ပြည်ခိုင်ဖြိုးပါတီ မကွေးခရိုင် ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ မ​ကွေးခရိုင်​ ပါတီ​ကော်​မတီဝင်​များ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေးကို ၈.၆.၂၀၁၈ ရက်နေ့ ၁၀း၀၀ နာရီအချိန်တွင်​ တိုင်းအစည်းအ​ဝေးခန်းမ၌ ပြုလုပ်​ခဲ့ရာ မ​ကွေးတိုင်း​ဒေသကြီး ပါတီအတွင်း​ရေးမှူး ဦးဆန်းညွန့်​​အောင်၊ မ​ကွေးခရိုင်​ပါတီဥက္ကဌ ဦးထွန်းရှိန်​နှင့်​ ခရိုင်​ပါတီ​ကော်​မတီဝင်​များ တက်​​ရောက်​ခဲ့ကြပြီး မျက်​​မှောက်​နိုင်​ငံ​ရေးအ​ခြေအ​နေများ၊ ပါတီဌာနချုပ်​နှင့် တိုင်း​ဒေသကြီးပါတီ၏ လုပ်​ငန်း‌လမ်းညွှန်​မှုများ၊ ပါတီဝင်​အင်​အားစိစစ်​ခြင်းဆိုင်​ရာများ၊ နယ်​​မြေအလိုက်​ လှုပ်​ရှား​ဆောင်​ရွက်​​နေမှုများ၊ လုပ်​ငန်းအ​တွေ့အကြုံများအား ​ဆွေး​နွေးညှိနှိုင်းကြပြီး ဆုံးဖြတ်​ချက်​များ ချမှတ်​ကြကာ ၁၂း ၁၀ နာရီတွင်​ ပြီး​မြောက်​ခဲ့ပါသည်​ ။

ပြည်​ခိုင်​ဖြိုးပါတီဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေး ​ညောင်​ဦးမြို့နယ်​ လက်​ဝဲရြွာ ပည်​သူလူထုနှင့်​​တွေ့ဆုံ

 

ပြည်​ခိုင်​ဖြိုးပါတီဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေးသည်​ (၈.၆.၂၀၁၈) ရက်​​နေ့ နံနက် ​(၀၉း၃၀) အချိန်​တွင်​ ​ညောင်​ဦးမြို့နယ်​၊ တူရွင်းတိုင်​အုပ်​စု၊ လက်​ဝဲရွာ​၌ လက်​ဝဲရွာ၊ ဖိုးနီကန်​ရွာ၊ ​ညောင်​တိုရွာ၊ ကံနီ​ကောက်​ရွာ၊ ​ကျောက်​ကန်​ရွာ၊ ​တောင်​ပုံဝရွာ၊ မကျီးတန်းရွာ၊ တူရွင်းတိုင်​ရွာတို့မှ ပြည်​သူလူထုအင်​အား (၁၅၀)​ကျော်​ခန့်​နှင့်​ ​တွေ့ဆုံခဲ့ပါသည်​။ အဆိုပါအခမ်းအနားသို့ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီ​ကော်​မတီဝင်​ ဦးသန်း​ဌေးနှင့် ​ဦး​ကျော်​စန်း၊ ​ညောင်​ဦးခရိုင်​ပါတီဥက္ကဌ ဦးညွန့်​ဝင်းနှင့် ခရိုင်​​ကော်​မတီဝင်​များ၊ ​ညောင်​ဦးမြို့နယ်​ပါတီဥက္ကဌ ​ဦးအောင်​​ဌေးနှင့် ​ကော်​မတီဝင်​များ၊ ​ကျောက်​ပန်း​တောင်းမြို့နယ်​ပါတီဥက္ကဌ ဦးဝင်းမြင့်နှင့် ကော်​မတီဝင်​များ တက်​​ရောက်​ခဲ့ကြပါသည်​။

လသာမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သုံးကြိမ်မြောက်ပါတီနှစ်ပါတ်လည်အထိမ်းအမှတ် အာရုံဆွမ်း နေ့ဆွမ်း ဆက်ကပ်လှူဒါန်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏(၈) နှစ်မြောက်နှစ်ပါတ်လည်နေ့အထိမ်းအမှတ်အဖြစ် လသာမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သုံးကြိမ်မြောက်ပါတီနှစ်ပါတ်လည်အထိမ်းအမှတ် အာရုံဆွမ်း နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပွဲကိုဇွန်လ (၈) ရက်နေ့ နံနက် (၁၀) နာရီက ပန်းဘဲတန်းမြို့နယ် မဟာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက်တွင် ကျင်းပသည်။
လသာမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မဟာသိမ်တော်ကြီးစာသင်တိုက်ကြီး၏ ထာဝရပဒေသာပင်အဖြစ် (၃၅) သိန်းကျပ် မတည်လှူဒါန်းထားပြီး နှစ်စဉ်ပါတီနှစ်ပါတ်လည်နေ့တွင် တနေ့တာအာရုံဆွမ်း၊ နေ့ဆွမ်းဒါနအဖြစ် အလှူငွေ (၃၅၀၀၀၀) ကျပ်နှင့် သင်္ကန်းဒွိစုံတို့ကို မဟာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ထံ ဆက်ကပ်လှုဒါန်းခဲ့ကြပြီး ရေစက်သွန်းချအနုမောဒနာတရားနာယူခဲ့ကြကြောင်းသိရှိရသည်။

ပြည်​ခိုင်​ဖြိုးပါတီဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေးနှင့်ဇနီးတို့မှ တုရွင်းတိုင်​အုပ်​စု၊ လက်​ဝဲရွာ​တောရ​ကျောင်း ဓမ္မာရုံတည်​​ဆောက်​ရန်​အတွက်​ အလှူ​ငွေကျပ်​သိန်း (၃၀) လှူဒါန်း

 

ပြည်​ခိုင်​ဖြိုးပါတီဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေးနှင့် ဇ​နီး​ဒေါ်ခင်​မျိုး​ဌေးတို့သည်​ (၈.၆.၂၀၁၈) ရက်​​နေ့ နံနက်​ (၀၈း၃၀) အချိန်တွင် တုရွင်းတိုင်​အုပ်​စု၊ လက်​ဝဲရွာ​တောရ​ကျောင်းဆရာ​တော်​ ဘဒ္ဒန္တနန္ဒအရှင်​သူမြတ်​အား ဖူး​မျှော်​ကန်​​တော့ပြီး ဓမ္မာရုံတည်​​ဆောက်​ရန်​အတွက်​အလှူ​ငွေကျပ်​သိန်း (၃၀) နှင့် လှူဖွယ်​ပစ္စည်းများဆက်​ကပ်​လှူဒါန်းခဲ့ပါသည်​။ အဆိုပါအခမ်းအနားသို့ မန္တ​လေးတိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီ​ကော်​မတီဝင်​ ဦးသန်း​ဌေးနှင့်​ဦး​ကျော်​စန်း၊ ​ညောင်​ဦးခရိုင်​/မြို့နယ်​ ​ပါတီဥက္ကဌနှင့်​​ကော်​မတီအဖွဲ့များ၊ ​ကျောက်​ပန်း​တောင်းမြို့နယ်​ပါတီဥက္ကဌနှင့် ကော်​မတီအဖွဲ့များ တက်​​ရောက်​ခဲ့ကြပါသည်​။

တိုင်းအတွင်းရေးမှူး တိုင်းလူငယ်ရေးရာတာဝန်ခံတို့ တောင်ငူခရိုင် ခြောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်များနှင့်တွေ့ဆုံ

 

ဒေါပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ စာသင်ကျောင်းအတွင်း သန့်ရှင်းရေးလုပ်အားပေး

 

