ဖျာပုံ ဇွန် ၇
ဖျာပုံ ဇွန် ၇
မန္တလေး ဇွန် ၇
မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ၂ဝ၁၈ ခုနှစ်အတွက် ပါတီနှစ်စဉ်ကြေး ပထမအကြိမ် စုပေါင်းပေးအပ်ခြင်းနှင့် တိုင်းဒေသကြီး ခရိုင်နှင့်မြို့နယ်ပါတီများ လစဉ်ပုံမှန်အစည်းအဝေး အမှတ်စဉ်(၄/၂ဝ၁၈)ကျင်းပခြင်း အခမ်းအနားတို့ကို ယနေ့နံနက် ၉ နာရီခွဲက တိုင်းဒေသကြီးပါတီရုံး အစည်း အဝေးခန်းမတွင် ကျင်းပခဲ့သည်။
နေပြည်တော် ဇွန် ၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေပါတီရုံးအစည်းအဝေးခန်းမ၌ ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ ခရိုင်နှင့် မြို့နယ်ရှစ်မြို့နယ်မှဥက္ကဋ္ဌများ စုံညီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌဦးဝေလွင်၊ ပြည်ထောင်စုနယ်မြေနာယက ဦးခင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဌေးဝင်း နှင့်ကော်မတီဝင်များ၊ နေပြည်တော်ခရိုင်ပါတီဥက္ကဋ္ဌဦးအောင်နိုင်ဦးနှင့်ကော်မတီဝင်များ၊ မြို့နယ်ရှစ်မြို့နယ်မှ ဥက္ကဋ္ဌများ စုစုပေါင်းအင်အား ၂၅ ဦးတက်ရောက်ခဲ့သည်။
ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီ နှင့် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ဝင်များသည် ဒေသစံတော်ချိန် နံနက်၈နာရီခွဲက ကွမ်ရှီးပြည်နယ် (GuangXi) ကျွမ့်လူမျိုး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ Baise မြို့ Youjiang ခရိုင် Hope Town လွတ်မြောက်အောင်ဆောင်ရွက်နေမှု အခြေအနေများအား ကျေးရွာအုပ် ချုပ်ရေးမှူးက ရှင်းလင်းဆွေးနွေး ခဲ့ရာ ဗဟိုအလုပ်အမှုဆောင်နှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ဝင်များက သိရှိလိုသည်များကိုမေး မြန်းဆွေးနွေးခဲ့ကြသည်။
လွိုင်ကော်၊ ဇွန် ၇
ယနေ့ ၇ – ၆ -၂၀၁၈ ရက်နေ့ နံနက်(၁၀း၀၀)နာရီမှ (၁၂း၃၀)နာရီအချိန်အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ပါသည်။
ယင်းအစည်းအဝေးသို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း (ဗဟိုအလုပ်အမှုဆောင်)၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ဦးလူရယ်ဖိုးလူနှင့် ဦးကိုရယ်၊ ပြည်နယ်ပါတီနာယကများ ဖြစ်ကြသော ဦးတောရယ်နှင့် ဒေါ်စုလေးဖြူ၊ ပြည်နယ်ယာယီ အတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးမော်ရယ်၊ ဦးရဲဝင်း၊ ဦးကျော်သင်း၊ ဦးအောင်နိုင်ဦး၊ ဒေါ်ဗျားမြာမောင်နှင့် ဒေါ်နန်းယဉ်သီတာထွေး၊ လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမောင်ရွှေတို့ တက်ရောက်ကြောင်း သိရှိရသည်။
မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးတင်မျိုးဇော်၊ ဘဏ္ဍာရေးမှူး ဒေါ်စုစုနောင်နှင့် မြို့နယ်ကော်မတီဝင် ဦးတေဇာအောင်၊ ဦးကျော်နိုင်စိုး၊ ဦးဌေးလှိုင်၊ ဦးဝင်းမောင် တို့သည် ကွမ်းအုံးကျေးရွာရှိ ပါတီဝင်များဖြင့် ၇.၆၂၀၁၈ ရက်နေနံနက် (၁၀) နာရီတွင် တွေ့ဆုံ၍ လက်ရှိနိုင်ငံရေးအခြေအနေများ၊ ရှေ့လုပ်ငန်းညှိုနှိုင်းဆွေးနွေမှုများတို့ ပြုလုပ်ခဲ့ပါသည်။
Aung Thut Ta Han’ photo
ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့် ဇနီး ဒေါ်ခင်မျိုးဌေးတို့ သည် (၇.၆.၂၀၁၈) ရက်နေ့ နံနက် (၁၀း၃၀) အချိန်တွင် တာပါယ်ကျေးရွာအုပ်စု၊ သဲတောကန်ရွာဦးကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော် ဦးကုသလအား ဖူးမျှော်ကန်တော့ကာ ရှေးဟောင်းဘုရားကျောင်းဆောင်ပြုပြင်ရန်အတွက် အလှူငွေကျပ်သိန်း (၂၀) နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
Zaw Aung Htet
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီဝင်ဒေါ်တင်မေထွန်း(ရှမ်းရှေ့အမျိုးသမီးရေးရာတာဝန်ခံ)၊ မြို့နယ်ဥက္ကဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်ကော်မတီဝင်များ၊ မကာဟိုခမ်းရပ်ကွက်အမျိုးသမီးရေးရာအဖွဲ့ ဝင်များနှင့်  ပြည်ခိုင်ဖြိုးပါတီရုံးတွင် တွေ့ဆုံ၍ ပါတီအမျိုးသမီးရေးရာအဖွဲ့ လှုပ်ရှားဆောင်ရွက်ရွက်မှုများအား နွေးဆွေးညှိနိုင်းခဲ့ကြပြီး ဒေါ်တင်မေထွန်း၊ မြို့နယ်ဥက္ကဌ၊ မြို့နယ်ကော်မတီဝင်များ၊ လူငယ်အဖွဲ့များ အင်းအား (၂၀) ဦးလိုက်ပါ၍ ယနေ့ (၇.၆.၂၀၁၈) နေ့တွင် မကာဟိုခမ်းရပ်ကွက်နေ အဖွားဒေါ်ပါရှဲန်အသက်( ၉၂) နှစ်၊ အဖွားဒေါ်ခင်သန်း အသက် (၉၂) နှစ်ရှိ အဖွားနှစ်ဦးတို့အား နေအိမ်ရာသို့သွားရောက်ခဲ့ပြီး တစ်ဦးလျင် ကျပ်တစ်သိန်းတန်ဖိုး (စောင်၊ မုန့်၊ အချိုရည်ဗူးနှင့်ငွေသားများအား ပေးအပ်ကန်တော့ခဲ့ကြပြီး မကာဟိုခမ်းရပ်ကွက်မှ အမာခံပါတီဝင်တစ်ဦးဖြစ်သူ လေဖျန်းဝေဒနာခံစားနေရသော
ဦးသန်းနိုင်အား ကြည့်ရှု့၍ အချိုရည်၊ မုန့်များနှင့် ဘတ်ငွေတစ်ထောင်ဘတ်အား ပေးအပ်ပြီး အားပေးနှစ်သိမ့်စကားပြောခဲ့ကြောင်း သိရှိရပါသည် ။
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်နှင့် မြင်းခြံခရိုင် တောင်သာမြို့နယ် ရုံးစည်ကြီးကျေးရွာတို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲအခမ်းအနားကို သက်ဆိုင်ရာနေရာအသီးသီးတွင် ဇွန်လ ၅ ရက်က ကျင်းပခဲ့ရာ ပါတီဝင်သစ်များအဖြစ် အဆိုပြုလွှာတင်ခဲ့ကြသည့် တောင်ဦးကျေးရွာအုပ်စု တောင်ဦးကျေးရွာမှ ဦးသင်းမောင်စိုးနှင့် ရုံးစည်ကြီးကျေးရွာမှ ဦးသောင်းငွေတို့၏ ပါတီဝင်ရောက်ရခြင်းနှင့်ပတ်သက်သည့် ရင်တွင်း စကားသံများကို ဖော်ပြအပ်ပါသည်။