၁၃၈၀ပြည့်နှစ်၊ နယုန်လဆန်း (၁၁) ရက်
၂၀၁၈ ခုနှစ်၊ မေလ (၂၅) ရက်
ခရိုင် / မြို့နယ် အမှုဆောင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
ပုဏ္ဏားကျွန်း၊ မေလ ၂၄
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပုဏ္ဏားကျွန်းမြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ပြုလုပ်ခဲ့ကြသည်။
အဆိုပါအစည်းအဝေး၌ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်စိုးဝင်း မှာအဖွင့်အမှာစကားပြောကြားရာ မြို့နယ်ပါတီကော်မတီ များ ယခုကဲ့သို့ စုံစုံညီညီ တက်ရောက်လာကြသည့်ကို ကျေးဇူးတင်ရှိကြောင်း ယခုအစည်းအဝေးပြုလုပ်ရခြင်း သည် ပြည်နယ် / ခရိုင် တို့မှ မြို့နယ်တွင်းရှိ ကျေးရွာများ၌ ရွာလုံးကျွတ် ပါတီဝင်ကဒ် ထုတ်ပေးနိုင်ရေးအတွက် ရရှိနိုင်မည့် ကျေးရွာအခြေအနေများအား သိရှိနိုင်ရေးကိစ္စများနှင့် ရှင်းလင်းပြောကြားခဲ့သည်။
တောင်ကုတ်မြို့နယ် ကမ်းဒေကျေးရွာမှ ကျေးရွာသားတစ်ရာကျော် ပြည်ခိုင်ဖြိုးပါတီသို့ ၀င်ရောက်
တောင်ကုတ်၊ မေ ၂၄
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၊ ကမ်းဒေကျေးရွာမှ ကျေးရွာသား ၁၀၃ ဦးမှာ ပြည်ခိုင်ဖြိုးပါတီသို့ ၀င်ရောက် လာကြရာ အဆိုပါကျေးရွာ မိုးကုတ်ဝိပဿနာကျောင်း ဓမ္မာရုံအတွင်း ယမန်နေ့ မွန်းတည့် ၁၂ နာရီက ပါတီဝင် စုပေါင်းအဆိုပြုလွှာ ပေးအပ်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့သည်။
ရေဖြူမြို့နယ် ပရဒတ်ကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီဝင် အဆိုပြုလွှာစုပေါင်းပေးအပ်
ရေဖြူ ၊ မေ ၂၄
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသ ပရဒတ်ကျေးရွာတွင် ယမန်နေ့နံနက် ၈ နာရီက ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့သည်။
အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကို နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုကာ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသန်းအောင်က အဖွင့် အမှာစကားပြောကြားပြီး ပါတီဝင်အဆိုပြုလွှာများကို နဘုလယ်ဒေသကျေးရွာသုံးရွာမှ ကိုယ်စားပြုပေးအပ်ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးနိုင်ဦးက လက်ခံရယူကာ အဆိုပြုလွှာပေးအပ်ပွဲကို နံနက် ၉ နာရီ ၁၅ မိနစ်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲနှင့် တွေ့ဆုံပွဲကျင်းပ
မအူပင်၊ မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ကြီးမှူးကျင်းပ သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံ (၂ဝ၁၈) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပါတီဝင် အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မအူပင်မြို့နယ် ကျောင်းရွာ ကျေးရွာအုပ်စု ကျောင်းရွာစံပြကျေးရွာ ရွှေသိမ်တော်သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး လူငယ်ညီလာခံကိုယ်စား လှယ်များနှင့် တွေ့ဆုံ
ရန်ကုန်၊ မေ ၂၄
