် ဧည့်ခံကျွေးမွေး ခဲ့ပါသည်။

ကြက်ခြေနီအသင်းခွဲအတွက်ငွေလှူဒါန်း

 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စား မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဦးထွန်း ထွန်းအောင်က မြို့နယ်ကြက်ခြေနီ အသင်းခွဲအတွက် အလှူငွေများကို မေ ၆ရက် နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံ ပေးအပ်လှူဒါန်းစဉ်။

ဝင်းအောင်(မိုးကောင်း)


ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ အိမ်တွင်းလက်မှုပညာသင်တန်းအမှတ်စဉ်(၃/၂ဝ၁၈)ဖွင့်လှစ်

 

ကချင်ပြည်နယ် ဖားကန့်မြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာ အဖွဲ့ကကြီးမှူး၍ အိမ်တွင်းလက်မှု ပညာသင်တန်းအမှတ်စဉ်(၃/၂ဝ၁၈) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက လီဒိုလမ်းဘေးနယ်မြေဒွန်ဘန်ကျေး ရွာအုပ်စုပါတီရုံး၌ ကျင်းပသည်။

`တိုင်းရင်းသားထက် ဘင်္ဂလီများအား ဦးစားပေးခြင်းကို ကန့်ကွက်ရှုတ်ချခြင်း`ခေါင်းစဉ်နဲ့ ပျဉ်းမနားမှာ ပြည်ခိုင်ဖြိုး ပါတီက ရှုတ်ချပွဲ ပြုလုပ်”

နေပြည်တော်၊ မေလ(၇)ရက်။

ပျဉ်းမနားမြို့နယ်မှာ ပြည်ခိုင်ဖြိုးတီက ဦးဆောင်ပြုလုပ်တဲ့ `တိုင်းရင်းသားထက် ဘင်္ဂလီများအား ဦးစားပေးခြင်းကို ကန့်ကွက်ရှုတ်ချခြင်းပွဲကို သည်ကနေ့နံနက် ပျဉ်းမနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးဝန်းထဲမှာ ပြုလုပ်ခဲ့ပါတယ်။

` မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဘင်္ဂလီတွေပေါ့နော် နိုင်ငံခြားက ပြန်ဝင်လာတော့မယ့် ထွက်ပြေးသွားပြီး ပြန်ဝင်လာတော့မယ့် ဘင်္ဂလီတွေကို တိုင်းရင်းသားတွေနဲ့ တန်းတူအခွင့်အရေးမပေးဖို့ကိစ္စတွေ ကျွန်မတို့ ပါတီကနေပြီးတော့ နိုင်ငံတော်အစိုးရကို တောင်ဆိုရင်းနဲ့ အဲလိုလုပ်ရပ်မျိုးတွေ ရှိလာခဲ့လို့ ရှိရင်လည်း ရှုတ်ချခြင်း တရားဝင်ပြောကြာခြင်းဖြစ်ပါတယ်`လို့  ပြည်ခိုင်ဖြိုးပါတီ၊ ပျဉ်းမနားမြို့နယ်ဥက္ကဌ ဒေါ်ဝင်းဝင်းသီက ပြောပါတယ်။

ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲ ကျင်းပ

 ပေါင်၊ မေ ၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကျေးပါတီဥက္ကဋ္ဌတာဝန် ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မေလ ၇ ရက်နေ့ နံနက် ၁၁ နာရီတွင် မြို့နယ်ပြည်ခိုင်ဖြိုးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရပ်ကွက်နှင့်ကျေးရွာ ပါတီစည်းရုံးရေးမှူးများအား ဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲသို့ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း (ဗဟိုအလုပ်အမှုဆောင်) တက်ရောက်ကာ လမ်းညွှန်အမှာစကားပြောကြားသည်။