ရန်ကုန် ဇွန် ၇

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌဦးလှမြင့်ဦးဆောင်၍ ပါတီဝင်အင်အား ၂ဝ ဖြင့် ဒေါပုံမြို့နယ် မြို့သစ်ရပ်ကွက် အလက(၂)စာသင်ကျောင်းဝင်း အတွင်းရှိ ချုံနွယ်များနှင့် မြက်ပင်များကို ကျောင်းသားများ အန္တရာယ်ကင်းစွာ စာသင်ကြားနိုင်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက မြက်ရိတ်စက်နှစ်လုံးဖြင့် စုပေါင်းရှင်းလင်း၍ သန့်ရှင်း ရေး ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကျေးရွာအုပ်စုများမှ ပါတီဥက္ကဋ္ဌများနှင့်တွေ့ဆုံ

 

ကျောက်ကြီး ဇွန် ၇

တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌဦးလှဘုန်းနှင့် မြို့နယ်ကော်မတီဝင်များသည် ယခုလ ၅ ရက်တွင် အင်းနက်ကျေးရွာအုပ်စု ကျွဲတလင်းကျေးရွာနှင့် မမရမ်း ကျေးရွာအုပ်စု ထိုက်ထူ၊ စဖျင်ကြီးကျေးရွာများမှ အုပ်စုပါတီဥက္ကဋ္ဌများနှင့် ကျေးရွာပါတီဝင်များအား နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီအထိ တွေ့ဆုံ ခဲ့သည်။

ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီကော်မတီဝင်များ လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်

 

ထီးလင်း၊ ၇.၆.၂၀၁၈

ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီကော်မတီဝင်များ လစဉ်ပုံမှန်အစည်းအဝေး ကျင်းပပြုလုပ်ရာ ဂန့်ဂေါခရိုင်ပါတီဥက္ကဌ ဦးသိန်းဆွေ၊ ခရိုင်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နွဲ့နွဲ့စန်း၊ ခရိုင်လူငယ်တာဝန်ခံ ဦးဇော်ဦး နှင့် ထီးလင်မြို့နယ်ပါတီဥက္ကဌ ဦးခင်မောင်ဌေးနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြပြီး ပါတီလုပ်ငန်း များ စည်းရုံးရေးလုပ်ငန်းများ၊ ပါတီအောင်နိုင်ရေးလုပ်ငန်းများ ပွင့်လင်းစွာ ဆွေးနွေးတင်ပြခြင်း ဆုံးဖြတ်ခြင်းများ ပြုလုပ်ကြပါသည်။ အဆိုပါ လစဉ်ပုံမှန်အစည်းဝေးကို နံနက် ၉ နာရီမှ စတင်ပြီး နေ့လည် ၁၂ နာရီတွင် ပြီးမြောက်ခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူးဦးသန်းထွန်း မော်လမြိုင်ကျွန်း ဘိုကလေးနှင့် ဖျာပုံမြို့နယ်ကော်မတီဝင်များ အရန်ကော်မတီဝင်များနှင့်တွေ့ဆုံ

 

ဖျာပုံ ဇွန် ၇

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ ပါတီနှစ်စဉ်ကြေး ပထမအကြိမ်စုပေါင်းပေးအပ်ခြင်းအခမ်းအနားကျင်းပ

 

မန္တလေး ဇွန် ၇

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ၂ဝ၁၈ ခုနှစ်အတွက် ပါတီနှစ်စဉ်ကြေး ပထမအကြိမ် စုပေါင်းပေးအပ်ခြင်းနှင့် တိုင်းဒေသကြီး ခရိုင်နှင့်မြို့နယ်ပါတီများ လစဉ်ပုံမှန်အစည်းအဝေး အမှတ်စဉ်(၄/၂ဝ၁၈)ကျင်းပခြင်း အခမ်းအနားတို့ကို ယနေ့နံနက် ၉ နာရီခွဲက တိုင်းဒေသကြီးပါတီရုံး အစည်း အဝေးခန်းမတွင် ကျင်းပခဲ့သည်။