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက ပြည်ခိုင်ဖြိုးပါတီလူငယ် ညီလာခံသို့ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု တက်ရောက်ကြမည့် လူငယ်ညီလာခံကိုယ်စားလှယ်များကို ယမန်နေ့မွန်းတည့် ၁၂ နာရီက ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီရုံးတွင် တွေ့ဆုံ၍ သြဝါဒစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးခင်မောင်စိုး၊ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး အတွင်းရေးမှူးဦးသာဝင်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ လူငယ်ညီလာခံသို့ တက်ရောက်ကြမည့် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု လူငယ်ပါတီဝင်များ တက်ရောက်ကြသည်။
ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပုဗ္ဗသီရိမြို့နယ် ပါတီဝင်များနှင့် သွားရောက်တွေ့ဆုံ
နေပြည်တော်၊ မေ ၂၄
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်က ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဇွန်ဆိပ်ကျေးရွာအုပ်စု ကန်ဇွန်းအင်းကျေးရွာရှိ ဦးကျော်မိုးနိုင် (ပါတီဝင်) နေအိမ်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကန်ဇွန်းအင်းကျေးရွာ၊ ပုဇွန်ဆိပ်ကျေးရွာ၊ သံပုရာကုန်းကျေးရွာ၊ သူဌေးကုန်းကျေးရွာမှ ပါတီဝင်များနှင့် တွေ့ဆုံပွဲကျင်းပခဲ့သည်။
” အမျိုးကို ဖျက်မည့်ပါတီ တိုင်းပြည်ကို တိုင်းတစ်ပါးလက်ထဲ ဝကွက်အပ်မည့်ပါတီသည် ပြည်ခိုင်ဖြိုးပါတီမဟုတ်” ဟု ပါတီဥက္ကဋ္ဌမှ ပြောကြား
* ဗုဒ္ဓဘာသာ မြန်မာလူမျိုးဖြစ်၍ ကံကို ယုံကြည်ကြောင်း၊ ကံဆိုသည်မှာ အလုပ်ဖြစ်၍ မိမိတို့ ပြည်ခိုင်ဖြိုးပါတီ သည် အစိုးရလက်ထက် ငါးနှစ်အတွင်း ဆောင်ရွက်ခဲ့သည်များကို အနှစ်ချုပ်ပါက နိုင်ငံတော်နှင့် နိုင်ငံအကျိုး ဆောင်ရွက်ခဲ့။
* ဒီပါတီဟာ အမျိုးကိုဖျက်မယ့် ပါတီမဟုတ်ဘူး။ တိုင်းပြည်ကို တိုင်းတစ်ပါးသားလက်ထဲ ၀ကွက်အပ်မယ့် ပါတီ မဟုတ်ဘူး။ ဘယ်နိုင်ငံခြားသားကိုမှ ဆရာတင်မယ့် ပါတီ မဟုတ်ဘူး။ ကျွန်တော်တို့ ပါတီ အတိတ်သမိုင်းကြောင်း ကို သံသယမရှိတဲ့ လူများ ယနေ့ ကျွန်တော်တို့ပါတီကို ၀င်ရောက်လာတယ်လို့ ဒီလိုပဲယုံကြည်ပါတယ်”
ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး
လွိုင်ကော်၊ မေလ ၂၄
ယနေ့ ၂၄ – ၅ – ၂၀၁၈ ရက်နေ့ နံနက် (၁၀း၁၅) နာရီမှ (၁၁း၅၀) နာရီအချိန်အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အပတ်စဉ်ပုံမှန် လုပ်ငန်းညှီနှိုင်းအစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ပါသည်။
မော်လမြိုင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ အခမ်းအနားပြုလုပ်
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားကို မေလ ၂၄ ရက်နေ့ နံနက် (၁၁) နာရီချိန်တွင် ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် နိုင်ငံတော်အလံအား အလေးပြုကြပြီး၊ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုကာ ဖွင့်လှစ်ခဲ့ သည်။ ယင်းနောက် သဘာပတိ မော်လမြိုင်ခရိုင်ဥက္ကဋ္ဌ ဦးစိုးထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ် (၆) မြို့နယ်မှ ပါတီဝင်များမှ မြို့နယ်အလိုက် ပါတီဝင်အဆိုပြုလွှာနှင့် ပါတီဝင်ကြေးများ ပေးအပ်ခဲ့သည်။