မကွေးတိုင်းဒေသကြီး ပွင့်ဖြူ မြို့နယ်တွင်မုန်းချောင်းရေကြီးမှုကြောင့် ကမ်းပါးပြိုကျနိုင်သည့် အန္တရာယ်မှ ကာကွယ်ခြင်းလုပ်ငန်းများကို ပြည်ခိုင် ဖြိုးပါတီဝင်များသည် ရွှေပြည်တော်သို့ ဆုံမှတ်ပရဟိတအဖွဲ့၊ ဒေသခံပြည်သူ များနှင့်အတူ ဆောင်ရွက်လျက်ရှိသည်။
ယခုလ ၂၄ ရက်နေ့မှစ၍ ဆောင် ရွက်ခဲ့ရာ ယနေ့အထိ ဆောင်ရွက်နေဆဲ ဖြစ်ပြီး ကမ်းပါးပြိုကျမှု အရေးပေါ် ကာကွယ်ထိန်းသိမ်းရခြင်း ဖြစ်သည့် အတွက်ငွေကြေးနှင့်လုပ်အားများလိုအပ် လျက်ရှိသည်။



