ကျိုက်လတ် ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက် လတ်မြို့နယ် ပါတီရုံးခန်းမတွင် ယမန်နေ့နံနက် ၁ဝ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ ဦးဉာဏ်လင်း၊ တိုင်း ဒေသကြီးကော်မတီဝင် ဒေါ်စိုးစိုးရီ၊ ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးစန်းမောင်၊ ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင် များနှင့် အရန်ကော်မတီဝင်များ စုစုပေါင်း ၄၅ ဦးနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြို့နယ်အတွင်းရေးမှူး က မြို့နယ်ကော်မတီဝင်၊ အရန်ကော်မတီဝင် များအား နယ်မြေအလိုက်၊ ကဏ္ဍအလိုက်တာဝန် ပေးအပ်ထားမှုအခြေအနေများအား မြေပုံကား ချပ်များဖြင့် ရှင်းပြခြင်း၊ ၂ဝ၂ဝ အောင်နိုင်ရေး အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။